သတင်း

လုံးခင်း တိုက်နယ်ဆေးရုံကြီးရဲ့ အမိုးအကာတွေ ခိုးယူခံနေရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာရှိတဲ့ လုံးခင်းတိုက်နယ်ဆေးရုံကြီးရဲ့ အမိုးအကာတွေနဲ့ ပရိဘောဂပစ္စည်းတွေ ခိုးယူခံနေရလို့ ကုန်သလောက်ဖြစ်နေပြီလို့ လုံးခင်းရွာမှာနေထိုင်သူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းနောက်ပိုင်း ဆရာဝန်တွေနဲ့ သူနာပြုအများအပြား CDM ပြုလုပ်သွားတာကြောင့် ပိတ်ခဲ့ရတဲ့ လုံးခင်းတိုက်နယ်ဆေးရုံကြီးရဲ့ အကာတွေနဲ့ သွပ်အမိုးတွေကို မူးယစ်ဆေးဝါးသမားတွေက ခိုးယူပြီး ရောင်းစားနေတာကြောင့် လက်ရှိအဲ့ ဒီဆေးရုံကြီးဟာလုံးဝပျက်စီးသွားတဲ့ အနေအထားရောက်သွားပြီလို့ လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အဓိကတော့ မူးယစ်ဆေးဝါးသမားတွေများလာတဲ့အကျိုးဆက်ပေါ့ အဲ့မှာကညစောင့်လေးမထားတာကြာပြီလေး အဲ့နောက်တဖြေးဖြေးချင်းနဲ့ခိုးယူနေတာ အခုက ဘာမှမကျန်သလောက်ပဲ ပျက်စီးသွားတာလို့ အထက်ပါ အမျိုးသားကပြောပါတယ်။

တိုက်နယ်ဆေးရုံကြီးဟာ ၂၀၂၁ ခုနှစ်လောက်ကတည်းကပိတ်ခဲ့ရတာဖြစ်ပြီး အစပိုင်းက အစောင့်ထားပေမယ့် ခုနောက်ပိုင်းအစောင့်ထားတာမျိုးမရှိတော့တာကြောင့် မူးယစ်ဆေးဝါးသမားတွေဆေးသုံးဖို့နေရာ အဖြစ်အသုံးပြုလာတဲ့အပြင် ပစ္စည်းတွေကိုပါ ခိုးယူဖျက်ဆီးနေတာလို့ ဒေသခံတွေကဆိုပါတယ်။

အဲ့ဆေးရုံကြီးပေါ့ ပင်မအဆောင်ထဲကဟာတွေကော ဝန်ထမ်းအိမ်ယာတွေကော နောက် ဆေးရုံအဆောင်သီးသန့်တစ်ခုရှိတယ်အဲ့ဒီကတော့ အကုန်ခိုးဖြုတ်နေတာ ဖျက်စီးတဲ့ဟာက ဖျက်ဆီးပေါ့ သူတို့က ညဘက်တွေမှာပဲခိုးတော့လူတွေမသိလိုက်ရဘူးဗျလို့ လုံးခင်းကျေးရွာနေအခြားဒေသခံတစ်ဦးကပြောပါတယ်။

လုံးခင်းတိုက်နယ်ဆေးရုံဟာ လုံးခင်းဂေါက်ကွင်းအနီးမှာရှိတည်ရှိပြီး ကုတင် ၅၀ ကျော် ရှိတဲ့တိုက်နယ်ဆေးရုံကြီးဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ မူးယစ်ဆေးဝါးသမားတွေက တစ်နေ့ထက် တစ်နေ့ ပိုပိုများလာနေတာကြောင့် ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူခြင်းခံနေရသလို ပြည်သူတွေရဲ့နေအိမ်ထဲထိဝင်ရောက်ပြီး ဆိုင်ကယ်ခိုးယူတာနဲ့အခြားတန်းဖိုးကြီးပစ္စည်းတွေ ဖောက်ထွင်းခံနေရတဲ့အပြင် လမ်းသွားလမ်းလာပြုလူပ်တဲ့အရပ်သားတွေလည်းမကြာခန လုယက်သတ်ဖြတ်ခံနေရတာလည်း ဖြစ်ပါတယ်။

Show More

Related Articles

Back to top button