သတင်း

မိုးကောင်းမြို့မှာ စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေပြီး ရပ်ကွက်အားလုံး ရေဘေးအန္တရာယ်ကြုံတွေ့နေရ

ကချင်ပြည်နယ် မိုးကောင်းမြို့ပေါ်မှာ ရေကြီးရေလျှံဖြစ်နေပြီး  စိုးရိမ်ရေအမှတ်ကျော်လွန်တဲ့အထိ ရေမြင့်တက်နေတာကြောင့်  မြို့တွင်းရပ်ကွက်အားလုံးနီးပါ ရေဘေးအန္တရာယ်ကြုံတွေ့နေရပြီလို့ သိရပါတယ်။

ဇူလိုင်လ  ရက်နေ့ ညနေပိုင်း  နာရီအချိန်မှစတင်ပြီး မိုးကောင်းမြို့ထဲ ရေစတင်ဝင်ရောက်လာပြီး ဒီကနေ့မှာတော့ မြို့တွင်းကားလမ်းမကြီးသာကျန်ရှိပြီးတော့ လမ်းမကြီးရဲ့ တစ်ဖက်ခြမ်းစီရှိတဲ့ လူနေအိမ်ရပ်ကွက် အားလုံး ရေနစ်မြုပ်လာတယ်လို့ မိုးကောင်းဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မြို့တစ်ခုလုံးကြီးနေပါတယ် ကယ်ဆယ်ရေးတွေလည်း အခုလုပ်ဖို့ စီစဉ်နေကြတယ်။ ရေကြီးတဲ့ အခြေအနေက ကားလမ်းဘဲကျန်တော့တယ်။ မြို့ရဲ့ ဒီဘက် ဟိုဘက်ခြမ်း ရပ်ကွက်အကုန်လုံးမှာ ရေပြည့်သွားပြီ။ စတင်များလာတာက ညနေပိုင်း  နာရီလောက်မှ ရေစတင်များလာတာဟုတ်။ မိုးကောင်းမှာက ကားလမ်းမကြီးက ကုန်းလိုဖြစ်နေတော့ ကားလမ်းပဲပေါ်တော့တာဟုတ်တယ်လို့ပြောပါတယ်။

လက်ရှိ မြို့တွင်းရပ်ကွက်တွေဖြစ်တဲ့ မြို့ဦး၊ စျေးကုန်း၊ ကိုးတန်း၊ ကျွန်းတော၊ ဖိုးချစ်ကုန်း၊ ဘူတာဇွပ်နဲ့ နောင်ကိုင်တော စတဲ့ ရပ်ကွက်နေရာတွေမှာ ရေကြီးရေလျှံဖြစ်နေပြီး ပြည်သူတွေက သွားလို့မရဘဲ နေအိမ်အတွင်းမှာပဲ ရေဘေးအန္တရာယ်ကြုံတွေ့နေရတယ်လို့ ပြောပါတယ်။

မိုးကောင်းမြို့မှာ ဒီကနေ့ အစောပိုင်းမှ ရေစိုးရိမ်အမှတ်ကျော်လွန်ပြီး မြင့်တက်လာသလို နောက်ထပ် ရေစိုးရိမ်အမှတ်ထက်  ပေဝန်းကျင်အထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒက ခန့်မှန်းထားတာကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေက ဒေသခံပြည်သူတွေကို ယာယီရွှေ့ပြောင်းနေထိုင်ကြဖို့ လိုက်လံပြောဆိုနေတယ်လို့လည်း သိရပါတယ်။

အခုလို မိုးကောင်းမြို့တစ်ခုလုံး ရေကြီးရေလျှံဖြစ်ပြီး ရေဘေးအန္တရာယ်ကြုံတွေ့နေရတဲ့ ဒေသခံပြည်သူတွေကို အဓိကအနေနဲ့ သောက်ရေသန့်နဲ့ အစားအသောက်တွေ ကူညီပေးဖို့ လိုအပ်နေတယ်လို့ မိုးကောင်းဒေသခံတစ်ဦးက ဆက်ပြောပါတယ်။

ပြည်သူတွေက လောလောဆယ်က တစ်ချို့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်ကြတယ်လို့တော့သိရတယ်။ အများပိုင်းက နှစ်တိုင်းလိုလိုရွှေ့ပြောင်းတာမျိုးတော့ မရှိဘူး။ အားလုံးက မိမိအိမ်မှာပဲ ကြီးရင်လည်း ကြီးသလို ရှိတယ်။ ပြီးရင် ရွှေ့ပြောင်းမယ့် နေရာလည်းမရှိဘူးလေ။ ဒါကြောင့် ပြည်သူတွေအတွက် လိုအပ်တာက သောက်ရေသန့်နဲ့ အစားအသောက်တွေက ကူညီပေးဖို့ လိုအပ်နေပါတယ်လို့ပြောပါတယ်။

မိုးကောင်းဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ရေက ဆက်လက်မြင့်တက်နေသေးတာကြောင့် လက်ရှိအချိန်ထက် ပိုမိုကြီးလာနိုင်သလို ချောင်ရေကြီးတဲ့ အထက်ပိုင်းတွေမှာ မိုးတိတ်သွားပါက နေ့ချင်းတွင်းမှာပဲ ရေပြန်ကျသွားနိုင်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ စိုးရိမ်ရေအမှတ်ကျော်လွန်ပြီး  ပေအထိ မြင့်တက်ခဲ့တာကြောင့် မိုးကောင်းမြို့တစ်ခုလုံး အကြီးမားဆုံး ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရတာဖြစ်ပြီး ယခုနှစ်မှာလည်း စိုးရိမ်အမှတ်  ပေအထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ကြီးမားတဲ့ ရေဘေးအန္တရာယ်ကြုံတွေ့ရမှာကို မိုးကောင်းပြည်သူတွေက စိုးရိမ်နေကြပါတယ်။

မိုးကောင်းမြို့ဟာ မြေနိမ့်ရာဒေသတစ်ခုဖြစ်တဲ့အပြင် ချောင်းရေ  နေရာဆုံတဲ့ ရေလမ်းကြောင်းမှာ တည်ရှိတဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် နှစ်စဉ် ရေဘေးန္တရာယ်ကို  ကြိမ်အထက် မိုးကုန်တဲ့အထိ ကြုံတွေ့နေရမြဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နှစ်စဉ် ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတဲ့ အဓိကအကြောင်းအရင်းမှာ တနိုင်းဘက်ကနေ စီးဆင်းလာတဲ့ မိုးကောင်းချောင်း၊ မိုးညှင်းဘက်ကနေ စီးဆင်းလာတဲ့ နန့်ရင်းချောင်း၊ အင်းတော်ဘက်ကနေ စီးဆင်းလာတဲ့ လိုင်နောင်ချောင်း စတဲ့ ချောင်းရေ  ခုက ဆုံစည်းတဲ့ နေရာဖြစ်တာကြောင့်လည်း မိုးကောင်းမြို့ဟာ ကချင်ပြည်နယ်ထဲက ရေဘေးအန္တရာယ်ကို နှစ်စဉ် ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button