မြစ်ကြီးနားမြို့မှာ နေအိမ် ဖောက်ထွင်းတဲ့ သူခိုးတစ်ဦးဖမ်းဆီးရမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင်း ဖုန်းဝင်ခိုးတဲ့ သူခိုးတစ်ဦးကို ရပ်ကွက်နေပြည်သူတွေ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မေလ ၈ ရက် ယနေ့မနက် ၈ နာရီဂျန်မိုင်ကောင်ရပ်ကွက် ညဈေးအနီးမှာရှိတဲ့နေအိမ်မှာ ဆိုင်ကယ်နဲ့လူကယ်နှစ်ဦးရောက်လာပြီးဖုန်းဝင်ခိုးသွားတာဖြစ်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။
“ကျမဆေးခန်းမှာ ဆေးကုထားတာပြန်လာတော့ ကျမသားကတုန်နေပြီ ဘာဖြစ်တာလဲမေးတော့ သူခိုးကအိမ်ထဲဝင်ပြီးဖုန်းခိုးသွားတာ သူ့ဖုန်းပါသွားပြီလေ ကလေးကတုန်နေပြီ။ သူခိုးကနှစ်ယောက်ဟုတ်တယ်”လို့ ပြောတယ်။
နေအိမ်တွင်း ဖုန်းဝင်ခိုးတဲ့ သူခိုးနှစ်ဦးအနက် တစ်ဦးက ဆိုင်ကယ်နဲ့ထွက်ပြေးလွှတ်မြောက်သွားတယ်လို့ သိရပြီး ကျန်တစ်ဦးဆိုင်ကယ်ကနေ ပြုတ်ကျပြီး ခြေကျင်ထွက်ပြေးသွားရာ ဂျန်မိုင်ကောင်း KBC စစ်ရှောင်စခန်းနားမှာ ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
“အဲ့နားမှာမိလိုက်တာ သူခိုး၊သူခိုးဆိုပြီး အော်ပြီးလိုက်ကြတော့ ဝိုင်းဖမ်းကြတာ”လို့ ဂျန်မိုင်ကောင်းရပ်ကွက်နေ နောက်ထပ်အမျိုးသမီးတစ်ဦး ဆက်ပြောပါတယ်။
ဆိုင်ကယ်တရကြမ်းမောင်းနှင်ထွက်ပြေးသွားတဲ့သူခိုးက စျေးမှပြန်လာတဲ့ စျေးသည်တစ်ဦးကိုလည်း ဆိုင်ကယ်နဲ့ဝင်တိုက်သွားတာကြောင့် ထိုစျေးသည်မှာ ပွန့်ပဲ့ဒဏ်ရာများရသွားပြီး အာရုဏ်ဉီးဆေးခန်းမှာ ဆေးကုသနေရကြောင်း သိရပါတယ်။
“သူခိုးဆိုတာနဲ့ စျေးသည်ကို အရင်တိုက်ထားတာလေ အဲ့နားရေဆေးစီလိုက်ကောင်လေးတွေက စျေးသည်ကိုထူရင်းကြောင်နေတာ။ ဆေးခန်းမှာ ထားထားတာ ဒဏ်ရာပြင်းလား ဘာလားမသိဘူး”လို့ ဒေသခံမျိုးသားတစ်ဦး ပြောပါတယ်။
ဖမ်းမိထားသော သူခိုးအား ရပ်ကွက်လူကြီးများမှမေးမြန်းမှုများလုပ်နေကြောင်းသိရပါတယ်။
ဂျန်မိုင်ကောင်ရပ်ကွက်မှာ လွန်ခဲ့တဲ့ အပတ်ကလည်း ဘုန်းကြီးကျောင်းနား မိန်းကလေးငယ်တစ်ဦးရဲ့ ဆိုင်ကယ်လုယက်မှုလည်း ဖြစ်ခဲ့တယ်လို့ရပ်ကွက်နေပြည်သူများထံမှ သိရပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုများကြား မြစ်ကြီးနားမြို့ ရပ်ကွက်တိုင်းလိုလိုမှာ ခိုးဆိုးလုယက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားနေကြောင်း မြစ်ကြီးနားမြို့ခံတွေထံမှ သိရပါတယ်။
By – အမီး