လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး

ရှမ်းမြောက် သိန္နီမြို့ စျေးတန်းတစ်ဝိုက် စစ်တပ်ကလေယာဉ်နဲ့ဗုံးကြဲလို့ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများတယ်လို့ ဒေသခံများထံကနေ သိရပါတယ်။

ဇူလိုင် ၁၈ မနေ့ ညနေ၅ နာရီဝန်းကျင် သိန္နီမြို့ရှိ စျေးတန်းတဝိုက်အပါအဝင် မြို့တွင်းနေရာ  နေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

အခုတလော သိန္နီကိုစစ်တပ်ကဆက်တိုက်ဗုံးကြဲတယ်။ မနေ့ညနေက ဗုံးလာကြဲတာက စျေးတန်းနားမှာဆိုတော့ လူအများရှိနေတဲ့နေရာဖြစ်တယ် အဲမှာ ထိခိုက်တာသေဆုံးတာ ဘယ်နှစ်ယောက်လောက်ရှိလဲအတိအကျမသိသေးဘူး။ အပေါ်ယံခန့်မှန်းချက်က ၂၀ ဝန်းကျင်ဟုတ်တယ်  ဒါကတော့ ခန့်မှန်းတာပဲ။ လို့ သိန္နီမြို့နဲ့ဆက်သွယ်နေသူတစ်ဦး ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ သိန္နီစျေး

လက်ရှိ သိန္နီမြို့ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေဆဲဖြစ်တာကြောင့် အရပ်သားသေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့အချက်လက် တိတိကျကျရဖို့ ကချင်သတင်းဌာန KNG ကလည်း ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။

တစ်ဖက်မှာ လားရှိုးမြို့အနီး စစ်တပ်နဲ့ ကိုးကန့် MNDAA တပ်ပေါင်းစုတို့ကြား တိုက်ပွဲတွေပြင်းထန်နေချိန် စစ်တပ်ဘက်က ကိုးကန့်ထိန်းချုပ်ထားတဲ့ မြို့တစ်ချို့မှာ တိုက်ပွဲဖြစ်တာမရှိပေမယ့်  လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့ သိန္နီမြို့ထဲကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူတွေရဲ့ ကားနဲ့နေအိမ်တွေထိခိုက်ပျက်စီးခဲ့သလို ဇူလိုင် ၁၁ ရက်နေ့ ညမှာလည်းမြို့ ပေါ်ရှိ စာသင်ကျောင်းနဲ့ ပညာရေးမှူးရုံးပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းဆောင်အားလုံးပျက်စီးတာတွေ ရှိခဲ့ပါတယ်။

အလားတူ ဇူလိုင်  ရက်ည သိန္နီမြို့ကို ထပ်ပြီးဗုံးကြဲတိုက်ခိုက်ရာ သိန္နီမြို့ရဲစခန်းအနီးဗုံးကျရောက်ပေါက်ကွဲပြီး အရပ်သားနေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့သလို ဇူလိုင် ၁၄ ရက်နေ့ ကိုးကန့်ထိန်းချူပ်ထားတဲ့ လောက်ကိုင်မြို့ကို လေကြောင်းနဲ့ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ  ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ နည်းဗျူဟာလည်း ဘယ်လိုလာတယ်ကျနော်တို့မသိရဘူး။ တစ်ဖက်မှာ ကိုးကန့်ရဲ့လမ်းကြောက လောက်ကိုင်– ကွမ်းလုံ –သိန္နီလားရှိုးက အဓိကလမ်းဖြစ်တယ်။ ဒီတိုက်ပွဲက ပိုမိုပြင်းထန်လာနိုင်တယ်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေကို သတိပေး၊အသိပေးချင်တာ တစ်ခုကတော့ ပြည်သူနဲ့နီးနီးကပ်ကပ်၊ပူးပူးတွဲတွဲ မနေဖို့ ဖြစ်တယ်။ အဲဒါကပြည်သူကို ဒုတ်စာတောင်းပေးတာလား၊ ပြည်သူတွေပဲ အကာအကွယ်ယူပြီးနေတာလား နားမလည်ဘူး။ ပြည်သူနဲ့အနီးကပ်မှာမနေဖို့ အဲဒီဟာတော့ အဓိကတောင်းဆိုချင်တယ်။” လို့ သိန္နီမြို့နဲ့ဆက်သွယ်နေသူ ဒေသခံကဆက်ပြောပါတယ်။

လက်ရှိ လားရှိုးနဲ့ သိန္နီကြားမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်တို့အကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး  လားရှိုးနဲ့ ကိုးကန့်ဒေသက ပြည်သူထောင်ချီ  ပြည်ဘက်ကို တိမ်းရှောင်နေကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ကစပြီး  ရက်ကြာအပစ်ခတ်ရပ်စဲဖို့ ကိုးကန့် MNDAA ဘက်က ထုတ်ပြန်စာထုတ်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ ကိုးကန့်ထိန်းချုပ်နယ်မြေတွေကို လေကြောင်းနဲ့ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေဆဲလည်းဖြစ်ပါတယ်။

လားရှိုးတိုက်ပွဲကြောင့် လားရှိုးမြို့ခံပြည်သူအားလုံးနီးပါးလည်း မြို့စွန့်ခွာပြီး မန္တလေး၊ တောင်ကြီးတွေနဲ့ ကွတ်ခိုင်မြို့တွေဘက်ကို တိမ်းရှောင်နေကြသလို မြို့ပြင်ရွာတချို့ကပြည်သူတွေ စစ်ရှောင်နေစရာအခက်ကြောင့် ပြန်လာနေကြသူတချို့လည်း ရှိနေတာဖြစ်ပါတယ်။

လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။   

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button