ဖမ်းဆီးခံရမှုသတင်း

TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၆ ဦးပြန်လွတ်ပေးခြင်းမရှိသေး

လားရှိုးမြို့နယ် နမ္မတူမြို့မှာ ကချင်လူငယ်  ဦးကို TNLA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

နမ္မတူမြို့  နမ်လာ(Namlalawk)ရပ်ကွက်  ရှိ စားသောက်ဆိုင်တစ်ခုမှာရှိနေတဲ့ KIA တပ်ဖွဲ့ဝင်  ဦးအပါအဝင် လူငယ်  ဦးကို ဇူလိုင် ၁၅ ရက်နေ့  ၁၀ နာရီဝန်းကျင်မှာ  တအာင်းလွတ်မြောက် TNLA တပ်ဖွဲ့က ရိုက်နှိက်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံတွေ ပြောပါတယ်။

အဲဒီညက  နာရီနဲ့ ၁၀ နာရီကြားမှာ  သူတို့က မနောမြေစားသောက်ဆိုင်မှာ စားသောက်ရင်း TNLA ပလောင်အကြောင်း ပြောမိဆိုမိကြပုံပဲ။ အဲလိုပလောင် TNLA မကောင်းကြောင်းပြောတော့ ဘေးနားက TNLA လူတွေက ဟိုဘက်ကို ဖုန်းဆက်ခေါ်လိုက်ပုံပဲ။ အဲဒီနောက် ဟိုအိမ်ခြံဝင်းလုပြီး ဂိတ်ဆောက်လိုက်တဲ့နေရာက TNLA တပ်သားတွေနဲ့ TNLA ရဲတပ်ဖွဲ့တွေရောက်လာပြီး အဲဒီလူငယ်တွေကို ဆိုင်ပြင်ခေါ်ထုတ်ပြီး ဝါးလုံး၊ တုတ်တွေနဲ့ ရိုက်လိုက်၊ ကန်လိုက် အတကုန်ရိုက်နှိက်ပြီး အချူပ်ဘက် ခေါ်သွားတယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

TNLA ကရိုက်နှက်ဖမ်းဆီးသွားတဲ့ လူငယ်တွေဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်ပြီး  ဦးကတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းနဲ့ မြို့ထဲရောက်တုန်း သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်နေချိန် ရိုက်နှက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆက်လက်သိရပါတယ်။

အဲဒီလူငယ်တွေဖမ်းခံရပြီး နောက်နေ့ ဇူလိုင် ၁၆ ရက်နေ့မှာ မိသားစုဝင်တွေ နဲ့ ရပ်မိရပ်ဖိတွေ သွားတွေ့ဖို့ လိုက်သွားပေမဲ့ TNLA ဘက်က တွေ့ခွင့်မပေးပဲနောက် ဇူလိုင် ၁၈ ရက်နေ့လောက်မှာ ပြန်လာတွေ့ဖို့ ပြောလိုက်တယ်လို့ ဆိုပါတယ်။  

 ကျနော်စဉ်းစားမိတာတစ်ခုက သူတို့ခြေလွန်၊လက်လွန် အတကုန်ရိုက်နှက်မိလိုက်လို့ ရုပ်ပျက်ဆင်းပျက်ဖြစ်သွားလို့ မပေးတွေ့တာလားလို့ တွေးမိတယ်။ အခုသူတို့ကို နမ္မတူအချူပ်ထောင်မှာဖမ်းထားတယ်။” လို့ နမ္မတူဒေသခံတစ်ဦးက  ဆက်ပြောပါတယ်။  

လူငယ်တွေကို ဘာကြောင့် ရိုက်နှက်ဖမ်းဆီးထားရကြောင်းနဲ့ပတ်သက်ပြီး တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့်ပြန်ကြားရေးအဖွဲ့နဲ့ နမ္မတူမြို့ရှိ TNLA တာဝန်ရှိသူတစ်ချို့ကို KNG သတင်းဌာနက ဆက်သွယ်ကြိုးစားနေပေမဲ့ လက်ရှိချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က နမ္မတူမြို့ထဲမှာ ဝင်ရောက်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA  တပ်ဖွဲ့ဝင် ၁၀ ဦးကို TNLA က ဖမ်းဆီးသွားပြီး နောက်နေ့မှာပဲ သက်ဆိုင်ရာ KIA လူကြီးတွေလာရောက်တွေ့ဆုံ ဆွေးနွေးပြီး ပြန်လည်လွတ်ပေးခဲ့တာဖြစ်ပါတယ်။

KIA တပ်ဖွဲ့ဝင်တွေကို TNLA ရဲ့ ခွင့်ပြုခြင်းမရှိပဲ နမ္မတူမြို့ထဲ ဝင်ခွင့်မပြုတာတွေ၊ KIA တွေကို ဝတ်စုံယူနီဖောင်းနဲ့ မြို့တွင်းဝင်ခွင့်မပြုပဲ ဂိတ်မှာတားဆီးပိတ်ပင်တာတွေကို TNLA ပြုလုပ်နေကြောင်း တွေ့မြင်တဲ့ ဒေသခံတွေက KNG သတင်းဌာနကို ပြောပါတယ်။

နမ္မတူမြို့ထဲမှာ ဒေသခံကချင်အမျိုးသမီး မုဆိုးမသားအမိရဲ့ အိမ်ခြံဝင်းကို TNLA က အတင်းအဓ္ဓမ သိမ်းယူပြီး ဂိတ်တည်ဆောက်လိုက်ကာ တပ်ချလိုက်တဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာတင်ဖြစ်ပွားခဲ့ပါတယ်။

နမ္မတူမြို့ထဲက ဒေသခံလူမျိုးပေါင်းစုံပဲ။အားလုံးပြောဆိုနေကြတာက ကျနော်တို့လိုချင်တာက ဒီမိုကရေစီဖြစ်တယ်။ ဒါပေမဲ့ သူတို့ ကွန်မြူနစ်ပုံစံလုပ်နေတယ်။ ဆိုတော့ ဒီ TNLA နဲ့ ပြည်သူလူထုတွေ တစ်နေ့တော့ ထိတွေ့ရမဲ့အချိန်ရောက်အုံးမယ်လို့ ခံစားနေကြတယ်။ အရင်က စကစထက် ပိုကြမ်းတမ်းတယ်။ ပိုကြပ်တယ်၊ အခွန်လည်းအရမ်းကောက်တယ်။ သွားလာရေးမှာလည်း လွတ်လပ်မှုမရှိဘူး။ ပိုအသက်ရှူကြပ်သလိုခံစားရတာလို့ အားလုံးပဲပြောနေကြတယ်။” လို့ နမ္မတူဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တွေဘက်က သိမ်းယူထိန်းချူပ်နေတဲ့ မြို့နယ်တွေမှာ ဒေသခံပြည်သူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကြား အဆင်မပြေမှုတွေ၊  TNLA နဲ့ ကိုးကန့် MNDAA တွေရဲ့ အုပ်ချူပ်မှုပုံစံအပေါ်  ပြည်သူတွေ ဝေဖန်ပြောဆိုနေတာတွေ များစွာ ရှိနေတာလည်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button