စစ်ပြေးဒုက္ခသည်များသတင်း

ဝါးရှောင်စစ်ရှောင်တွေ အစားအသောက်နဲ့ယာယီတဲဆောက်ဖို့အကူအညီလိုအပ်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာကနေ ဆိုင်လော်ရွာ(Sailaw Mare)ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေ အစားသောက်နဲ့ယာယီတဲဆောက်ဖို့ အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။

ဝါးရှောင်ကျေးရွာပြည်သူအများပိုင်း ပြီးခဲ့တဲ့ မေလ  ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ စစ်တပ်တို့အကြာားတိုက်ပွဲကြောင့် နေရပ်စွန့်စွာထွက်ပြေးကြပြီး ချီဖွေမြို့သွားလမ်းပေါ်ရှိ ဆိုင်လော်ရွာ  စာသင်ကျောင်းမှာ သွားရောက်တိမ်းရှောင်ကြတာဖြစ်ပါတယ်။

ဒါပေမယ့် စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ အချိန်ရောက်လာတဲ့အတွက် စစ်ရှောင်တွေဟာ စာသင်ကျောင်းကနေ ပြန်ပြောင်းရွေ့ဖို့လိုအပ်လာပြီး အစားအသောက်နဲ့စစ်ရှောင်တဲတွေဆောက်လုပ်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ ဝါးရှောင်ကျေးရွာဒေသခံတွေက KNGကိုပြောပါတယ်။ 

ခုလို နေရာထပ်ပြီးပြောင်းရွှေ့ဖို့ပြင်ဆင်နေတဲ့ဝါးရှောင်စစ်ရှောင်တွေ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး ယာယီတဲဆောက်ဖို့ မိုးကာ၊ ပျဉ်၊ ဝါး နဲ့တစ်ခြားအစားသောက် ကူအညီလိုအပ်နေတယ်လို့ ဝါးရှောင်ကျေးရွာဒေသခံ ရွာလူကြီး တစ်ဦးကခုလိုပြောပါတယ်။

အခုကျွန်တော်တို့ပြင်ဆင်ဖို့လုပ်ထားတာက အိမ်ခြေ ၂၀၀ကျော်အတွက် ဆိုတော့ တော်တော်တော့မလွယ်ဘူးပေါ့ ပြီးတော့ ကျွန်တော်တို့က ဆင်းရဲချမ်းသာမရွေး ဖေးမလိုစိတ်နဲ့ပေါ့ ဒါပေမယ့်လည်း အခြေအနေအရ ဘယ်လိုပြန်ဖြစ်မလဲတော့ မသိသေးဘူးလို့ဆိုပါတယ်။

လတ်တလော ဆိုင်လောကျေးရွာမှာ ကလေးသူငယ်၊သက်ကြီးရွယ်အိုတွေအပါအဝင် ဝါးရှောင်စစ်ရှောင်ပြည်သူ ၅၀ ဦးဝန်းကျင် ကြိုတိမ်းရှောင်နေထိုင်နေကြပြီဖြစ်ပြီး ကျန်တဲ့သူတွေကတော့ စစ်ရေးအခြေအနေကို စောင့်ကြည့်ပြီး မိုးစပါးစိုက်ပျိုးပြီးမှသာ ဆိုင်လောစစ်ရှောင်စခန်းကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတာဘဲ ဖြစ်ပါတယ်။

ဒါအပြင် တစ်ဖက်မှာတော့ ကုန်ဈေးနှုန်းအခြေအနေ၊လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံရေးအခြေအနေတွေကြောင့် အလုပ်အကိုင်ရှားပါးလာပြီး စားဖို့သောက်ဖို့ ခက်ခဲလာတယ်လို့ စစ်ရှောင်အမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။

အခက်အခဲကတော့ အဓိကတော့ပိုက်ဆံပေါ့ အစားအသောက်တွေလည်း ဝယ်စားရ ကုန်ဈေးနှုန်းတွေလည်းမြင့်တော့ ပြီးတော့ တချို့ဆို ဘာဝယ်စားရမှန်းမသိဘဲ နေနေကြတဲသူတွေလည်းရှိနေကြတယ်လို့ဆိုပါတယ်။

ဝါးရှောင်စစ်ရှောင်ပြည်သူတွေဟာ အရပ်ဘက်အဖွဲ့အစည်းတွေလက်လှမ်းမှီဖို့ခက်တဲ့ ဆိုင်လော်လို ကျေးရွာကိုယ်ထူကိုယ်ထပုံစံမျိုးနဲ့ စစ်ရှောင်နေကြတာဖြစ်တဲ့အတွက် တစ်ခြားစစ်ရှောင်တွေလို အစားအသောက် ၊ဆေးဝါးနဲ့ မိုးကာပစ္စည်း စတဲ့အကူအညီတွေရရှိဖို့ခဲယဉ်းနေတာဘဲဖြစ်ပါတယ်။

ဒါ့အပြင် သောက်ရေနဲ့ သုံးရေအတွက် တောင်ကျရေကိုလှောင်ထားတဲ့ရေကန်ကရေကိုအသုံးပြုနေကြပြီး မိုးရွာသွန်းချိန် ရေနှောက်သွားတတ်တဲ့အတွက် အဲဒီကရေတွေကို အသုံးပြုတဲ့သူတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ငှက်ဖျားရောဂါတွေလည်း ဖြစ်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇွန်လကဆိုရင် တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝါးရှောင်ဒေသခံစစ်ရှောင်ပြည်သူတွေဟာ ငှက်ဖျားရောဂါတွေအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလည်း ခက်ခဲနေခဲ့တာဖြစ်ပါတယ်။

ဝါးရှောင်ရွာအထက်မှာရှိတဲ့ ၁၃ မိုင်စုပေါင်းဂိတ်စခန်း ဆဒုံး၊ချီဖွေကနေ ဝိုင်းမော်မြို့ထဲဝင်တဲ့တစ်ခုတည်းသော စစ်တပ်ဂိတ်စခန်းဖြစ်ပြီး အဲဒီဂိတ်စခန်းကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်တဲ့နေ့ကစပြီး စစ်တပ်နဲ့ KIA တပ်တို့အကြား ဇွန်လကုန်ထိ စစ်ရေးတင်းမာနေခဲ့တာဖြစ်ပါတယ်။

ဝါးရှောင်ကျေးရွာက ဒေသခံပြည်သူတွေဟာ  လယ်ယာစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြတာဖြစ်တယ်လို့ သိရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ ကျား ၂၁၇၇ ဦး၊  ၂၂၇၃ ဦး၊ လူဦးရေစုစုပေါင်း ၄၄၅၀ ဦး နေထိုင်တဲ့ ရွာဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button