ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ သန်ခေါင်စာရင်းစာတင်ကောက်ယူနေ

ကချင်ပြည်နယ် မြို့နယ်  ခုမှာ စစ်ကောင်စီတပ်က အောက်တိုဘာလဆန်းပိုင်းကစပြီး သန်ခေါင်စာင်းကောက်ယူနေပြီလို့ သိရပါတယ်။

တစ်နိုင်ငံလုံး စစ်ရေးပြင်းထန်နေချိန် စစ်ကောင်စီက ရွေးကောက်ပွဲအတွက် မဲစာရင်းတိကျဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သန်းခေါင်စာရင်း စတင်ကောက်ယူနေပြီး  ကချင်ပြည်နယ်မှာတော့ မြစ်ကြီးနား၊ တနိုင်း၊ပူတာအိုစတဲ့မြို့တွေမှာ စတင်ကောက်ယူနေပြီလို့ သိရပါတယ်။

ခု မြစ်ကြီးနား တစ်ချို့ရပ်ကွက်တွေတော့ကောက်နေပြီဗျ ရမ်ပူတို့ သီတာတို့မှာစပြီ။ တပ်ကုန်းမှာလည်းလာမယ်လို့တော့အကြောင်းကြားထားပြီအိမ်တွေမှာလာတော့မကောက်သေးဘူးလို့ ရမ်ပူဒေသခံတစ်ဦး ပြောပါတယ်။

ပူတာအိုမြို့ပေါ်ရပ်ကွက်တွေမှာတော့ အောက်တိုဘာ  ရက်နေ့ကနေစပြီး စတင်ကောက်ယူနေပြီလို့ပူတာအိုမြို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။

ပူတာအိုမှာလည်းစပြီမနေ့ကနေစကောက်နေတယ် တစ်အိမ်ဝင်တစ်အိမ်ထွက် ညမှာတော့မဟုတ်ဘူးနေ့ခင်းမှာကောက်နေတာ ဘယ်မှမသွားရဘူးတစ်အိမ်တစ်ယောက်စောင့်ရမယ်ဆိုလို့တစ်နေကုန်သူတို့ကိုစောင့်နေရတာလို့ လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီကအခုလိုသန်ခေါင်စာရင်းကောက်ယူရာမှာတော့ အိမ်ထောင်စုစာရင်းမှာပါဝင်တဲ့လူတစ်ဦးချင်းစီရဲ့အသက်၊ပညာအရေအချင်း၊ ကျန်းမာရေးအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိမရှိ၊ အိမ်အသုံးအဆာင်ပစ္စည်းစတဲ့အချက်အလက်တွေပါတဲ့ မေးခွန်း ၆၀ ကျော်ပါတဲ့စာတမ်းနဲ့ကောက်ယူတာအပြင်  Digital စနစ်နဲ့ကောက်ယူနေတာလို့ မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဘာတွေမေးမှန်းမသိဘူး ကျောင်းဘယ်နှစ်တန်းအထိတက်ခဲ့လဲ၊ အကြားအာရုံကောင်းလားအမြင်အာရုံကောင်းလား အဲ့တာကအစမေးတယ် အိမ်မှာအမျိုးသားဘယ်နှစ်ယောက်ရှိလဲ မေးတယ်။ ပြီးရင်သူတို့မေးတဲ့အချက်တွေကိုဖုန်းထဲမှာဖြည့်ပြီးတခါတည်းသိမ်းသွားတယ် သူတို့က ဆော့ဝဲထဲသိမ်းတာ။ ဖုန်းဆော့ဝဲထဲအချက်အလက်အကုန်သိမ်းသွားတယ်လို့ အသက် ၄၀ ကျော်အရွယ်မြစ်ကြီးနားမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီက အိမ်ထောင်စုထဲကနေ ပြည်ပထွက်ခွာသူရှိပါက ပြည်ပမှာနေထိုင်နေသူရဲ့အချက်လက်အသေးစိတ်အချက်အလက်တွေကိုလည်းကောက်ယူသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက လက်ရှိကောက်ယူနေတဲ့ သန်ခေါင်စာရင်းတွေကို စစ်ကောင်စီပြင်ဆင်နေတဲ့ လာမယ့်ရွေးကောက်ပွဲအတွက်အသုံးချဖို့ဖြစ်သလို ၎င်းတို့ပြဌာန်းထားတဲ့စစ်မှုထမ်း ဥပဒေအတွက် အသုံးချဖို့လည်းဖြစ်နိုင်တယ်လို့ ပြည်သူတွေက သုံးသပ်နေကြပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button