ဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

ဝန်းသိုမှာ အမျိုးသမီးနဲ့ကလေးအပါအဝင် ၇ ဦးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်မှာ စစ်ကောင်စီတပ်က အမျိုးသမီး ၄ ဦးနဲ့ ကလေး ၂ ဦးအပါအဝင် ၇ ဦးကိုသတ်ဖြတ်ခဲ့တယ်လို့ KNG က စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့ မနက်ပိုင်း ၄ နာရီလောက်မှာ ဝန်းသိုမြို့အဝင် အာမခံကျေးရွာတစ်ဝှိုက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာရင်း အခုလိုသတ်ဖြတ်မှုကိုကျူးလွန်ခဲ့တာလို့ သိရပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ဆိုင်ကယ်နဲ့နယ်လှည့်ဈေးရောင်းတဲ့ဈေးသည်တွေဖြစ်ပြီး ဖြစ်စဥ်ဖြစ်ပွားခဲ့တဲ့အာမခံကျေးရွာဟာ ဝန်းသိုမြို့အဝင်မှာတည်ရှိသလို အဲ့ဒီဒေသတစ်ဝှိုက်ကိုစစ်ကောင်စီကစိုးမိုးထားတာလို့ Kawlin Info ကတာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

ကလေးနှစ်ယောက်ပါတယ်။ ကလေးလေးတွေကကျောပိုးအရွယ်ကလေးတွေကျောပိုးပြီးတော့ ဈေးရောင်းတာဖြစ်ပုံရ ပါတယ်။ နောက်မှသိရတာကအဲ့နားတစ်ဝှိုက်ကို စစ်ကြောင်းဖြတ်သွားတာလို့သိရတယ်။ အဲ့ဒီနေရာက စကစတွေပျူစောထီး တွေဂိတ်တွေ အများကြီးရှိတဲ့နေရာဆိုတော့ တော်လှန်ရေးအဖွဲ့တွေမသွားရဲဘူးဗျလို့ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေကတော့ အသက် ၃၀ ကျော်အရွယ် မြို့သစ် ၁ ရပ်ကွက်က ကိုလင်း+မနန္ဒာလှိုင်နှင့်လသားကလေးငယ် တို့ မိသားစုအပါအဝင် စက်ဝင်းရပ်ကွက်မှ မအေးသူနှင့် တစ်နှစ်သားကလေးငယ် နဲ့ အသက် ၂၀ ကျော်အရွယ် မချစ်စု၊ မဝင်းရီ တို့သတ်ဖြတ်ခံခဲ့ရတာလို့ သိရပါတယ်။

တစ်ဖက်မှာ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီထောက်ခံတဲ့တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေက အဆိုပါအရပ်သားတွေကိုသတ်ဖြတ်ခဲ့တာလို့ရေးသားနေကြပါတယ်။

စစ်ကောင်စီရဲ့ပေ့ချ်တွေမှာတော့ တင်ထားတာကြာပြီ။ ကျနော်တို့ကသေချာအောင်စုံစမ်းနေတာ။ သူတို့ကတော့ ၂၇ ရက်နေ့ လောက်ကတည်းကတင်တာပေါ့။ ကျနော်တို့ကတော့စုံစမ်းနေလို့နောက်ကျသွားတယ်။ ပြီးတော့အဲ့နားက ကျနော်တို့အဖွဲ့ တွေလက်လှမ်းမမှီဘူးဗျ။ သူတို့စိုးမိုးနယ်မြေဆိုတော့စုံစမ်းရတာခက်တယ်လို့ KawlinInfo ကဆက်ပြောပါတယ်။

ဝန်းသိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်ရင်း ခမရ ၁၂၀နဲ့ ခလရ ၁၁၁ တပ်ရင်းတွေစစ်ရေးလှုပ်ရှားရာနယ်မြေတွေဖြစ်ပြီး ဒီသတ်ဖြတ်မှုကိုကျူးလွန်သွားတာကတော့ ဘယ်လက်အောက်ခံတပ်ရင်းဆိုတာအတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။

ဒါ့အပြင် ဝန်းသိုမြို့နယ်အတွင်း ဖောင်းပြင်မြို့နယ်ကစစ်ကောင်စီတပ်တွေကိုလည်းအင်အားဖြည့်တင်းထားတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေကဆိုကြပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၉ ရက်နေ့ကလည်း ဝန်းသိုမြို့နယ်က နမ်းခမ်းကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းအသုံးပြုဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သား ၂၆ ဦးအထိသေဆုံးခဲ့ရပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့မတ်လ  လအတွင်း စစ်ကောင်စီရဲ့လက်ချက်ကြောင့် အမျိုးသမီး ၆၆ ဦးအထိသေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီသမဂ္ဂ BWU က ထုတ်ပြန်ချက်အရသိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button