တိုက်ပွဲသတင်း

ဗန်းမော်မြို့ပေါ် ရပ်ကွက်အများစု KIA ထိန်းချုပ်ထားနိုင်ပြီလို့ဆို

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ရှိလာချိန် မြို့ပေါ်ရပ်ကွက်အများပိုင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ  ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့အတွက် မြို့ရဲ့ပတ်ပတ်လည်ကနေ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဒီကနေ့ဆိုရင် ဗန်းမော်မြို့ကိုသိမ်းပိုက်ဖို့ဦးတည်နေတဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးဟာ တစ်ပတ် ကျော်  ရက်မြောက်နေ့အထိရှိလာပြီဖြစ်ပြီး ဗန်းမော်မြို့တွင်း ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ အစိုးရရုံးရှိရာ ရပ်ကွက်အားလုံးနီးပါး KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီလို့ ဗန်းမော်KUG/KPDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

မြို့ထဲကိုဝင်ထားတဲ့အဖွဲ့တွေကတော့ စခန်းတော်တော်များများကိုသူတို့သိမ်းထားပါတယ်။ ရဲစခန်းတို့၊ ထွေအုပ်ရုံးတို့ပေါ့။ တပ်စွဲထားတဲ့ နေရာ တော်တော်များများကိုလည်းသိမ်းထားနိုင်တယ်။ စခန်းအရေ အတွက်ကတော့ ၁၂ ခုလောက်သိမ်းထားနိုင်တယ်ပေါ့လေ။ အခုကတော့ ဗန်းမော်မြို့ စကခ ၂၁ နဲ့ ခလရ ၄၇ ကလွဲရင် မြို့ထဲနေရာတော်တော်များများကိုထိန်းထားပြီလို့ပြောလို့ရပါတယ်လို့ပြောပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ပြင်မှာရှိတဲ့ ဗန်းမော်နည်းပညာတက္ကသိုလ်ကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားပြီး ခလရ ၄၇ ကိုဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဗန်းမော်မြို့တွင်းထဲက အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခလရ ၄၇ တို့လို စစ်ကောင်စီအထိုင်ချရာ တပ်တွေနဲ့တိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေပြီး အဲ့ဒီအနီးတစ်ဝှိုက်ကရပ်ကွက်တွေမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်တာတွေရှိတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင် ဗန်းမော်တက္ကသိုလ်၊ ၂မိုင်၊ ၄မိုင်နဲ့ ၆မိုင်၊ မံစီမြို့နယ်ထဲမှာကျန်နေတဲ့ ခမရ ၆၀၁၊၃၁၉ နဲ့ ၃၅၂ တို့မှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို နှစ်ဖက်တပ်တွေအကြားတိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ မြို့တွင်းရပ်ကွက်နေရာတစ်ချို့ မီးလောင်ပျက်ဆီးမှုတွေရှိနေပြီး ရဲစခန်း၊ထွေအုပ်ရုံးအပါအဝင်၊ စံကိုယ်ပိုင် အထက်တန်းကျောင်း၊ Friendship Hotel  မိုင်အနီးတစ်ဝှိုက်ကနေအိမ်တစ်ချို့နဲ့ ခွန်သာရပ်ကွက်ကနေအိမ်တွေမှာ မီးလောင် ပျက်ဆီးမှုတွေရှိနေတာလို့ သိရပါတယ်။

တစ်ဖက်မှာ ဒေသခံတွေဟာလည်းတိုက်ပွဲဖြစ်ပြီး  ရက်လောက်အကြာ ဒီဇင်ဘာ  ရက်နေ့လောက်ကစပြီး မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီး အများစုက မန္တလေးလိုမြို့ကြီးအပါအဝင် ဗန်းမော်မြို့ရဲ့တစ်ဖက်ကမ်းက ကျေးရွာတွေ၊ ကသာ၊ရွှေကူ၊ စင်းခမ်း နဲ့ ဘေးလွှတ်ရာ တောတောင်တွေထဲဦးတည်ထွက်ပြေးနေကြရပြီး အဘက်ဘက်ကအကူညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

အဓိကလိုအပ်တာ စားနပ်ရိက္ခာတွေနဲ့အဝတ်အထည်၊ဆေးဝါးတွေလိုအပ်တယ်။ တစ်ချို့ရပ်ကွက်မှာက လက်နက်ကြီးကျလာတော့ ချက်ချင်းထပြေးရတာရှိတယ် အဲတော့ ဘာမှမပါလာဘူးလေလို့ ဗန်းမော်ကနေ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၂၁အခြေစိုက်ရာ မြို့ဖြစ်သလို ခလရ(၂၃၆) ခလရ(၄၇)နှင့် အမြောက်တပ်တွေဖြစ်တဲ့ အမတ(၃၃၆),(၃၀၄)နှင့် အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်းငါးရင်းလောက် အခြေစိုက်ထားသည့် တပ်မြို့ဖြစ် ပြီး စစ်ရေးအရအင်မတန်အရေးပါတဲ့မြို့လို့စစ်ရေးသုံးသပ်သူတွေကဆိုကြပါတယ်။

တစ်ဖက်မှာ တရုတ်နိုင်ငံနဲ့ မိုင် ၅၀ ခန့်အကွာမှာပဲရှိတဲ့ စစ်ရေးအရအင်မတန်အရေးပါတဲ့ ဗန်းမော်မြို့ကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်ဖို့ဦးတည်နေချိန်မှာပဲ တရုတ်နိုင်ငံအစိုးရက KIO ကိုတွေ့ဆုံဖို့ဖိတ်ခေါ်ခဲ့တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ဒီဇင်ဘာလ  ရက်နေ့ကဖြေကြားခဲ့ပါတယ်။

လက်ရှိတော့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့မှာ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့နဲ့ တွေ့ဆုံဖို့ရောက်ရှိနေပြီလို့သိရပြီး ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အခြေနေအသေးအစိတ်ကို KNG က မသိရသေးပါဘူး။

ဒီအရေးပါတဲ့ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် အာရက္ခ တပ်တော် AA ကျောင်းသားတပ်မတော် ABSDF ကူကီးအမျိုးသားများတပ်မတော်၊ KIA ဂေါ်ရခါး တပ်ရင်း နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF တို့က ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button