သတင်း

ပူတာအိုမှာ ခွေးရူးကိုက်ခံရလို့သေဆုံးသူ ၅ ဦးထက်မနည်းရှိလာ

ကချင်ပြည်နယ် ပူတာအိုဒေသထဲမှာ ခွေးရူးကိုက်ခံရတာကြောင့် သေဆုံးသူ  ဦးထက်မနည်းရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပူတာအိုမြို့ပေါ်နဲ့ မြို့နဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ဒီနှစ် မတ်လကစပြီး ခွေးရူးကိုက်ခံရသူ ၅၀ ဦးထက်မနည်းရှိခဲ့ပြီး အဲ့ဒီထဲက သေဆုံးသူ  ဦီးနဲ့အထက်ရှိပြီလို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ခုလို ခွေးရူးကိုက်ခံရပြီးသေဆုံးနှုန်းမြင့်မားနေတာဟာ ခွေးရူးပြန်ကာကွယ်ဆေးမထိုးနိုင်တာကြောင့်ဖြစ်သလို ခွေးရူးကိုက်ပြီးနောက်မှာလည်း အဆိပ်ဖြေဆေးကို အချိန်မှီဆေးမထိုးနိုင်တာကြောင့်ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဓိကတော့ ခွေးရူးပြန်ကာကွယ်ဆေးတွေက ဆေးရုံကြီး(ပြည်သူ့ဆေးရုံမှာမထိုးပေးလို့ဟုတ်တယ်။ ဆေးရုံကြီးမှာဆေးမရှိလို့တဲ့အပြင်မှာထိုးရတာဆေးသိပ်စျေးကြီးတယ် နာမ်ရှယ်ရှီးဒီရွာက သေသွားတဲ့ကလေး နှစ်ယောက်လည်းဆေးမထိုးထားဘူးပြောတယ်။ ပြီးတော့ ကောင်ကထောင်ရပ်ကွက်ထဲကအဖွားကြီးလည်းကာကွယ်ဆေးမထိုးထားဘူး မှေးခိုင်ဆေးပဲထိုးထားတာတဲ့လို့ ပူတာအိုမြို့ခံအခြားဒေသခံတစ်ဦးက ပြောပါတယ်။

ပူတာအိုဒေသ ပြည်သူတွေဟာ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးဖို့လိုအပ်ပေမယ့် ပြည်သူ့ဆေးရုံကြီးမှာ ကာကွယ်ဆေးမထိုးပေးနိုင်တာကြောင့် အပြင်ဆေးခန်းတွေမှာ ဆေးတစ်ချောင်းကို ငွေကျပ်လေးသောင်း ဝန်းကျင်ပေးပြီးထိုးနေရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ခွေးတစ်ခါကိုက်ခံရရင်ကာကွယ်ဆေးနဲ့အတူ အဆိပ်ဖြေဆေးထိုးဖို့လိုအပ်ပြီး သုံးကြိမ်ပြည့်အောင်ထိုးနှံရမှာဖြစ်ပေမယ့် အခက်ခဲအမျိုးမျိုးကြောင့် ဆေးမထိုးတဲ့သူတွေပိုများနေတယ်လို့လည်း သိရပါတယ်။

တချို့က အိမ်မှာပဲ ခွေးရူးပြန်ပြီးဆုံးသွားတယ်တစ်ယောက်က ဆေးရုံမှာဆုံးသွားတယ်။ သူ့ကိုထိတဲ့ဆရာမတွေအားလုံးက်ိုတောင်ကာကွယ်ဆေးထိုးလိုက်ရတယ်။ ဒါပေမယ့် အများပိုင်က အစစအရာရာခက်တော့ မထိုးနိုင်ကြဘူးလို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးကပြောပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ သေဆုံးသူ  ဦီးဟာ KNG သတင်းဌာနကအတည်ပြုရရှိထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာဒီထက်လည်းပိုများနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခုလိုခွေးရူးကိုက်ခံရတာဟာ ပူတာအိုမြို့နဲ့ကျေးရွာတစ်ချို့မှာ ခွေးလေခွေးလွှင့်တွေများလာတာကြောင် ဖြစ်တယ်လို့လည်း သိရပါတယ်။

ပူတာအိုမြို့နယ်ထဲမှာ အခုလိုခွေးရူးကိုက်ခံရလို့သေဆုံးသူ နှစ်စဉ်နှစ်တိုင်းရှိပေမယ့် ဒီနှစ်သေဆုံးနှုန်းအမြင့်ဆုံးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button