တိုက်ပွဲသတင်း

ဖားကန့်ဒေသ တပ်မဟာ ၉ နဲ့ ဝိုင်းမော်မြို့နယ် ကျေးရွာတစ်ချို့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေ

ဖားကန့်ဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ  နဲ့ တပ်ရင်း  အပါအဝင် KIA ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးထားတဲ့ပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

တိုက်ပွဲငြိမ်းသက်သွားတဲ့ တစ်လ ကျော်လောက်ကြာမြင့်လာပြီဖြစ်တဲ့ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်တွေက ဇွန်လ  ရက်နေ့  ၁၀နာရီလောက်မှာ ဂျက်လေယာဉ်  စီးနဲ့ တပ်မဟာ  နဲ့ တပ်ရင်း  နေရာတွေမှာ တပြိုင်နက် လာရောက်ဗုံးကြဲတိုက်သွားတယ်လို့ KIA နဲ့ နီးစပ်တဲ့ ဖားကန့်ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

 နာရီ၊  နာရီလောက်ရှိပြီ တပ်ရင်း  မှာတစ်နေရာ၊ တပ်မဟာ  မှာတစ်နေရာ ကျမှန်တယ်လို့သိရတယ်။ ထိခိုက်ပျက်စီးတာတော့ လုံးဝမရှိဘူးလို့ပြောပါတယ်။ ခန့်မှန်းပြီးလာပစ်တယ်ဆိုတော့ ထိခိုက်တာမရှိတာပါ။ ဂျက်ဖိုက်တာက  စီးဟုတ်တယ်လို့ပြောပါတယ်။

စစ်တပ်ဘက်နေ ဂျက်လေယာဉ်  စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တပ်မဟာ  နယ်မြေနဲ့ တပ်ရင်း  နေရာတစ်ချို့မှာ လေယာဉ်ဗုံးကျရောက်ပေါက်ကွဲမှုရှိခဲ့ပေမယ့် ထိခိုက်ပျက်စီးတာတွေမရှိခဲ့ဘူးလို့ ပြောပြတာဖြစ်ပါတယ်။

အခုလို စစ်တပ်ဘက်ကနေ ညတွင်းချင်းလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ ပြီးခဲ့တဲ့ မတ်လအတွင်း တိုက်ပွဲမှာ KIA/ PDF တပ်ထံအညံ့ခံဝင်ရောက်လာတဲ့ ရဲအုပ်တစ်ဦး ဇွန်လ  ရက်နေ့ ဖားကန့်ဗျူဟာကုန်းထဲထွက်ပြေးလွတ်မြောက်သွားတာကြောင့်KIA တပ်တွေရှိတဲ့နေရာဘက်ကိုဦးတည်ပြီး လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်နိုင်တယ်လို့ ဖားကန့်ဒေသခံ သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် မတ်လအတွင်းမှာပဲ KIA ပူးပေါင်းတပ်တွေ နယ်မြေစိုးမိုးထားပြီဖြစ်တဲ့ ဝိုင်းမော်မြို့နယ်ထဲက အောင်မြေ( အောင်မြေ(နေရာတွေမှာ စစ်ကောင်စီတပ်တွေက ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေသေးတာကြောင့် ထိခိုက်ပျက်စီးတာတွေကြုံနေရတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုဆက်ပြောပါတယ်။

မနေ့ညလည်း ပစ်၊ တစ်နေ့ကလည်း အဲလိုပစ်နေလို့ ရွာလမ်းမကြီးပေါ်မှာရှိတဲ့ နေအိမ်တွေတောင် တော်တော်ပျက်စီးနေပြီ။ လက်နက်ကြီးက စျေးနေရာတွေမှာတောင်ကျတယ်။ မနေ့လည်းပစ်တယ်။ မနေ့ည ပစ်တာက ဘယ်ဘက်ထိတာလဲတော့ သေချာမသိရသေးဘူးလို့ပြောပါတယ်။

ဇွန်လ  ရက်နေ့ညမှာ အောင်မြေ() အောင်မြေ()နဲ့ ခါးရှီတစ်ဝိုက်မှာ ဗုံးကြဲတိုက်ခိုက်ရတဲ့အပြင် KIA တပ်တွေ နယ်မြေစိုးမိုးထားတဲ့ ခါးရှီကျေးရွာတွေအထိ စစ်ကောင်စီတပ်ဘက်ကနေ စစ်ကြောင်းထိုးလာတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် တိုက်ပွဲဖြစ်ပွားတဲ့နေရာဘက်ကို ဝိုင်းမော်မြို့နဲ့ အနီးနေရာမှာ ကျန်ရှိနေသေးတဲ့ ခလရ ၅၈ တပ်ရင်းကနေ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာလည်း ဟူးကောင့်ချုင့်ဝှမ်းဒေသ ပယင်းမှော်ဒေသမှာရှိတဲ့ လပူခမှော်အနီး ဒေသအခေါ် ရေကန်တောင်မှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်စခန်း နေရာကို KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့လည်းသိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button