သတင်း

ဟုမ္မလင်းနယ်မှာ SNA တပ်ရဲ့ တပ်သားသစ်စုဆောင်းခိုင်းမှုကြောင့် အုပ်ချုပ်ရေးမှူးများတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ထဲမှာ စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသားတပ်မတော် SNA ပူးပေါင်းတပ်က အတင်းအဓမ္မလူသစ်စုဆောင်းခိုင်းမှုတွေကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက ကျေးရွာတွေမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ကနေတဆင့် နာမည်စာရင်းကောက်ခံခိုင်းပြီး ပြည်သူ့စစ်မှုထမ်းအတွက် အတင်းအဓမ္မလူသစ် စုဆောင်းခိုင်းနေတာကြောင့် အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေရတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

အုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီးနာမည်စာရင်းတောင်းတယ် လူဘယ်နှစ်ယောက်ပေးဆိုပြီးပြောတယ်။ လူမစုပေးနိုင်တဲ့အုပ်ချုပ်ရေးမှူးတွေဆိုတခါတည်းခေါ်ထားလိုက်တာ အိမ်မပြန်ခိုင်းတော့ဘူး အဲ့ကြောင့်တချို့အုပ်ချုပ်ရေးမှူးတွေကကြောက်လို့ ဒီချိန်မှာလူလည်းမစုပေးရဲတော့ရှောင်ကုန်ကြတာပေါ့လို့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းမြို့နဲ့ ဆယ်မိုင်ပတ်ချာလည်မှာရှိတဲ့ နားနုန်း၊နားသဲ၊ခုံတမ်း ၊မျောက်ကုန်းစတဲ့ကျေးရွာထဲက အုပ်ချုပ်ရေးမှူးတွေဟာ လတ်တလော တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

လောလောဆယ်ကတော့ ရှမ်းနီစိုးမိုးနယ်မြေထဲက အုပ်ကြီးတွေရှောင် နေကြတယ် ခုံတမ်းအုပ်စုထဲကရွာတွေပါ့ နားနုန်း၊နားသဲပါတယ် တချို့အုပ်ချုပ်ရေးမှူးတွေကိုSNA တွေဖမ်းထားတယ်အ့ကြောင့်ရှောင်နေကြတာလို့ ဟုမ္မလင်း‌မြို့ခံအမျိုးသားတစ်ဦးကဆက်ပြောပါတယ်။

စစ်ကောင်စီနဲ့SNA တပ်တွေဟာ ခုံတမ်းကျေးရွာအုပ်စုထဲက ရွာတွေကို မေလ လဆန်းပိုင်းကစ ကွင်းဆင်းပြီးအုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ စစ်မှုထမ်းအတွက်လူသစ်စုဆောင်းပေးဖို့ ညွှန်ကြားခဲ့ပြီး လူသစ်မစုဆောင်းပေးနိုင်တဲ့အုပ်ချုပ်ရေးမှူတွေကိုဖမ်းဆီးထိန်းသိမ်းထားတာတွေရှိနေတာကြောင့် အုပ်ချုပ်ရေးမှူးတွေတိမ်းရှောင်နေကြရတာလို့သိရပါတယ်။

SNAနဲ့စစ်ကောင်စီတပ်တွေဟာ ခုံတမ်းကျေးရွာအုပ်စုကျေးရွာတွေထဲက တစ်ရပ်ကွက်ကို နှစ်ဦးနှုန်း ပြည်သူ့စစ်မှုထမ်းဖို့တောင်းနေပြီး လူမရတာကြောင့် ဖမ်းဆီးတာတွေရှိနေလို့ လူငယ်တွေလည်းတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ပထမကတော့ အုပ်ချုပ်ရေးမှူးတွေလူစုထားရင်အ့စာရင်းအတိုင်းမဲနှိုက်မယ်ဆိုပြီးပြောထားတာမခုလူမရတော့ လိုက်ဖမ်းတာ အ့ကြောင့်လူငယ်တွေလည်းမနေရဲတော့ဘူးရွှေမော်တွေ ဝေးတဲ့နေရာတွေမှာရှောင်နေကြတာလို့ဒေသခံတစ်ဦးက ပြောပါတယ်။

ဟုမ္မလင်းနယ်ထဲမှာ စစ်ကောင်စီတပ်က လူငယ်တွေကို ဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းပို့တာ ၁၂ ကြိမ်ရှိပြီလို့သိရပြီး လူဦးရေစာရင်းနဲ့မဲနှိုက်ဖို့ပြင်ဆင်တာဟာ ဒီတစ်ကြိမ်ပထမဆုံးလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button