သတင်း

ပူတာအိုမှာအိမ်ငှားခစျေးအဆမတန်မြင့်တက်

ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ အိမ်ငှားခတွေ ဈေးအဆမတန်မြင့်တက်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အာဏာသိမ်းပြီးနောက် လူနေထူထပ်လာတဲ့ ပူတာအိုမြို့မှာ အိမ်ငှားနဲ့အခန်းငှားနေထိုင်သူတွေများလာတာကြောင့် အိမ်ငှားခ၊အခန်းငှားခ ဈေးမြင့်တက်လာနေတယ်လို့ ကောင်ကထောင်ရပ်ကွက်က အိမ်ငှားနေထိုင်သူအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ပထမတစ်နှစ်က အခန်းဆိုတစ်ခန်းကို ၁၅၀၀၀၊၂၀၀၀၀ပေါ့တစ်လကို အခုက အဲ့လောက်နဲ့မရဘူး ၃၀၀၀၀၊၃၅၀၀၀ခွဲဖြစ်သွားပြီ အိမ်လုံးပြတ်ဆိုရင် လေး၊ငါးသိန်းအထိရှိတယ်လို့ အသက် ၄၀ ကျော်အရွယ်အိမ်ငှားနေထိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။

ပူတာအိုမြို့ပေါ်မှာ အိမ်ငှားခနဲ့အခန်းခ မြင့်တက်လာတာ တစ်နှစ်ကျော်သာရှိသေးပြီး ၂၀၂၃ ခုနှစ်အထိတော့ အိမ်ခန်းတစ်ခန်း ကျပ် ၁၅၀၀၀( တစ်‌သောင်းခွဲ)၊ ကျပ် ၂၀၀၀၀ ( နှစ်သောင်း) လက်ရှိမှာ တစ်ခန်းကို ကျပ် ၃၅၀၀၀ ( သုံးသောင်းခွဲ)၊၄၀၀၀၀( လေးသောင်း) ယခင်အိမ်လုံးပြတ်တစ်တစ်အိမ်ကိုကျပ် ၁၀၀၀၀၀(တစ်သိန်း)၊ ၁၅၀၀၀၀ ( တစ်သိန်းငါးသောင်း)ကနေ လက်ရှိမှာတော့ ကျပ် ၂၀၀၀၀၀ ( နှစ်သိန်း)၊ကျပ် ၄၀၀၀၀၀ (လေးသိန်း)အထိမြင့်တက်နေတယ်လို့သိရပါတယ်။

အိမ်ကောင်းရင်ကောင်းသလိုပေါ့ တိုက်ပုဆိုရင် ၂၀၀၀၀၀ ဝန်းကျင်ရှိတယ် ပျဥ်ထောင်အိမ်တို့အိမ်ကြီးအိမ်ကောင်းတွေဆိုရင်တော့ သုံးသိန်း ၊လေးသိန်းအထိရှိတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကဆက်ပြောပါတယ်။

ပူတာအိုဒေသမှာ စစ်အာဏာမသိမ်းမှီက အိမ်ငှားနဲ့အခန်းငှားနေထိုင်သူ မရှိသလောက်နည်းပါးပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်းမှာတော့ မြန်မာပြည်အလယ်ပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ကျေးရွာမီးရှို့မှု၊လေယာဥ်ဗုံးကျဲမှုစတဲ့စစ်မက်ဘေးဒဏ်တွေကြောင့် ပူတာအိုဒေသဘက်ကိုရွေ့ပြောင်းလာကြသူအများအပြားရှိနေလို့အခုလိုစျေးတက်လာတာလို့သိရပါတယ်။

အများပိုင်းကစစ်ကိုင်းတိုင်းထဲကများတယ်ပြီးတော့ရွှေဘို၊ကသာဘက်ကတွေလည်းရှိတယ် ဒီဘက်ကိုစီးပွားရေးလာလုပ်ကြတာတချို့လည်းအလုပ်လာလုပ်ကြတာသူတို့ကအိမ်ငှားနေကြတယ် စျေးတက်တက်လာတာ”ပူတာအိုမြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

ပူတာအိုဒေမှာတော့ အိမ်ငှားခ၊အခန်းခတွေစျေးတက်လာသလို အိမ်ခြံမြေစျေးကွက်တွေလည်း ယခုနှစ်ပိုင်းအတွင်းစံချိန်တင်မြင့်တက်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button