သတင်း

ဉရုချောင်းရေကြီးမှုကြောင့် တံတားနှစ်စင်းအပါအဝင် နေအိမ်တစ်ချို့ ထိခိုက်ပျက်စီး

ကချင်ပြည်နယ် ဖားကန့်မြို့  ဉရုချောင်း ရေကြီးရေလျှံ မှုကြောင့် တံတားနှစ်စင်း အပါအဝင် နေအိမ်တချို့ ပျက်စီးခဲ့တယ်လို့ ဖားကန့် ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ  ဇွန်၂၉ ရက်ဝန်းကျင်လောက်ကတည်းကနေ ၅ရက်အကြာ မိုးသန်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ဉရုချောင်းရေ ရေကြီး ရေလျှံမှုတွေ ဖြစ်ခဲ့ပါတယ်။

ခုလို ဉရုချောင်းရေ မြင့်တက်လာတဲ့အတွက် လုံးခင်းကျေးရွာနဲ့ မဇွပ်ယန် ကျေးရွာကို ဆက်ထားတဲ့ မဇွပ်ယန်(Mazup Yang) တံတားနဲ့ ဆန်ခါ ကျေးရွာ က နေ မှော်ဘုံ(Maden Yang)နဲ့ ကန်စီး(Ginsi) ကျေးရွာတွေကို ဆက်ထားတဲ့ ဆန်ခါတံတား အပါအဝင် ဉရုချောင်းကမ်းပါးနားက နေအိမ်တချို့လည်း ကမ်းပါးပြိုပြီး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

မနေ့က ကျွန်တော်တို့ သူငယ်ချင်းတွေ သွားကြည့်ကြတာကတော့ လမ်းက တော်တော်လေးကို ပျက်သွားတာဗျ ဘိလပ်မြေတွေ လုံးဝကွာသွားပြီးမှ ဘေးက သံဘောင်တွေဘဲ ကျန်တော့တယ်လေလို့ လုံးခင်းဒေသခံတစ်ဦးကဆိုပါတယ်။

ဒါအပြင် ဉရုချောင်းရေ တိုက်စားမှုကြောင့် မဇွပ်ယန် တံတားနားက ကောင်းပြည့် ဆီဆိုင်၊  မြိုပေါ်ရပ်ကွက်က ကား ၄စီးနဲ့ ကမ်းနားက နေအိမ်တချို့လည်း ရေစီးနဲ့ အတူမျှောပါသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။

ခုလိတဲတား တွေပျက်စီးသွားတာကြောင့်လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုခက်ခဲလာတယ်လို့ ဖားကန့် ဒေသခံပြည်သူတစ်ဦးက ခုလိုပြောပါတယ်။

ဝယ်ရ ခြမ်းရတာ ခက်ခဲသွားတာပေါ့  မဇွပ်ယန်က လာလို့ရှိရင် လုံးခင်းကို လာဝယ်ရတာလေ တံတားပျက်နေတဲ့ အနေအထားဆိုတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာပေါ့ တောလမ်းကနေပြန်သွားရတော့ လမ်းက သုံးဆလောက်ပိုဝေးသွားတာ လို့ ဆိုပါတယ်။

မဇွမ်ယန်တံတားဟာ လုံးခင်းကျေးရွာနဲ့ ဆက်ထားတဲ့ ကွန်ကရစ်တံတားဖြစ်ပြီး  ပေ ၃၀ ဝန်းကျင်ရှည်လျားပြီး ကားနှစ်စီးစာလောက် ဖြတ်သန်းသွားလာလို့ ရတာဘဲဖြစ်ပါတယ်။

ဆန်ခါတံတာကတော့ ဆန်ခါကျေးရွာကနေ မှော်ဘုံ(Maden Yang)နဲ့ ကန်စီး(Ginsi) ကျေးရွာတွေကို ဆက်ထားတဲ့ ကွန်ကရစ်တံတားဖြစ်ပေမယ့်လည်း ကားတစ်စီးစာသာ သွားလာလို့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖားကန့်မြို့ဟာ ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရှိရာဒေသဖြစ်တာကြောင့် ကျောက်တူးဖော်မှုတွေဟာ ဆယ်စုနှစ်တစ်စုကြာလာနေတဲ့အပြင် ကျောက်စိမ်းကုမ္မဏီကနေစွန်ပစ်တဲ့မြေစာတွေဟာလည်း ချောင်းနံဘေးတွေမှာသာ အများပိုင်းစွန့်ပစ်ကြတာဖြစ်ပါတယ်။

ချောင်းနံဘေးကမြေစာပုံတွေဟာ မိုးရာသီရောက်လာချိန်မှာတော့ မိုးရေနဲ့အတူချောင်းထဲစီးဝင်သွားတာကြောင့်  နှုံးတွေစုပုံလာတဲ့အတွက် ချောင်းကြမ်းပြင်ပိုမြင့်တက်လာတဲ့အတွက် နှစ်တိုင်းရေကြီးရေလျှံမှုတွေဟာ ပိုပြီးဆိုးရွားလာနေတာဘဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ရေတွေ အကုန်ပြန်ကျသွားပြီး မြို့မရပ်ကွက် ၊ငှက်ပျောတောရပ်ကွက် ၊မရှီကတောင်ရပ်ကွက်၊ အေးမြသာယာရပ်ကွက် နေပြည်သူတွေ အကုန်ပြန်လာနေကြပြီး ဖြစ်တယ်လို့ ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

By – Hope

Show More

Related Articles

Back to top button