စစ်ပြေးဒုက္ခသည်များသတင်း

ဗန်းမော်မှာ ရွာပေါင်း ၅ ရွာက ပြည်သူတွေအတွက် အစားသောက်နဲ့သောက်သုံးရေအရေးပေါ်လိုအပ်နေ

ဗန်းမော်မြို့ အနောက်ဘက်မြစ်ကမ်းနံဘေးမှာရှိတဲ့ ရွာပေါင်း  ရွာက ပြည်သူတွေအစားသောက် နဲ့ သောက်သုံးရေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိ ဗန်းမော်မြို့ရဲ့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီး မြို့ပေါ်ရပ်ကွက်တစ်ချို့ရေဝင်ရောက်နေပြီဖြစ်သလို မြစ်ကမ်းနံဘေးကျေးရွာတွေမှာလည်း ရေတွေဝင်ရောက်နေပြီဖြစ်ပါတယ်။

ဒါကြောင့်လက်ရှိ ဧရာဝတီမြစ်ကမ်းနံဘေးရွာက ရွာပေါင်း  ရွာပြည်သူတွေ ရေဘေးအန္တရာယ်ကြုံနေရပြီး အစားသောက်နဲ့သောက်သုံးရေလိုအပ်နေတယ်လို့ ကောင်းစင့်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

ရေတက်ပြီဆို မြစ်ကမ်းတစ်လျှောက်ရွာတွေပိုဆိုးတာပေါ့ ရေတွေက ညနေပိုင်းလောက်ဆို တစ်ရွာလုံးမြုပ်နိုင်တယ်။ ဒီဘက်ကအိမ်တိုင်းလိုတော့လှေရှိတယ် လှေမရှိတဲ့အိမ်တွေလည်းရှိတယ် ခုလောလောဆယ်ကသောက်ရေနဲ့အစားသောက်တွေလိုနေတယ်လို့ပြောပါတယ်။

ရေဘေးအန္တရာယ်ကြုံတွေ့ပြီး သောက်သုံးရေနဲ့အစားသောက်လိုအပ်နေတဲ့ရွာတွေဟာ ကောင်းစင့်၊ရေလှဲ၊မံမလင်း၊ပါပေါင်း၊လက်ပံတန်း (ရွာဟောင်းစတဲ့ရွာဖြစ်တယ်လို့သိရပြီး ရွာထဲမှာရေဝင်ရောက်မှုဟာ မြင့်တက်နေဆဲဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့ကစပြီး ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေဖြစ်တဲ့ ပူတာအို၊ချီဖွေ၊ဆော့လော်၊ပန်ဝါ၊ကမ်းဖန့်စတဲ့ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မေခမြစ်နဲ့မလိခမြစ်ရေကြီးရေလျှံတာကြောင့် ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့တွေမှာ  ရက်ခန့်ရေကြီးရေလျှံခဲ့ပြီး စိုးရိမ်ရေအမှတ်ထက်  ပေကျော်မြင့်တက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဇူလိုင်လ၂ ရက်နေ့ကစလို့ မြစ်ကြီးနားမှာ ရေကျဆင်းသွားပြီဖြစ်ပေမယ့် မြစ်ကြီးနားမြို့ရဲ့အောက်ဘက်မှာရှိတဲ့ မြို့တွေမှာတော့ မြစ်ရေဆက်မြင့်တက်နေပြီး ဗန်းမော်မြို့ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီဖြစ်ပါတယ်။

သို့သော် ဗန်းမော်မြို့တွင်းပြည်သူတွေဟာ ရေမဝင်ရောက်လာခင်ကတည်းကနေ ကြိုတင်ရွှေ့ပြောင်းတာ၊ကြိုတင်ပြင်ဆင်ထားပြီး ရေဘေးရှောင်အတွက် စခန်း  နေရာပြင်ဆင်ထားပြီး တစ်ချို့ပြောင်းရွှေ့ထားပြီဖြစ်တာကြောင့် အခက်ခဲမရှိအဆင်ပြေနေကြပြီလို့ သိရပါတယ်။

မြို့တွင်း ပြည်သူတွေအတွက် အဆင်ပြေနေပြီဖြစ်ပေမယ့် ဗန်းမော်မြို့ရဲ့အနောက်ဘက် မြစ်ကမ်းနံဘေးမှာရှိတဲ့ရွာတွေမှာတော့ အကူညီတွေမရရှိသေးဘူးလို့ သိရပါတယ်။

ရေကတစ်ဖြည်းဖြည်းပိုကြီးလာပြီ ဒီတိုင်းသာဆက်တက်လာမယ်ဆိုရင် နာရီပိုင်းအတွင်း  မလွယ်ဘူး။ ဒါကြောင့် ကျနော်တို့ဘက်ကိုလည်း လာကူညီပေးဖို့တောင်းဆိုချင်ပါတယ်လို့ နောက်ထပ် ရေလဲရွာသားတစ်ဦးက ပြောပါတယ်။

လက်ရှိ ရွာပေါင်း  ရွာက ဒေသခံတွေပြောတာကတော့ ညနေပိုင်း  နာရီဝန်းကျင်ထိ နေအိမ်တစ်ချို့ခေါင်မိုးမြုပ်ခါနီးရောက်နေပြီး ရေဆက်မြင့်တက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button