သတင်း

ကန်ပိုက်တည်နယ်စပ်ဂိတ်မှာ လိုင်စင်မဲ့ကားတွေရပ်နားပြီး ဒေသခံကားသမားတွေပြန်ပြီးအသုံးပြုနေ

ဝိုင်းမော်မြို့နယ်မှာ တစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေအသုံးပြုနေတဲ့ လိုင်စင်မဲ့တရားမဝင် ၂၂ ဘီးတွဲကားတွေရပ်နားလိုက်ပြီး ဒေသခံကားတွေကိုပြန်ပြီး အသုံးပြုအလုပ်လုပ်နေပြီဖြစ်တယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလပိုင်းလောက်ကနေ တစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေဟာ တရုတ်ဘက်ကနေ ၂၂ ဘီးတွဲကားတွေတင်သွင်းလာပြီး အဲ့ဒီကားတွေနဲ့ဘဲငှက်ပျောတင်ပို့တာတွေကို လုပ်ဆောင်လာတဲ့တွက် ပြည်တွင်းကကားသမားတွေ အလုပ်ရပ်နားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာတော့ တစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေကို တရားမဝင်ကားတွေအသုံးပြုနေတာနဲ့ပက်သတ်ပြီး သီးနှံအသင်းကနေအစည်းအဝေးခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

တရားမဝင်ကားတွေရှိတယ်လို့ သူတို့သတင်းရတယ် သေချာစစ်ဆေးပါပေါ့နော် စစ်ဆေးလို့တွေ့ရှိရင် သူတို့ချမှတ်ထားတဲ့ဥပဒေအတိုင်း တရားစွဲဆိုဆောင်ရွက်မယ်လို့ပြောခဲ့တယ် တိုင်တဲ့သူတွေရှိမှာဘဲ  ဘယ်သူတွေတိုင်လိုက်လဲတော့ မသိဘူးပေါ့” လို့ ပြောပါတယ်။

အဲ့ဒီအစည်းအဝေးကိုတော့ ကချင်ပြည်နယ် အစိုးရရုံးဝင်းထဲက မလိခခန်းမမှာကျင်းပခဲ့ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဒုတိုင်းမှူးရဲမင်းကြီးတွေတက်ရောက်ခဲ့ပြီးတော့ လိုင်စင်မဲ့တရုတ်နိုင်ငံကားတွေရပ်နားဖို့ ရပ်နားတာမရှိဘူးဆိုရင် ဖမ်းဆီးတာတွေဆက်တိုက်လုပ်ဆောင်သွားမယ့်အကြောင့် ပြောဆိုခဲ့တယ်လို့ ကားသမားတစ်ယောက်က KNG ကိုပြောပါတယ်။

အခုလို အစည်းအဝေးလုပ်ပြီးတဲ့နောက် ဇန်နဝါရီလနောက်ဆုံးပတ်ကနေစပြီး  တရားမဝင်ကားတွေရပ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကားဖမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့်သူတို့လည်း ကြောက်လို့ရပ်သွားကြတာ ထင်တယ်၊ ကျွန်တော်တို့ ဒေသခံ တရားဝင်ကားတွေလည်း အရင်လုပ်ခဲ့သလိုမျိုး ပုံမှန်အလုပ်ပြန်လုပ်နေပြီ” လို့ ပြောပါတယ်။

အစည်းအဝေးမှာ တရားမဝင်ကားတွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ  ရက်နေ့ကနေစပြီး ဖမ်းတော့မှာဖြစ်တယ်လို့ ဆိုပေမဲ့ လက်ရှိချိန်ထိတော့ဖမ်းမိတာမျိုး မကြားသေးဘူးလို့ သူကဆက်ပြောပါတယ်။

ကားသမားတွေပြောဆိုချက်အရ အာဏာမသိမ်းခင်ကတည်းက တရုတ်သစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေနဲ့ ကားသမားတွေကြား နှစ်ဦးသဘောတူ လုပ်ငန်းတွေလုပ်ခဲ့ကြပေမဲ့  သဘောတူကာလမပြီးဆုံးခင်ကတည်းကပင် တရုတ်သစ်သျူးငှက်‌ပျောခြံပိုင်ရှင်တွေဟာ သဘောတူညီမှုကိုဖျက်ပြီး တရားမဝင်နည်းလမ်းနဲ့ လိုင်စင်မဲ့ကားတွေတင်သွင်းပြီး အသုံးပြုခဲ့ကြတာကြောင့် ပြည်တွင်းက ဒေသခံတွေရဲ့ တရားဝင်ကားအစီး ၃၀၀ ကျော်ဟာ  လလောက် အလုပ်ရပ်နားခဲ့ရတာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button