တိုက်ပွဲသတင်း

အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။

တစ်ဖက်မှာ လားရှိုးမြို့နယ်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၅ ရက်နေ့မနက်ပိုင်းကလည်းပစ်ခတ်သံတွေကြား နေရသလို ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၅၀၇ အနီးတစ်ဝှိုက်ကနေပစ်ခတ်မှုသံတွေကြားနေရဆဲလို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။

လားရှိုးကတော့ဆက်ဖြစ်နေတုန်းပဲ မနက်ကလည်းပစ်နေတာပဲ။ မနက်က ၅၀၇ တပ်နားတွေဖြစ်နေ တုန်းပဲ။ အပစ်ရပ်တယ်ဆိုပေမဲ့လည်း ပစ်ခတ်မှုတွေရှိနေတုန်းပဲ။ ဒေသခံတွေကတော့နေ့တိုင်းပြေးနေ တုန်းပဲလို့ဒေသခံတစ်ယောက်ကပြောပါတယ်။

တစ်ဖက်မှာ ကိုးကန့်တပ်မတော် MNDAA ဘက်က ဒီကနေ့မနက်ပိုင်းမှာ လားရှိုးမြို့နယ်အဝင်မုခ်ဦးအထိ ရောက်ရှိလာပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားတွေဆက်တိုက်ဖြည့်တင်းထားတဲ့အတွက် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ဒေသခံတွေကသုံးသပ်နေကြပါတယ်။

မနေ့ကညပိုင်း  နာရီဝန်းကျင်လောက်မှာ လားရှိုးမြို့နယ် နားမခေါ်ရပ်ကွက် လမ်းသွယ်  မှာ လက်နက်ကြီး စထိမှန်ခဲ့လို့ အသက်  နှစ်အရွယ် ကလေးငယ်တစ်ယောက်သေဆုံးခဲ့ပြီး အမျိုးသားတစ် ယောက်ထိခိုက် ဒဏ်ရာရှိခဲ့ပါသေးတယ်။

တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကထုတ်ပြန်ချက်ထဲမှာဆိုရင် နောင်ချိုမြို့နယ် ဘန့်ဘွေးနဲ့ ရေဝင်ရွာတွေမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဟာ သဲခေါ်ရွာနားက TNLA ရဲ့တပ်စခန်းကိုလက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သလို ဒရုန်းနဲ့ပါပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့နယ်ထဲမှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၁၊ ၅၀၂ တပ်ဖွဲ့တွေဘက်က စစ်ကြောင်းထိုး တိုက်ခိုက်လာလို့ နတ်တောင်အနီးတစ်ဝှိုက်နဲ့ နောင်ပိန်ရွာ တစ်ဝှိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။

တအာင်းတပ်မတော် TNLA ကိုးကန့်တပ်မတော် MNDAA တို့နဲ့ စစ်ကောင်စီတပ်အကြား ဇူလိုင်လ ၁၄ ရက် နေ့ကနေ ၁၈ ရက်နေ့အထိ  ရက်ကြာအပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တိုက်ခိုက်လာရင်တော့ ပြန်လည်ခုခံနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button