သတင်း

မုန်လိုင်ခက် လေကြောင်းတိုက်ခိုက်ခံရမှုအပေါ်  ရှုံ့ချတဲ့အနေနဲ့ Kill Women & Children စားသားပါ Faccebook Profile ချိန်းခြင်းဖြင့်ပါဝင်ပေးဖို့ KSCM အဖွဲ့က တောင်းဆို

လိုင်ဇာ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုံချတဲ့အနေနဲ့  Kill Women & Children စားသားပါ Faccebook Profile ချိန်းခြင်းဖြင့်ပါဝင်ပေးဖို့ Kachin State Civillian Movement (KSCM ) အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အောက်တိုဘာလ ၉ရက်နေ့မှာ စစ်ကောင်စီရဲ့ လေကြောင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းမှာရှိတဲ့ မိခင်နဲ့ကလေးသူငယ်အပါအဝင် ထိခိုက်သေဆုံးသူ အာလုံး ၈၀ကျော် ရှိလာပြီး စစ်ကောင်စီရဲ့ အခုလို လူမဆန်စွာလိုသတ်ဖြတ်မှုတွေကို ကချင်ပြည်နယ်အဆင့်သာမက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့အတူတူကန့်ကွက်ရှုံ့ချတဲ့ ကန်ပိန်းတွေကို လုပ်ရခြင်းဖြစ်တယ်လို့ Kachin State Civillian Movement (KSCM ) အဖွဲ့က ခုလိုပြောပါတယ်။

အခုလိုကမ်ပိန်းတွေကို လုပ်ဆောင်တာက စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လူတွေပိုသိသွားတယ်။ ပြီးတော့ခုလို စစ်ရာဇဝတ်မှုကျုးလွန်တာကို သက်ဆိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အရေးယူတာမျိုး ဖြစ်လာစေချင်တဲ့အတွက် ခုလိုကမ်ပိန်းတွေကိုလုပ်ရတာဖြစ်တယ်လို့ ပြောပါတယ်။

  ဒီကန်ပိန်းကို အွန်လိုင်းကမ်ပိန်းတွေအပြင် အရပ်ဘက်အဖွဲ့အစည်းတွေအားလုံးနဲ့ တွေ့ဆုံပြီး ပူးပေါင်းတာ ထုတ်ပြန်ချက်ထုတ်တာမျိုးလုပ်ဆောင်မှာဖြစ်သလို မြေပြင်ကနေပြီးတော့လည်းလုပ်ဆောင်သွားမယ့် ကမ်ပိန်းတွေလည်းရှိတယ်လို့ သူက ဆက်လက်ပြောပြပါတယ်။

ဒီအဖွဲ့အစည်းက အဖွဲ့ကိုအစည်းကို အခြေခံပြီး ကိုယ်စားပြုဖို့ ဖွဲ့စည်းထားတာမဟုတ်ဘူး ပြည်သူလူထုရဲ့လှုပ်ရှားမှုတွေကိုဖော်ထုတ်နိုင်အောင် ကျောင်းသားသမ္မဂ္ဂ၊ လူငယ်အဖွဲ့အစည်းနဲ့ အရပ်ဘက်အဖွဲ့အစည်း(CSO)တွေလည်းပါဝင်တယ်လို့ပြောပါတယ်။

Kachin State Civillian Movement (KSCM ) အဖွဲ့ကတော့ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖောဖော်ဝါရီလမှာ တက်ကြွလှုပ်ရှားတဲ့လူငယ်တွေဖွဲ့စည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်းဘဲဖြစ်ပါတယ်။

ဒါကြောင့် နောက်ပိုင်းတွေမှာလည်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပုံစံမျိုးစုံဖြင့် တွန်းလှန်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေ အာလုံးလည်း မုန်လိုင်ခက်မှာဖြစ်ရပ်ကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကူညီဖေးမကြပြီး ခုလိုဖြစ်ရပ်တွေမဖြစ်အောင် စစ်ကောင်စီကိုအတူတကွတားဆီးကြကိုလည်း တိုက်တွန်းပြောဆိုပါတယ်။

အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်ပြီး နိုင်ငံတကာစစ်ဥပဒေကို ကျူးလွန်တဲ့စစ်ကောင်စီရဲ့လုပ်ရပ်ကို ညီနောင်မဟာတပ်ဖွဲ့များ၊ လူအခွင့်အရေးနဲ့ဆိုင်တဲ့ အရပ်ဘက် အဖွဲ့အစည်းများ၊ UN နဲ့ NUGအစိုးရအဖွဲ့အစည်းတွေ ကနေပြီးတော့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ပြင်းထန်စွာရှု့ချကြောင်း အသီးသီးထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။

Show More

Related Articles

Back to top button