တိုက်ပွဲသတင်း

ဖားကန့်  လမောင်တပ်စခန်းကုန်းကို  KIA ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ် ဖားကန့်မြို့ အမြင့်ဆုံးတောင်မှာတပ်စွဲထားတဲ့ လမောင်ကုန်း ဗျူဟာမြောက်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဖားကန့်ပြည်သူတွေဆီကနေ သိရပါတယ်။

ဩဂုတ်လ ၁၄ ရက် ဒီမနက်  နာရီဝန်းကျင်ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

မနက်  နာရီလောက်ကနေစပြီး လမောင်ကုန်း အထိုင်စခန်းကို KIA  ပူးပေါင်းအဖွဲ့ စတိုက်နေပြီ လမောင်ကုန်းစခန်းက ဖားကန့်မှာ အမြင့်ဆုံးတောင်ပေါ်တပ်စွဲထားတာလည်း ဟုတ်တယ် အင်အားနှစ်ရာဝန်းကျင်လောက်ရှိတယ်လို့ ပြောပါတယ်။

KIA နဲ့ KPDF ပူးပေါင်းတပ် ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ လမောင်ကုန်းဗျူဟာမြောက်တပ်စခန်းဟာ လုံးခင်းအုပ်စုထဲပါရှိပြီး မြေပုံအုပ်စုခွဲတမ်းအရ လုံးခင်းအုပ်စု၊ ဖားကန့်အုပ်စု၊ ဆိပ်မူအုပ်စု ဆက်စပ်နေတဲ့နေရာမှာရှိသလို ဖားကန့်နဲ့ လုံးခင်းကို လှမ်းမြင်နေရတဲ့ အမြင့်ဆုံးတောင်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင်  စစ်အင်အား ၂၀၀ ထက်မနည်းတပ်စွဲထားတဲ့ ဆယ်စုနှစ်တစ်စုကြာ ဗျူဟာမြောက်စခန်းဖြစ်ပြီး ဖားကန့်မြို့ထဲက ဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူလှမ်းထောက်ထားတဲ့ အဓိကစခန်းကြီးတစ်ခုဖြစ်သလို စစ်ရေးအရအရေးပါဆုံးတပ်စခန်းကြီးဖြစ်တယ်လို့  ဖားကန့်ပြည်သူတွေကပြောပါတယ်။

အဲ့လမောင်ကုန်းက ဖားကန့်တဝိုက်အမြင့်ဆုံးတောင်ပဲ၊ စခန်းထဲအဝင်လမ်းလည်း တစ်ခုပဲရှိတာဟုတ်တယ် ဖားကန့်မြို့ထဲကဗျူဟာကုန်းနဲ့ လုံးခင်းယမ်းချက်ကို လက်နက်ပစ်ကူလှမ်းထောက်ထားတဲ့ အဓိကစခန်းကြီးတစ်ခုပဲ။လမောင်ကုန်းသာရရင် ဖားကန့်ဗျူဟာနဲ့ လုံးခင်းယမ်းချက်က အကူမဲ့သွားပြီလို့ ပြောပါတယ်။

ဖားကန့်မြို့နဲ့  မိုင်ဝန်းကျင်သာဝေးတဲ့ လမောင်ကုန်းတပ်စခန်းကြီးဟာ ဖားကန့်မြို့တစ်မြို့နယ်လုံးကို အပေါ်စီးကနေ ထိန်းချုပ်ထားတဲ့တပ်စခန်းဖြစ်ပြီး KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိိုက်နိုင်ပါက ဖားကန့်မြို့တစ်ခုလုံးကျသွားနိုင်ပြီလို့်လည်း ဖားကန့်ပြည်သူတွေက သုံးသပ်နေကြပါတယ်။

လက်ရှိချိန်ထိ နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး တိုက်ပွဲအခြေနေ အသေးစိတ်သိရဖို့ ဆက်စုံစမ်းနေဆဲဖြစ်ပါတယ်။

လတ်တလောက် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတာဖြစ်ပြီး ဖားကန့်ပြည်သူတွေဟာ IP STAR တပ်ဆင်ထားတဲ့ ဆိုင်တွေမှာ တစ်နာရီ ကျပ်  သောင်းပေးပြီး ဖုန်းအင်တာနက်သုံးနေကြတာလည်း ဖြစ်ပါတယ်။

တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး အင်ဖန်နော်ဘူကို KNG က ဖုန်းနဲ့ဆက်သွယ်နေပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

By – Zami

Show More

Related Articles

Back to top button