တိုက်ပွဲသတင်း

လမောင်(Lamawng) စစ်တပ်စခန်းကို KIA အပြီးသတ်သိမ်းပိုက်ကြောင်း KIO အတည်ပြု

ဖားကန့်မြို့တစ်ခုလုံးနဲ့  စစ်တပ်ဗျူဟာကုန်းကို လုံခြုံရေးယူပေးနေတဲ့ လမောင်စစ်တပ်ကုန်းနေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF ပူးပေါင်းတပ်တို့ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO ပြောပါတယ်။

လမောင်စစ်တပ်ကုန်းကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်း  နာရီလောက်မှာအပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

ဖားကန့်မှာ မနေ့ကနေ တိုက်တဲ့ လမောင်တပ်စခန်းကို ဒီကနေ့မနက်  နာရီလောက်မှာ သိမ်းလိုက်နိုင်ပြီ။ တောမှော်က မသိမ်းသေးဘူးထင်တယ် ဘာမှမပြောလာသေးဘူးလို့ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်တဲ့ လမောင်စစ်တပ်ကုန်းဟာ လုံးခင်းအုပ်စုထဲမှာရှိပြီး ဖားကန့်မြို့နဲ့  မိုင်လောက်အကွာမှာရှိတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်အတွင်း အမြင့်ဆုံးတောင်ကုန်းမှာရှိတဲ့ အဲဒီတပ်စခန်းကြီးမှာ စစ်အင်အားရာနဲ့ချီတပ်စွဲထားတဲ့အပြင် လက်နက်ကြီးအထိုင်ချထားပြီး ဖားကန့်မြို့ တစ်ခုလုံးနဲ့ စစ်တပ်ရဲ့အရေးပါတဲ့ ဖားကန့် ဗျူဟာကုန်း၊ ယမ်းချက်တပ်စခန်း၊ တောမှော်၊ ကံစီး စတဲ့ တပ်စခန်းနေရာတွေကို အဓိကလုံခြုံရေးနေရာယူထားပေးပြီး လက်နက်ကြီးလှမ်းထောက်ပေးနေတဲ့ တပ်စခန်းအကြီးဖြစ်ပါတယ်။

ဖားကန့် စစ်ဗျူဟာကုန်းကို တိုက်ခိုက်လို့မရအောင် လမောင်စစ်တပ်ကုန်းကနေ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ ပုံမှန်လုပ်ဆောင်ပေးနေတာလည်းဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် လက်ရှိ စစ်တပ်က လမောင်စစ်တပ်ကုန်းကို လက်လွတ်လိုက်ရတဲ့နောက်ပိုင်း အရေးပါတဲ့ စစ်တပ်နေရာတွေ လုံခြုံရေးကင်းမဲ့သွားမှာဖြစ်တယ်လို့ ဖားကန့်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

ဖားကန့်မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်မယ့် အနေအထားတော့မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဗျူဟာအရတော့ အရေးပါတဲ့ စစ်တပ်ကုန်းဖြစ်တယ်။ ကျန်တဲ့ စစ်တပ်စခန်းနေရာတွေကို တော်လှန်ရေးအင်အားစုတွေ သွားတိုက်ရင် နောက်ကျောမလုံးဘူးပေါ့လေ။ လက်နက်ကြီးနဲ့လှမ်းထောက်ရင် အခုလိုမျိုးလမောင်ကျသွားရင်တော့ အားတစ်ခုတော့ဖြစ်သွားတာပေါ့လို့ပြောပါတယ်။

လမောင်စစ်တပ်ကုန်း သိမ်းပိုက်မှုမှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်ခန့်ကိုလည်း KIA ဘက်က ဖမ်းဆီးရမိထားတယ်လို့သိရပေမယ့် တိုက်ပွဲအတွင်းထိခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေသေးတာလည်းဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း  နာရီဝန်းကျင်လောက်ကနေ လမောင်စစ်တပ်ကုန်းနဲ့ တောမှော် တပ်စခန်း  နေရာကိုတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ လမောင်စစ်တပ်ကုန်းကို သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိနေတဲ့ တောမှော်တပ်စခန်းကိုလည်း ပြန်လည်သိမ်းပိုက်ဖို့ KIA ဘက်က တိုက်ပွဲဆက်လက်ဖော်ဆောင်နေသေး KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေကပြောပါတယ်။

တောမှော်တပ်စခန်းကိုလည်း ဒီကနေ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံသိမ်းပိုက်သွားနိုင်တယ်လို့လည်း သတင်းအရင်းအမြစ်တွေကပြောပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကနေ ဧပြီလလောက်အထိ KIA တပ်တွေ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်း  ခုလောက်ကို သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားတာ  လလောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့မှာတော့ ဒုတိယအကြိမ် တစ်ကျော့ပြန် တိုက်ပွဲဖော်ဆောင်လိုက်ပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button