သတင်း

ဖားကန့်မှာ ရပ်ကွက် ၄ ခုရေဘေးသင့်နေဆဲဖြစ်ပြီး တစ်မြို့လုံးလျှပ်စစ်မီးပြတ်တောက်နေ

ကချင်ပြည်နယ် ဖားကန့်မြို့ ဉရုချောင်းရေကြီးရေလျှံမှုကြောင့် မြို့ပေါ်ရက်ကွက်  ခု ရေဘေးသင့်နေဆဲဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေကနေ သိရပါတယ်။

ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဖားကန့်မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဉရုချောင်းရေကြီးရေလျှံလာတာကြောင့်  မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် ၊မရှီကတောင်ရပ်ကွက်၊ အေးမြသာယာရပ်ကွက်တွေမှာရေဝင်ရောက်ပြီး ပြည်သူတွေရေဘေးသင့်နေတာ   ရက်ကြာရှိသွားပြီဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ ဖားကန့်မှာမိုးတိတ်ပြီး ဥရုချောင်းရေ  ပေလောက်ကျသွားပေမယ့်လည်း အထက်ဖော်ပြပါရပ်ကွက်  ခုရဲ့တစ်ချို့နေရာမှာ ရေအနက်လူတစ်ရပ်ကျော်ထိရှိဆဲဖြစ်တယ်လို့ သိရပါတယ်။

အခုလို ချောင်းရေတွေအမြန်မကျရတာဟာ ဉရုချောင်းကြမ်းပြင် မြင့်တက်လာတာကြောင့်ဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

ဒီမှာက ရတနာနယ်မြေဆိုတော့ ချောင်းကြမ်းပြင်ကမြေကြီးတွေ တူးတာဆွတာတွေဆိုတော့ ရေကဘယ်လောက်ကြီးကြီး အပေါ်ကိုဘဲလျှံထွက်လာတာလေအဲလိုဖြစ်တာလို့ ဆိုပါတယ်။

ဖားကန့်မြို့ဟာ ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာဒေသဖြစ်တာကြောင့် ကျောက်တူးဖော်မှုတွေဟာ ဆယ်စုနှစ်တစ်စုကြာလာနေတဲ့အပြင် ကျောက်စိမ်းကုမ္မဏီကနေစွန်ပစ်တဲ့မြေစာတွေဟာလည်း ချောင်းနံဘေးတွေမှာသာ အများပိုင်းစွန့်ပစ်ကြတာဖြစ်ပါတယ်။

ချောင်းနံဘေးကမြေစာပုံတွေဟာ မိုးရာသီရောက်လာချိန်မှာတော့ မိုးရေနဲ့အတူချောင်းထဲစီးဝင်သွားတာကြောင့်  နှုံးတွေစုပုံလာတဲ့အတွက် ချောင်းကြမ်းပြင်ပိုမြင့်တက်လာတဲ့အတွက် နှစ်တိုင်းရေကြီးရေလျှံမှုတွေဟာ ပိုပြီးဆိုးရွားလာနေတာဘဲဖြစ်ပါတယ်။

ရေဘေးသင့်ပြည်သူတွေကိုတော့ ကွန်ဖောင်းဒေးရှင်းပရဟိသလူငယ်အသင်းကနေပြီးတော့ ရလာတဲ့ အလှူငွေတွေကို စီမံခန့်ခွဲပြီး တစ်နေ့ကို နှစ်ကြိမ် ထမင်းထုပ်နဲ့သောက်ရေတွေကို အိမ်တိုင်ရာရောက် လှေတွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ သိရပြီး ရေဘေးသင့် ပြည်သူတွေထဲက ၉၀ရာခိုင်နှုန်းဝန်းကျင်ဟာ နေအိမ်တွင်းမှာဘဲ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း ရေကြီးရေလျှံမှုကြောင့် မီးတိုင်တွေပျက်စီးပြီး လျှပ်စစ်မီးပျက်နေတာ  ရက်လောက်ရှိပြီလို့ သိရပြီး ပြန်လည်ပြုပြင်ဖို့ အချိန် တစ်လလောက်ကြာမြင့်နိုင်တယ်လို့ ဖားကန့်မြို့နေ ပြည်သူတွေဆီကနေ ဆိုပါတယ်။

ခုလို အခြေအနေတွေကြောင့် ဖားကန့်မြို့ထဲက ပြည်သူတွေဟာ ဖုန်းအားတွေကုန်ပြီး  တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ခက်ခဲလာသလို အစားအသောက်ချက်ပြတ်ရာမှာလည်း  အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဖားကန့်မြို့နေ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

အခြေကတော့ တော်တော်ဆိုးရွားတယ်ဗျ မီးပျက်တဲ့ အခါကျတော့ မီးစက်တွေ နိုးဖို့ အတွက်ဆိုရင်လည်း ဆီဈေးတွေလည်း ဈေးကြီးတော့ ဓာတ်ဆီတွေလည်း လုံလုံလောက်လောက်မရလို့ပြောပါတယ်။

လက်ရှိဖားကန့်မြို့မှာ ဆီဈေး တစ်ဂါလံကို  သောင်းဝန်းကျင်ရှိပြီး ဆန်တစ်အိတ်ကို အနည်း ဆုံး  သိန်းဝန်းကျင်နဲ့ ကြက်သွန်နီ တစ်ပိဿာကို တစ်သောင်းနှစ်ထောင်ထိ မြင့်တက်နေတယ်လို့ ဖားကန့်မြို့နေ ပြည်သူကပြောပါတယ်။

ဒါအပြင် ကွန်ဖောင်ဒေးရှင်း ပရဟိသ လူငယ်အသင်းရဲ့ ဖော်ပြချက်အရ ရေဘေးသင့်ပြည်သူ ဦးရေဟာ မြို့မရပ်ကွက် ၅၃၄ ဦး၊ ငှက်ပျောတောရပ်ကွက် ၇၅၀ ဦး၊ မရှီကတောင်ရပ်ကွက် ၂၅၀ ဦးနဲ့ အေးမြသာယာရပ်ကွက် ၇၂၄ဦး ထိရှိနေတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button