သတင်း

မြစ်ကြီးနား-မန္တလေးလမ်းပိုင်းမှာ နှစ်ဖက်တပ်တွေရဲ့အခွန်ကောက်ဂိတ်များလာ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကနေ မန္တလေးမြို့ကိုသွားတဲ့ လမ်းပိုင်းမှာနှစ်ဖက်လက်နက်ကိုင်တပ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်တွေများလာတယ်လို့ ကားသမားတွေကပြောပါတယ်။

မြစ်ကြီးနားမန္တလေး လမ်းပိုင်းတစ်ခုလုံးမှာဆိုရင် စစ်ကိုင်းတံတားစစ်ကောင်စီဂိတ်၊ နန့်စီးအောင် စစ်ကောင်စီဂိတ်တွေနဲ့ ကာကွယ်ရေးတပ်တွေကတော့ ဆားတောင်နယ်၊ရွှေဘိုနယ်တွေထဲမှာ အများဆုံး ဖြစ်ပြီး ကာကွယ်ရေးတပ်နှစ်ဖက်လက်နက်ကိုင်တပ်တွေအခွန်ကောက်တဲ့ ဂိတ်စုစုပေါင်း ၁၀ ခုထက် မနည်းရှိတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ အဲ့ဒီထဲမှာ ကာကွယ်ရေးတပ်တွေရဲ့ဂိတ်တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ်ကပိုများတယ်လို့ ကားသမား တွေကပြောပါတယ်။

ဂိတ်တွေကတော်တော်များတယ်။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက်မှာရှိတဲ့ဂိတ်တွေရှိသလို သူတို့ဘာသာ ကောက်တဲ့ဂိတ်တွေလည်း အနည်းအကျဥ်းရှိတယ်။ ဂိတ်တွေကကောက်တာက လမ်းကြေးတင်ကို ၅ထောင် ၁သောင်း ကောက်တာပေါ့။ ဂိတ်ကြေးကမများပေမဲ့ ဂိတ်တွေက အများကြီးပေါ့လေ။ အဲ့တော့ အသွား တစ်ကြောင်းပဲကို  သိန်းကျော်လောက်ကျတာပေါ့လို့ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ဂိတ်တွေဖြစ်တဲ့ မန္တလေးမြို့အထွက် စစ်ကိုင်းတံတားဂိတ်မှာဆိုရင် အန်စာတုံးကား အသေးတစ်စီးကို  သိန်းကျော်အထိပေးရတယ်လို့ ကားသမားတွေကပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဂိတ်တွေကတော့ ကားအသေးတစ်စီးကို ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ် ကောက်ခံပြီး တင်ဆောင်လာတဲ့ပစ္စည်းပေါ်မူတည်ပြီးတော့ အခွန်ထပ်ကောက်ခံတာလို့ သိရပါတယ်။

“ အခုလမ်းတွေကဂိတ်တွေကနေတောင်းလာကြတယ်။ KIA PDF ပဲဖြစ်ဖြစ် စစ်တပ်ဘက်ကပဲ ဖြစ်ဖြစ် ပေါ့။ အခွန်ရယ်လို့တစ်စီးကိုဘယ်လောက်သတ်မှတ်တာတော့မရှိသေးဘူး။ တင်လာတဲ့ပစ္စည်းပေါ် မူတည်ပြီး မင်းတို့ဘာတွေတင်လာတာလဲ အဲ့လိုမျိုးပေါ်မူတည်ပြီးပေးရတာ” လို့ပြောပါတယ်။

အခုလိုအခွန်ဂိတ်တွေများပြားလာတာ အခွန်ကောက်ခံတဲ့ငွေကြေးများပြားလာတာတွေကြောင့် မြစ်ကြီးနား မြို့ဒေသခံတွေပိုမိုခက်ခဲကြရပြီး လမ်းပိတ်ထားတဲ့ကာလမှာအခွန်ကောက်ခံတဲ့ဂိတ်များလာတာဟာ တက်လာတဲ့ကုန်ဈေးနှုန်းကိုမလျှော့ချနိုင်တော့ပဲ ဒေသခံတွေသာနစ်နာရတယ်လို့ ကားသမားတွေကပြောပါ တယ်။

တကယ့်တကယ်ထိခိုက်တာကဒေသခံတွေပဲ သူတို့က လမ်းကြေး ၅၀၀၀ ဆိုရင် အဲ့အတွက် ကုန်သည်တွေ က အမြတ်ထပ်တင်၊ ကားသမားတွေကပါ ထပ်တင် ကြားထဲကနေပြည်သူတွေပဲ ကုန်ဈေးနှုန်း ဒဏ်ခံရတာ ပေါ့။ ကုန်ဈေးနှုန်းကမတက်ရင်လည်း သယ်ယူ စားရိတ်ကြောင့် ကုန်ဈေးနှုန်းတွေကတက်ကုန် ကြတာ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၆ ရက်နေ့လောက်ကစကချင်လွတ်လပ်ရေးတပ်မတော်KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေဟာ အင်းတော်မြို့အပါအဝင် ကချင်နဲ့စစ်ကိုင်းအစပ်ကမြို့တွေကိုသိမ်းပိုက်ဖို့အတွက် စစ်ဆင်ရေး လုပ်နေတာဖြစ်ပြီး အဲ့ဒီမြို့သိမ်းတိုက်ပွဲကြောင့် လမ်းတွေပိတ်ထားရတာဖြစ်ပါတယ်။

လက်ရှိတော့ တိုက်ပွဲဖြစ်နေတဲ့အင်းတော်မြို့လမ်းပိုင်းကိုရှောင်ပြီးတော့ အန်စာတုံးလို့ခေါ်တဲ့ ကားအသေး တွေ နဲ့ ခရီးသည်တစ်ချို့၊ကုန်ပစ္စည်းတစ်ချို့ကို သယ်ယူပြေးဆွဲနေတာ ပြီးခဲ့တဲ့စက်တင်ဘာလ ပထမအပတ် ကတည်းကဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button