သတင်း

KIO ထိန်းချုပ်နယ်မြေမှာ အခြေခံစာသင်ကျောင်း ၂၀၀ ကျော်ထပ်မံတိုးချဲ့

ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ယခုနှစ် ထပ်မံတိုးချဲ့ဖွင့်လှစ် ထားတယ်လို့ KIO  ပညာရေးဌာနကနေ သိရပါတယ်။

KIO အစိုးရ သိမ်းပိုက်ရရှိထားတဲ့နေရာဒေသတွေမှာ စာသင်ကျောင်း ပေါင်း ၁၀၀၀ ဝန်းကျင်လောက်ရှိနေပေမယ့်လည်း လုံခြုံရေးအရ ကျောင်းပေါင်း ၂၀၀ ကျော်သာ ဖွင့်လှစ်နိုင်သေးတာဖြစ်ပြီး ကျောင်းတွေတိုးချဲ့ဖွင့်လှစ်ရတာလို့ KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင်( Malang Brang Tawng) က KNG ကို ပြောပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာရှိတဲ့ ကလေးတွေအနေနဲ့ ပညာသင်ယူရမယ့်အချိန်တွေမှာ ပညာသင်ယူနိုင်ဖို့ ကျွန်တော်တို့က ရည်ရွယ်ပါတယ်။ ပြီးတော့ KIO ပညာရေးဌာဘက်ကလည်း ငွေကြေးအခက်အခဲတွေရှိပေမယ့်လည်း ကလေးတွေအားလုံး ပညာ မတတ်တဲ့သူမရှိအောင်ဆိုပြီး ကြိုးစားလုပ်ဆောင်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့လည်း အားလုံးဝိုင်းဝန်းကူညီကြဖို့ တောင်းဆိုချင်ပါတယ်လို့ ဆိုပါတယ်။

KIO ထပ်မံတိုးချဲ့ဖွင့်လှစ်ထားနိုင်တဲ့ ကျောင်းတွေဟာ အထက်တန်းကျောင်း ၂၅ ကျောင်း၊ အလယ်တန်းကျောင်း ၄၅ ကျောင်း၊ မူလတန်းကျောင်း ၁၇၁ ကျောင်းတိုးလာတယ်လို့ သူကဆိုပါတယ်။

ဒီစာသင်ကျောင်းတွေကို KIO မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပူတာအိုဘက်မှာ အထက်တန်းကျောင်း  ကျောင်း၊ အလယ်တန်းကျောင်း  ကျောင်းနဲ့ မူတန်းတန်းကျောင်း ၁၈ ကျောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ်ဘက်မှာ  အထက်တန်းကျောင်း  ကျောင်း၊ အလယ်တန်းကျောင်း ၁၀ ကျောင်းနဲ့ မူလတန်းကျောင်း ၁၇ ကျောင်း ထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

အလားတူ အရှေ့တိုင်းစစ်ဌာနချုပ်ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်ဘက်မှာတော့ အထက်တန်းကျောင်း  ကျောင်း၊ အလယ်တန်းကျောင်း  ကျောင်းနဲ့ မူလတန်းကျောင်း ၃၂ ကျောင်း၊ KIO ဗဟိုဌာနချုပ်အတွင်းမှာတော့ အထက်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၁၇ ကျောင်းနဲ့ မူလတန်းကျောင်း ၅၃ ကျောင်း၊ အနောက်တိုင်းစစ်ဌာနချုပ်ထိန်းချုပ်နယ်မြေဖြစ်တဲ့ တနိုင်းဘက်မှာတော့ အထက်တန်းကျောင်းဖွင့်လှစ်ထားခြင်းမရှိပေမယ့် အလယ်တန်းကျောင်း  ကျောင်းနဲ့ မူလတန်း  ကျောင်းထပ်မံဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖားကန့်ဒေသထိန်းချုပ်နယ်မြေထဲမှာတော့ အထက်တန်းကျောင်း  ကျောင်း၊ အလယ်တန်းကျောင်း  ကျောင်းနဲ့ မူလတန်းကျောင်း ၁၇ ကျောင်း၊ အရှေ့မြောက်တိုင်းထိန်းချုပ်နယ်မြေ ဖရဲဘက်မှာတော့ အလယ်တန်းကျောင်း  ကျောင်းနဲ့ မူလတန်းကျောင်း  ကျောင်းတိုးလာပြီး အနောက်တောင်ဘက်တိုင်းထိန်းချုပ်နယ်မြေ မိုးညှင်းဘက်မှာတော့ အထက်တန်းကျောင်း  ကျောင်း၊ အလယ်တန်းကျောင်း ၃ကျောင်းနဲ့ မူလတန်းကျောင်း ၂၇ ကျောင်းထပ်မံဖွင့်လှစ်ထားတာဘဲ စုစုပေါင်း ၂၄၁ ကျောင်းဖြစ်ပါတယ်။

အာဏာမသိမ်းခင် KIO ပညာရေးဌာနအောက်ကနေ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၂၀၃ ကျောင်းသာရှိခဲ့ပေမယ့် လက်ရှိမှာတော့ စာသင်ကျောင်း ၂၄၁ ကျောင်းကို ထပ်မံတိုးချဲ့ဖွင့်လှစ်လိုက်တဲ့အတွက် စာသင်ကျောင်း စုစုပေါင်း ၄၄၄ ကျောင်းအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

KIO  ပညာရေးဌာန အောက်ကဖွင့်လှစ်ထားတဲ့ ကျောင်းတွေကို လာတက်ရောက်မယ်ဆိုပါက KIO ထိန်းချုပ်နယ်မြေထဲက ကျောင်းသားတွေသာမက တခြားနေရာဒေသက ကျောင်းသားတွေကို ကျောင်းအပ်ခနဲ့ ငွေကြေး ကောက်ခံတာတွေကိုလည်း လုပ်ဆောင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမယ့်လည်း နောက်ပိုင်း ကျောင်းတွင်း လိုအပ်ချက်တွေရှိလာပါက ကလေးပညာရေး လစ်ဟာမှု မရှိရလေအောင် ကျောင်းသားမိဘတွေအနေနဲ့ တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးကြဖို့ တောင်းဆိုထားတာဘဲ ဖြစ်ပါတယ်။

စာသင်ကျောင်းအတွင်း အသုံးပြုမယ့် ဘာသာစကားကိုတော့ ကျောင်းသားတွေပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီးမလန်ဘရန်တောင်( Malang Brang Tawng)က ခုလိုပြောပါတယ်။

ဘာသာစကားနဲ့ ပက်သက်ပြီးမှတော့ ကချင်များတဲ့နေရာမှာ ကချင်စကားပြောမယ် ရှမ်းများတဲ့နေရာမှာ ရှမ်းစကား ဗမာတိုင်းရင်းသားများတဲ့နေရာမှာ ဗမာစကားသုံးမယ်။ ဒါကတော့ ကျွန်တော်တို့ ကျောင်းပေါ်မူတည်ပြီး လုပ်ဆောင်သွားမှာပေါ့လို့ ဆိုပါတယ်။

KIO ပညာရေးဌာန အောက်က ဖွင့်လှစ်ထားတဲ့ကျောင်းတွေရဲ့ သင်ရိုးညွှန်းတန်းကို KG မှ  တန်းထိ  အနည်းအကျဉ်းသာပြုပြင်ပြီး အရင်အတိုင်းအသုံးပြုမှာ ဖြစ်ပေမယ့် ၁၀ တန်းကိုတော့ KIO အသစ်ရေးဆွဲနေတဲ့ သင်ရိုးညွှန်းတန်းကို အသုံးပြုမှာလို့ ပြောပါတယ်။

၂၀၂၄၂၅ ပညာသင်နှစ်မှာတော့ ၁၁ တန်းနဲ့ ၁၂တန်းကို စသင်သင်ကြားတော့မှာဖြစ်ပြီး နောင်နှစ်တွေမှာ သင်ရိုးညွန်းတန်းပုံစံအသစ်တွေနဲ့ သင်ကြားနိုင်ဖို့ ပြင်ဆင်မှုတွေလည်း ပြုလုပ်နေပြီ လို့ ဆိုပါတယ်။

လက်ရှိ KIO ပညာရေးဌာနဘက်က အသစ်ရေးဆွဲထားတဲ့ ၁၀ တန်း သင်ရိုးညွန်းတန်းကိုတော့ ယာယီကော်မတီကျောင်းကနေ သင်တန်းပေးထားတဲ့ ဆရာ/မတွေသင်ကြားသွားမှာဖြစ်ပြီး ၁၁ တန်းနဲ့ ၁၂ တန်းကိုတော့ NUG ဘက်က CDM ဆရာ/မတွေ သင်ကြားပေးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း KIO ပညာရေးဌာနဘက်က ငွေကြေးအခက်အခဲတွေရှိတဲ့အတွက် ပညာရေးဝန်ထမ်းတွေကိုတော့ လုပ်ခလစာအနေနဲ့ မဟုတ်ဘဲ ရာထူးအလိုက်မေတ္တာလက်ဆောင်အနေနဲ့သာ ငွေကြေးအနည်းငယ်ပေးအပ်တာမျိုးဘဲရှိတယ်လို့ KIO ပညာရေးဌာန ဒုတာဝန်ခံ ဆရာကြီး မလန်ဘရန်တောင် (Malang Brang Tawng) က ဆက်ပြောပါတယ်။

KIO အစိုးရအောက် ဖွင့်ထားတဲ့အဆင့်မြင့်ပညာရေး ကျောင်း  ကျောင်းရှိပြီး အဲဒီကျောင်းတွေကတော့ ဆရာအတတ်သင် ကောလိပ်၊ မိုင်ဂျာယန်ကောလိပ်၊ အုပ်ချုပ်ရေးအရာရှိသင်တန်းကျောင်း၊ စိုက်ပျိုးမွေးမြူရေး ဒီပလိုမာကျောင်း၊ သူနာပြုသင်တန်းကျောင်းနဲ့ ဗိုလ်သင်တန်းကျောင်းတို့ ရှိပြီး  KIO ထိန်းချုပ်နယ်မြေထဲမှာ KIO အစိုးရအောက်ကဖွင့်လှစ်ထားခြင်းမဟုတ်တဲ့ အဆင့်မြင့်စာသင်ကျောင်း ၃ကျောင်းရှိပြီး အဲဒီကျောင်းတွေကတော့ ကချင်ပြည်နယ်ပညာရပ်စုံ တက္ကသိုလ် (KSCU) Federal Law Academy နဲ့ Institute of Liberal Art and Science ကျောင်းတို့ ဖြစ်ပါတယ်။ 

KIO ထိန်းချုပ်နယ်မြေတွေမှာ ပုဂ္ဂလိကစာသင်ကျောင်းတွေဖွင့်ခွင့်ကို ၂၀၁၀၁၁ရက်နေ့မှာ တရားဝင်ရုံးအမိန့်ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။

KIO ကျောင်းတွေကို ၁၉၆၇ ခုနှစ် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး KIO ပညာရေးဌာနကိုတော့ ၁၉၇၈မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့ ကချင်လွတ်လပ်ရေး ကောင်စီ (KIC) ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆွမ်းလွတ်ဂွန်မော် (Sumlut Gummaw) က သူ့ရဲ့  လူမှုကွန်ယက်စာမျက်မှာ ရေးသားဖော်ပြထားပါတယ်။

၁၉၉၀– ၂၀၁၁ ခုနှစ် အပစ်အခတ်ရပ်ဆိုင်းရေး ကာလမှာတော့ ဆယ်တန်းစာမေးပွဲကို မြစ်ကြီးနားမြို့မှာ ဖြေဆိုခွင့်ကို ရရှိခဲ့ကြတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း  ၂၀၁၁ တစ်ကျော့ပြန်တိုက်ပွဲကြောင့် အပစ်အခတ်ရပ်ဆိုင်းရေး ကာလပျက်ပြယ်သွားပြီး မြစ်ကြီးနားမြို့မှာ ဆယ်တန်းစာမေးပွဲ ဖြေဆိုခွင့်လည်း ပိတ်ပင်ခံလိုက်ရတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button