သတင်းအမြင်

အာဏာသိမ်းခြင်း ၃ နှစ်ပြည့်တဲ့အပေါ် ကချင်ပြည်နယ်က နိုင်ငံရေးလှုပ်ရှားတက်ကြွလှုပ်ရှားတဲ့ လူငယ်တွေရဲ့အမြင်သုံးသပ်ချက်

အာဏာသိမ်းခဲ့တဲ့  နှစ်အတွင်းမှာ လူငယ်တွေရဲ့ မျှော်လင့်ချက်အိပ်မက်တွေ ပျောက်ကွယ်ခဲ့ရသလို လူငယ်တော်တော် များများလည်း တော်လှန်ရေးမှာကဏ္ဍမျိုးစုံကနေ ပါဝင်အားဖြင့်ခဲ့ကြပါတယ်။

၂၀၂၁၊ ဖော်ဖာဝါရီလ ၁ရက်နေ့ အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ဖေဖော်ဝါရီလ ၁ရက်နေ့အထိ စစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အသက်၁၅နှစ်မှ ၃၄နှစ်ထိ လူငယ်အရွယ်၁,၃၆၀ဦးသေဆုံးခဲ့ပြီး ,၉၆၂ဦး ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ Assistance Association for Political Prisoners (Burma) မှာ ရေးသားဖော်ပြထားပါတယ်။

အခုလို သုံးနှစ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေ အပေါ် ကချင်ပြည်နယ်အတွင်းက နိုင်ငံရေးမှာ တက်ကြွလှုပ်ရှားနေကြတဲ့ လူငယ်တွေကတော့ လူလို သုံးသပ်ပြောဆိုထားကြပါတယ်။

Justin (အလုပ်အမှုဆောင်အဖွဲ့၀င်မြစ်ကြီးနားအခြေစိုက်ကျောင်းသားသမဂ္ဂများ-Kachin State Civilian Movement)

အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေအနေနဲ့က မျော်လင့်ချက်မဲ့သွားကြတယ် ပြီးတော့ အခြေအနေအမျိုးမျိုးကို ကျော်ဖြတ်ခဲ့ကြရတယ်  အစပိုင်းကတော့ စစ်ကောင်စီ အာဏာသိမ်းတာကို မကြိုက်လို့ လမ်းပေါ်တက်ပြီး လူငယ်တွေဆန္ဒပြခဲ့ကြတယ်။ နောက်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့လူတွေကို ဖမ်းစီးသတ်ဖြတ်ကြတယ်။

အဲဒီ အတွက်ကြောင့်မို့ လူငယ်တွေလည်း ဆန္ဒပြတာနဲ့ဘဲမလုံလောက်တာကို သိတော့ နောက်တစ်ဆင့် လက်နက်ကိုင်ပြီး ပြန်တော်လှန်ခဲ့ကြတဲ့ သူတွေနဲံ့ CDMလုပ်ပြီးကျောင်းထွက်ခဲ့ကြတဲ့ သူတွေရှိခဲ့သလို မြို့ပေါ်မှာဘဲ ပြန်ပျော်နေကြတဲ့ သူတွေကိုလည်းတွေ့ရတယ်။ အခုလို သုံးနှစ်ဆိုတဲ့ကာလကို ကျော်ဖြတ်ရတာတော့မလွယ်ကူခဲ့ဘူး ဒါပေမယ့်လည်း ကျွန်တော်တို့အနေနဲ့ ပိုပြီးကြိုးစားရမယ်ဆိုတာကိုလည်း ပိုသိမြင်လာတယ်။

လက်နက်ကိုင်ပြီးဒီအတိုင်းတိုက်ခိုက်တာမျိုးဘဲ မဟုတ်ဘဲ နိုင်ငံရေးအရဘယ်လို ပုံစံမျိုးနဲ့ ထိထိမိမိ လူထုနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်အနိုင်ယူရမယ် ဆိုတဲ့ အပိုင်းကိုလည်း လူငယ်တွေအနေနဲ့လည်း တွေးထားရမှာပေါ့ ပြီးတော့ အခုဆို တော်လှန်ရေးအဖွဲ့တွေလည်း မြို့သိမ်းတိုက်ပွဲတွေလည်းဆင်နွဲ့နေကြတယ် အဲဒီအရာတွေကိုလည်း လူငယ်တွေအနေနဲ့ပြင်ဆင်ထားရမယ် ဆက်ပြီးတော့လည်းလူငယ်တွေအနေနဲ့ ပါဝင်ဆောင်ရွက်ရမယ့်အရာတွေလည်း တော်တော်များတယ်ဆိုတာကို လည်း သိထားရမယ်

ခေါန်အောင်(နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ အမျိုးသမီးတစ်ဦး

ဒီသုံးနှစ်အတွင်းမှာတော့ အမျိုးသမီးတွေအနေနဲ့လည်း ခက်ခဲမှုတွေလည်းတော်တော်များမှာဘဲ ကျရှုံးတဲ့အရာတွေလည်းရှိမှာဘဲ ဒီအပေါ်မှာ ကျရှုံးသွားလို့ တွေးနေတာမျိုးမဟုတ်ဘဲ ဆက်ပြီးတော့ ဒီတော်လှန်ရေး အောင်မြင်တဲ့အချိန် ရရှိလာမယ့် အရာတွေကို ရင်ထဲထည့်ထားပြီး အားလုံးဆက်ပြီးကြိုးစားကြရအောင် အာလုံးခက်ခဲနေတာကို သိပေမယ့်လည်း အားလုံးပါဝင်မှဘဲ အောင်မြင်နိုင်မယ့်အရာဖြစ်တဲ့အတွက် ဘက်ပေါင်းစုံကနေ လူကိုယ်တိုင်မပါဝင်နိုင်ရင်တောင် ငွေကြေးအားဖြင့်သော်လည်းကောင်း၊ အကျိုးရှိမယ့် သတင်းပေးတာမျိုးတွေဖြစ်ဖြစ်လူထုလှုပ်ရှားမှုတွေမှာ အားဖြည့် ကူညီပေးတာဖြစ်ဖြစ် အမျိုးမျိုးပါဝင်ပေးဖို့ ပြောချင်ပါတယ်။ စိုးရိမ်ပူပန်မှုတွေနဲ့ ပင်ပန်းနေရင်တောင် ရှေ့တန်းမှာ အသက်ပေးလိုက်ကြတဲ့ သူတွေကို သတိရပြီး အားတင်းပြီးဆက်လက်တိုက်ခိုက်သွားပါစို့လို့ တောင်းဆိုချင်ပါတယ်။

 ခေါင်စိုင်း(နိုင်ငံရေးတက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ လူငယ်တစ်ဦး)

အာဏာသိမ်းတာက အားလုံးအတွက်ဘဲ ဖြစ်ဖြစ် တစ်ဦးချင်းစီအတွက်ဘဲဖြစ်ဖြစ် အခွင့်အရေးတွေ လွတ်လပ်မှုတွေကို လုယူခံလိုက်ကြရတယ်။ လက်နက်အားကိုးပြီး ပြည်သူရွေးချယ်ထားတဲ့ အစိုးရကိုဖြုတ်ချပြီး ကိုယ်ကျိုးအတွက် အာဏာလုယူသွားတဲ့အတွက် ရင်ထဲနာတယ်ပေါ့နော။ 

ဒါပေမယ့်အာဏာသိမ်းတာက ၂၀၂၁ မှမဟုတ်ဘူး ၁၉၆၂ခုနှစ်ကတည်းကနေ အာဏာသိမ်းထား ခေတ်အဆက်ဆက်ဟုတ်ပြီး ပြီးတော့ ခုလိုလုပ်ရက်က အရမ်းကို ရွံရှာစရာကောင်းတယ်လို့လည်းထင်တယ်။ အခုလိုစစ်ကောင်စီရဲ့ လုပ်ရပ်တွေက ကလေးကအစလူကြီးအဆုံး အားလုံးကို ထိခိုက်ပြီး ဒုက္ခရောက်စေတယ်။ ဒါကြောင့် မိုလို့ အာဏာသိမ်းတာလည်းသုံးနှစ်ရှိလာပြီး အားလုံးလည်း စစ်ကောင်စီကို ကျဆုံးစေချင်နေပြီး တော်လှန်ရေးလုပ်ဆောင်နေတဲ့ လူတွေလည်းအားလုံးစည်းလုံးစွာ ပူးပေါင်းပြီးတော့ စစ်ကောင်စီကို အမြစ်ဖြုတ်တိုက် ရမယ်လို့မြင်မိပါတယ် ဒီစစ်အာဏာရှင် အမြစ်ပြတ်မှ ကျွန်တော်တို့လည်း ငြိမ်းချမ်းစွာပြန်လည်နေထိုင်နိုင်မှာဖြစ်တယ်ပေါ့

By – Hope

Show More

Related Articles

Back to top button