လူပေါင်းတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ရေကြီးရေလျှံမှု
ရေကြီးရေလျှံမှု ၂ နှစ်ဆက်တိုက်ကြုံတွေ့ခဲရတဲ့ ကချင်ဒေသမှာ ဒီနှစ်မှာလည်း မေခ၊မလိခမြစ်ရေ၊ဧရာဝတီမြစ်ရေမြင့်တက်မှ၊တောင်ကျချောင်းရေလျှံမှုကြောင့် အရပ်သားပြည်သူတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး ပြည်သူ ၆ ဦးသေဆုံးခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မေလ ၂၃ ရက်နေ့ကစပြီး ဇွန်လ ၂ ရက်နေ့အထိ ကချင်ပြည်နယ်အထက် ချီဖွေ၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊လန်ဆယ်၊ ဆဒုံး၊ကံပိုက်တည်နဲ့ ဝိုင်းမော်၊ မြစ်ကြီးနားစတဲ့မြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုဖြစ်ခဲ့တဲ့အတွက် အဲဒီဒေသက နေအိမ်၊တံတားတွေအပါအဝင် စစ်ရှောင်စခန်းအများပိုင်း ရေထဲမျောပါသွားခဲ့ပြီး ပြည်သူတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့တာပါ။
ဒါကြောင့် သက်ဆိုင်တဲ့အစိုးရတာဝန်ရှိသူတွေအနေနဲ့ရေကြီးရေလျှံမှုရေဘေးအန္တရယ်အတွက် ကူညီကယ်ဆယ်ရေးလုပ်နိုင်ရန်နဲ့ ကြိုတင်ကာကွယ်မယ့်နည်းလမ်းကို ပြင်ဆင်ထားသင့်တယ်လို့ ရေဘေးကူညီနေသူတစ်ဦး KNG ပြောပါတယ်။
“မိုးရွာတာနဲ့ ဒီလိုရေဘေးဒဏ်တွေသင့်ကြတာဆိုတော့ မကြာခင် ဒီထက်ပိုဆိုးမယ့် အလားအလာရှိပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာတော့ ရေဘေးသင့်နေရာတွေထဲက သက်ဆိုင်ရာအစိုးရတွေက နေရာတွေရွှေ့ပြောင်းသင့်တယ်။ တချို့အိမ်တွေလည်း အပေါ်ကိုအားစိုက်၊ နေရာပြင်ဆင်တာတွေ လုပ်ထားသင့်ပြီလို့ မြင်တယ်။” လို့ ပြောပါတယ်။
ပျက်စီးဆုံးရှုံးမှုနဲ့ထိခိုက်မှုအများဆုံးကြုံတွေ့ခဲကြတဲ့ဒေသတွေဟာ ချီဖွေမြို့ မြစ်ကမ်းဘေး စစ်ဘေးရှောင်စခန်းအားလုံး ရေထဲမျောပါသွားတာကြောင့် အိမ်ခြေ ၁၇၁ အိမ်နဲ့
လူဦးရေစုစုပေါင်း ၈၁၈ ဦး နေအိမ်ဆုံးရှုံးခဲ့ကြပြီး အလားတူ ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင်းမှာလည်း ရွာချင်းဆက်တံတား ၅ ခုနဲ့လူနေအိမ် ၂၀၊ လူဦးရေ ၁၀၀ ဝန်းကျင် ရေဘေးသင့်ခဲ့လို့ အိုးမဲ့အိမ်မဲ့ကြုံတွေ့ခဲ့ကြရပါတယ်။
သေဆုံးသွားသူကတော့ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့အနီး ကျေးရွာ ၃ ရွာက အမျိုးသမီး ၃ ဦး၊ ကလေး ၁ ဦး၊ အမျိုးသားတစ်ဦး စုစုပေါင်း ၅ ဦးသေဆုံးကာ အိမ်ခြေ ၂၀ ကျော်ရေဘေးသင့်ပြီး နေအိမ် ၅ လုံးထက်မနည်း ရေထဲမျောပါ ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။
စိုးရိမ်ရေအမှတ် ၁,၂၀၀ ကျော်ရောက်ရှိခဲ့တဲ့ မြစ်ကြီးနားမြို့မှာတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ခဲ့တာကြောင့် ထိခိုက်ဆုံးရှုံးမှုတွေမရှိသလောက်ရှိပေမဲ့ ရေကြီးချိန် ရမ်ပူဘက်မှာ အမျိုးသားတစ်ဦးသေဆုံးခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ (KIO) ထိန်းချုပ်မှုအောက်ရှိ ချီဖွေ၊ ဆဒုံးဒေသတွေမှာတော့ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် KIO ကတတ်နိုင်သလောက် တာဝန်ယူဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
“ပထမအဆင့် ကယ်ဆယ်ရေးလုပ်ငန်းကိုတော့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး နေရာထိုင်ခင်းတွေကို ဘုရားကျောင်းဝင်းတွေမှာ နေခိုင်းတယ်။ ဆွေမျိုးရှိရင်တော့ ဆွေမျိုးအိမ်တွေမှာ ခိုလှုံပေါ့။ ဘုန်းကြီးကျောင်းတွေမှာ နေခိုင်းတယ်။ ပြီးမှ ကျနော်တို့တွေ စာရင်းတွေ ပြန်စီစစ်ပြီး ဘယ်လိုဆက်လုပ်သွားမယ်ဆိုတာကို ကျနော်တို့ အစည်းအဝေးလုပ်ပြီး လုပ်ဆောင်သွားဖို့ပါ။ ကျနော်တို့လည်း ကူညီနိုင်သလောက်တော့ ကူညီပေးနေပါတယ်။ အလုံးစုံတော့ ကျနော်တို့လည်း မတတ်နိုင်တာလည်း ရှိပါတယ်။”လို့ ချီဖွေမြို့ KIO အရာရှိတစ်ဦးက ပြောပါတယ်။
ဒီနှစ်ဟာ မနှစ်ကထက်စောပြီး မိုးဦးမှာတင် ရေကြီးလာတာကြောင့် မိုးများချိန် ဒီထက်ရေပိုကြီးလာနိုင်တဲ့အတွက် သက်ဆိုင်ရာအစိုးရတွေအနေနဲသဘာဝဘေးအန္တရယ်ကြုံတွေ့လာပါက ချက်ချင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ၊ နေရာထိုင်ခင်းတွေ၊ အစားအသောက်နဲ့ ဆေးဝါးတွေကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင်း ထောက်ပြပြောဆိုပါတယ်။
ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေရှိနေတဲ့ ကချင်ပြည်နယ်မှာ ကူညီကယ်ဆယ်ရေးအတွက်လည်း စိန်ခေါ်မှုတွေပိုများသလို ဆေးဝါး၊ အစားအသောက်တွေ ထောက်ပံ့ပေးမှုတွေမရှိတာကြောင့် အခက်အခဲပိုများတယ်လို့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေက ပြောပါတယ်။
ယခင်က ကချင်ပြည်မှာ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်ဟာနှစ်ပေါင်း ၂၀ ကြာမှ တစ်ကြိမ်သာရောက်ရှိတယ်လို့ ဒေသခံပြည်သူတွေပြောဆိုလေ့ရှိပေမယ့် လက်ရှိမှာ သဘာ၀ပတ်ဝန်းကျင်၊ မြေဆီလွှာနဲ့ မြစ်၊ ချောင်းတွေ ရေလမ်းကြောင်းအားလုံး ပျက်စီးနေပြီဖြစ်တာကြောင့် ပုံသေခန့်မှန်းထားလို့မရတော့ကြောင်း သဘာ၀ပတ်ဝန်းကျင်စောင့်ကြည့်လေ့ လာနေသူတွေက ထောက်ပြပြောဆိုကြပါတယ်။
၂၀၀၄ ခုနှစ်နောက်ဆုံးရေကြီးရေလျှံခဲ့တဲ့ မြစ်ကြီးနားမြို့ဟာ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ၂၀၂၄ ခုနှစ် စံချိန်ကျော်မြင့်တက်ခဲ့တဲ့အတွက် ၂၀၂၅ ခုနှစ်ရဲ့ရေကြီးရေလျှံမှုဟာ စိုးရိမ်ရေအမှတ်သို့မရောက်ရှိနိုင်ကြောင်း လူပေါင်းတစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်ရဲ့ရေကြီးရေလျှံမှု

၂၀၀၄ ခုနှစ်နောက်ဆုံးရေကြီးရေလျှံခဲ့တဲ့ မြစ်ကြီးနားမြို့ဟာ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ၂၀၂၄ ခုနှစ် စံချိန်ကျော်ရေကြီးခဲ့တဲ့အတွက် ၂၀၂၅ ခုနှစ်ရဲ့ရေကြီးရေလျှံမှုဟာ စိုးရိမ်ရေအမှတ်သို့မရောက်ရှိနိုင်ကြောင်း မြစ်ကြီးနားမြို့ပြည်သူတွေ တွက်ဆခဲ့ကြသလို မေခမြစ်ကမ်းဘေးရှိပြည်သူတွေလည်း ထိုနည်းတူစွာ သုံးသပ်ခဲ့ကြတာကြောင့် ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့ကြတာလည်းဖြစ်ပါတယ်။
By – ဂျာဘောက်ရာ