လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

လားရှိုးမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ပိုင်း  နာရီလောက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး နှစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လားရှိုးမြို့နယ် ရပ်ကွက်  နယ်မြေ  ဘူတာရုံသံလမ်းဘေးမှာ လက်နက်ကြီး  လုံးကျရောက်ပေါက်ကွဲ ခဲ့တာဖြစ်ပြီးတော့ နောက်ထပ် ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင်အဝင်ပေါ့ အဲ့ဒီမှာ၂လုံးကျတယ်။ သုံးယောက်သေတယ် ၁၃ ယောက်ဒဏ်ရာရတယ် အခုမနက်ပဲဖြစ်သွားတာ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင်မကြာသေးဘူးလို့ပြောပါတယ်။

သေဆုံးခဲ့သူတွေဟာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ၂၀ ကျော်အရွယ် အမျိုး သမီးတစ်ဦးနဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးတို့သေဆုံးခဲ့ရတာလို့ သိရပါတယ်။

လားရှိုးမြို့နယ်ရဲ့ဘေးပတ်ဝန်ကျင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ  ရက်နေ့ကနေစပြီးတော့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ်မတော် TNLA အဖွဲ့တို့က စစ်ကောင်စီရဲ့တပ်စခန်းတစ်ချို့ကိုတိုက်ခိုက်နေတာဖြစ်ပြီး မြို့တွင်း ကို လက်နက်ကြီးတွေကျရောက်ပေါက်ကွဲတာတွေရှိနေတာဖြစ်ပါတယ်။

လောလောဆယ်က မြေပြင်မှာတော့တိုက်ပွဲမဖြစ်ဘူး လက်နက်ကြီးနဲ့ ဟိုဘက်ဒီဘက်ပစ်ခတ်နေကြတာ မြို့တွင်းကြီးထဲမှာ လက်နက်ကြီးပစ်ခတ်တာတော့မရှိသေးဘူး မြို့ပတ်ဝန်းကျင်တော့ဖြစ်နေတာပေါ့လေ “လို့ဒေသခံတစ်ယောက်ကဆက်ပြောပါတယ်။

တစ်ဖက်မှာ လားရှိုးမြို့တွင်းဒေသခံ ၇၀ ရာခိုင်နှုန်းလောက် မြို့ကနေထွက်ခွာဖို့ကြိုးစားနေကြပြီး လမ်းပိုင်း ပြတ်တောက်မှုနဲ့ သွားလာခွင့်အကန့်အသတ်တွေကြောင့် ထောင်နဲ့ချီတဲ့ကားဆိုင်ကယ်တွေဟာ ထွက်မရပဲ ပိတ်မိတာတွေရှိနေတယ်လို့ဆိုပါတယ်။

လက်တလော လားရှိုးမြို့တွင်းထဲက နေအိမ်အများစုဟာ အိမ်တံခါးတွေပိတ်ထားကြပြီး မြို့ကစွန့်ခွာသွား သူတွေဒုနဲ့ဒေးရှိသလို တစ်ချို့ကတော့အခြေနေကြည့်ပြီးနေနေကြတာတွေလည်းရှိတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီလို နှစ်ဖက်တပ်တွေရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးထိခိုက်တာတွေ ဆက်တိုက်မြင့်တက်နေပေမဲ့ ဖုန်းနဲ့အင်တာနက်လိုင်းအခက်အခဲတွေကြောင့် KNG က အတိအကျအရေ အတွက်ကိုအတည်မပြုနိုင်သေးပါဘူး။

လားရှိုးမြို့တွင်းက လူမှုကူညီရေးအသင်းတွေနဲ့ဒေသခံတွေဆီကနေ လက်လှမ်းမှီသလောက်သိရတာကတော့ တိုက်ပွဲစဖြစ်တဲ့ ဇူလိုင်လ  ရက်နေ့ကနေ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့အထိကို လက်နက်ကြီးထိမှန်လို့ သေဆုံးခဲ့ရတဲ့ အရပ်သားက ၂၀ ဦးထက်မနည်းရှိပြီလို့ပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button