တိုက်ပွဲသတင်း

ဆဒုံးဗျူဟာကုန်းအပါ တပ်စခန်း ၅ ခုကို KIA က တစ်ရက်တည်းအပြီးသတ်သိမ်းပိုက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက ဆဒုံးမြို့တစ်ခုလုံးကို ထိန်းချုပ်ထားတဲ့ စစ်တပ်ဗျူဟာကုန်းအပါ တပ်စခန်း  ခုနေရာလောက်ကို တစ်ရက်တည်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဝိုင်းမော်နဲ့ ဆဒုံးတစ်ကြော စစ်တပ်ကင်းစင်နယ်မြေဖြစ်သွားပြီလို့သိရပါတယ်။

ဝိုင်းမော်မြို့နယ်ထဲကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ ကားလမ်းမပေါ် တစ်ကြောမှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်) ဘွမ့်တောင်ပြည်သူ့စစ်စခန်း၊ လဖိုင်ပြည်သူ့စစ်စခန်၊ ဒိန်ဂါစစ်တပ်စခန်းနဲ့ ဆဒုံးဗျူဟာကုန်းနေရာတွေကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းတပြိုင်နက်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

ဂေါ်ဆက်ယန် ၁၃ မိုင်စုပေါင်းဂိတ်၊ ဘွမ့်တောင်နဲ့ လဖိုင်ပြည်သူ့စစ်တပ်စခန်းတွေကို ဒီကနေ့ နေ့လည် ၁၂ နာရီမတိုင်မှီ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ဆဒုံးဗျူဟာကုန်းကိုတော့ ညနေပိုင်း  နာရီလောက်မှာ တပ်စခန်းထဲဝင်ရောက်နိုင်ခဲ့ပြီး အပြီးသတ်သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။

ဆဒုံးတပ်စခန်းကို ညနေပိုင်း  နာရီလောက်မှာ အပြီးသတ်သိမ်းလိုက်တာဖြစ်ပြီ။ ဝိုင်းမော်ကနေ ဆဒုံးကားလမ်း တစ်ကြောစစ်တပ်စခန်းတွေမရှိတော့ ကုန်ပြီ။ အခုကျန်နေတာက ကန်ပိုင်တည်မြို့တစ်ခုသာ ကျန်နေပြီဖြစ်တယ်လို့ပြောပါတယ်။

KIA တပ်တွေ သိမ်းပိုက်လိုက်တဲ့ ဆဒုံးဗျူဟာကုန်းတပ်စခန်းဟာ မြို့ရဲ့ အရှေ့ဘက်ခြမ်းတောင်ကုန်းပေါ်မှာတည်ရှိပြီး  ရှေ့တန်းတပ်စခန်းအငယ်  ခုလောက်နဲ့ စစ်အင်အား အခိုင်အမာတပ်ချထားတဲ့ ဗျူဟာကုန်းအကြီးတစ်ခုလည်းဖြစ်ပါတယ်။

ဆဒုံးဗျူဟာကုန်းအပါ ၁၃ မိုင်စုပေါင်းဂိတ်(ဂေါ်ဆက်ယန်နဲ့ ဘွမ့်တောင် ပြည်သူ့စစ်တပ်စခန်းတွေဟာ ဝိုင်းမော်ကနေ ဆဒုံး – ကန်ပိုင်တည်သွားတဲ့ကားလမ်းကြောင်းတစ်ကြောမှာရှိတဲ့ တပ်စခန်းတွေဖြစ်တာကြောင့် စစ်ရေးအရ အလွန်အရေးပါတဲ့ တပ်စခန်းတွေဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေအားလုံးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ ပူးပေါင်းထိုင်ထားကြတဲ့ တပ်စခန်းတွေဖြစ်သလို ခရီးသွားပြည်သူတွေနဲ့ ကုန်းကားတွေကို ငွေကြေးကောက်ခံတဲ့အပြင် တရုတ်နိုင်ငံသားတွေကိုလည်း တရားမဝင် ပြည်တွင်းထဲ ဝင်ခွင့်ရနေတာလည်းဖြစ်ပါတယ်။

ဒါကြောင့် အခုသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေဟာ စစ်ရေးအရ အလွန်အရေးပါတဲ့နေရာတွေဖြစ်ပြီး ပြည်သူလူထုတွေအတွက် သွားရေးလာရေးမှာ အနှောက်အယှက်ပေးတဲ့ နေရာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

အခုသိမ်းလိုက်တဲ့ တပ်စခန်းတွေက အားလုံးအရေးကြီးတဲ့ နေရာတွေပဲဖြစ်တယ်။ ချီဖွေနဲ့ ကန်ပိုင်တည်ဘက်ကို သွားတဲ့ စုပေါင်းဂိတ်ရှိမယ်။ ဘွမ့်တောင်ဆိုတဲ့ စခန်းကလည်း ဒီတိုင်းပါပဲ။ ပြည်သူလူထုတွေ သွားရေးလာရေးမှာ အနှောက်အယှက်ပေးနေတဲ့ စခန်း။ ပြီးရင် တပ်ရင်း(နေရာတွေကို ထိန်းချုပ်ပေးနေတဲ့ တပ်စခန်းတွေလည်းဖြစ်တယ်။ အားလုံးက ဗျူဟာမြောက်တပ်စခန်းတွေပဲလို့ပြောပါတယ်။

ဒါ့အပြင် အခု KIA တပ်တွေ ထပ်မံသိမ်းပိုက်လိုက်တဲ့ တပ်စခန်းတွေက တရုတ်နယ်စပ် ဆဒုံး – ကန်ပိုင်တည် နယ်စပ်ကုန်သွယ်ရေးအတွက်လည်း အရေးပါတဲ့ ကားလမ်းကြောင်း တစ်ကြောကို KIA က ထိန်းချုပ်လိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လကတည်းက KIA ပူးပေါင်းတပ်တွေက ဝိုင်မော်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနေရာတွေကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မေလထဲမှာတော့ ဝိုင်းမော်မြို့ ဒဘတ်ချောင်းအနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၁၃ ခုလောက်ကို အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ ၁၁ ရက်နေ့မှာတော့ ဝိုင်းမော်ကနေ ဆဒုံးမြို့အထိ ကားလမ်းတစ်ကြောမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း  ခုလောက်ကို တစ်ရက်ထဲမှာပဲ အပြီးသတ်သိမ်းလိုက်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button