သတင်း

စစ်တပ်ရဲ့ သံခွန်မော်တော်ယာဉ် ၂ စီး မင်းလယ်ကျေးရွာအနီးမှာပစ်ခံရပြီး တစ်စီးထိခိုက်ပျက်စီး 

စစ်ကိုင်းဒေသကြီး ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံခွန်မော်တော်ယာဥ် ၂ စီး မင်းလယ်ကျေးရွာအနီးမှာပစ်ခတ်ခံရပြီး တစ်စီးထိခိုက်ပျက်စီးသွားကြောင်း ကသာကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၃ရက်နေ့ မနက် ၁၁ နာရီီီီီီီီီလောက်မှာ စစ်ရိက္ခတွေတင်ပြီး ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြေင်းအတိုင်းဆန်တက်လာနေတဲ့ စစ်ကောင်စီသံခွန်မော်တော်ယာဥ် ၂စီးကို ကသာတိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)ကနေ ရှော့ဒုန်းနဲ့ပစ်ခတ်ခဲ့ရာ တစ်စီးထိခိုက်ပျက်စီးသွားတယ်လို့ ရှေ့တန်းရောက်နေတဲ့ ကသာတိုက်နယ် ပကဖ တာဝန်ရှိတစ်ဦးက KNGကိုပြောပါတယ်။ 

၂ စီးတက်လာတာ တစ်စီးရှော့ဒုန်းမှန်သွားပြီးပျက်စီးသွားတယ်။ လောလောဆယ် သူတို့လူတွေ မင်းလယ်နားမှာတောင်တင်နေတယ်။ ဘယ်လိုဆက်လုပ်မလဲစောင့်ကြည့်နေတုန်းလို့ ပြောပါတယ်။ 

အဲ့ဒီသံခွန်မော်တော် ၂စီးဟာ စစ်သားအင်အား နဲ့ လက်နက်ခဲယမ်းတွေအပြည့်တင်ဆောင်လာတာဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် သံခွန်တစ်စီးပျက်စီးတဲ့အပြင် စစ်သားထိခိုက်တာတွေရှိနေတာကြောင့် လက်တလော မင်းလယ်အနီးမှာ သံခွန်မော်တော်ကိုကမ်းကပ်ထားတယ်လို့ သိရပါတယ်။ 

သူတို့က ကျောက်ကြီးဘက်ကိုတက်လာနေတာ အဲ့ချိန်ပစ်ခံလိုက်ရတာ စစ်သားတွေဘက်ကလည်းပြန်ပစ်တယ် မနည်းဘူး ရမ်းပစ်တာပေါ့ ခုန နာရီဝက်လောက်ထိကိုဆက်တိုက်ရမ်းပစ်နေတာလို့ကသာနယ် ကျောက်ကြီးကျေးရွာဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ 

ဒေသခံတွေပြောပြချက်အရ အဲ့ဒီသံခွန်မော်တော်တွေဟာ ကချင်ပြည်နယ် ဘက်ကိုဆန်တက်လာတာဖြစ်နိုင်ပြီးမနေ့က နိုဝင်ဘာ ၂ရက် နေ့မှာ ထီးချိုင့်နယ်ကနေ ကသာနယ်ထဲဝင်လာတာလို့သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ဘက်ကို လက်နက်ခဲယမ်းနှင့်စစ်သားအင်အားဖြည့်တင်ရာမှာ ဧရာဝတီမြစ်ကြောင်းကိုအဓိက အသုံးပြုလျက်ရှိပြီးအခုလိုတိုက်ခိုက်ခံရမှုလည်းမကြာခဏ ရှိခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button