သတင်း

ပူတာအို နမ့်ထွမ်ချောင်းမှာ အမျိုးသမီးနှစ်ဦးရေနစ်သေဆုံး၊တစ်ဦးရုပ်အလောင်းပြန်တွေ့

ကချင်ပြည်နယ် ပူတာအိုမြို့နယ် နမ့်ထွမ်ချောင်းမှာအမျိုးသမီးနှစ်ဦး ရေနစ်သေဆုံးခဲ့ပြီး တစ်ဦးရုပ်အလောင်းပြန်တွေ့ကြောင်းဒေသခံများထံမှ သိရပါတယ်။

ရေနစ်သေဆုံးတဲ့ အမျိုးသမီးနှစ်ဦးဟာ ပူတာအိုမြို့နယ် နာမ်ထူခူးကျေးရွာထဲကဖြစ်ပြီး ဇူလိုင်လ   ရက်နေ့မွန်းလွဲပိုင်းမှာ အခင်းကနေ နေအိမ်ပြန်လာတဲ့လမ်းရှိ နမ့်ထွမ်ချောင်းဖြတ်ကူးစဥ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပူတာအိုမြို့ခံအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။

ပြန်လာတာက သုံးယောက်တဲ့ယောက်ကျားလေးတစ်ယောက်နဲ့အဲ့မိန်းကလေးနှစ်ယောက်ပေါ့။ ယောက်ကျားလေးကရှေ့ကနေဦးဆောင်ပြီးချောင်းကူးတာ။ အဲ့မှာတွဲထားတဲ့လက်ကပြုတ်သွားတာရေစီးသန်တော့ လက်တွဲပြုတ်သွားတော့နှစ်ယောက်စလုံးရေနစ်သွားတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးကပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့အမျိုးသမီးနှစ်ဦးက နာမ်ထူခူးရွာခံ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးတို့ဖြစ်ပြီး မြေအဖွားတော်စပ်သူတွေဖြစ်ကြောင်းသိရပါတယ်။

အဖွားရဲ့ရုပ်အလောင်းကိုတော့ မနေ့က ပြန်တွေ့တယ်။ ရွာသားတွေရှာတော့ပြန်တွေ့တာကလေးမရဲ့ရုပ်အလောင်းကတော့ပြန်မတွေ့သေးဘူးပြောတယ်”လို့ ဖြစ်စဥ်သိတဲ့အထက်ဖော်ပြပါအမျိုးသမီးကဆက်ပြောပါတယ်။

နာမ်ထူခူးကျေးရွာဟာ ပူတာအိုမြို့ရဲ့တောင်ဘက် မြို့နဲ့ ၁၀ မိုင်ကျော်အကွာမှာတည်ရှိတာဖြစ်ပါတယ်။

ပူတာအိုမှာပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကတည်းကနေ မိုးတွအဆက်မပြတ်ရွာသွန်းနေတာကြောင့် လက်ရှိနမ့်ထွမ်ချောင်းရေကြီးရေလျှံနေတဲ့အပြင် နာမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံပါရေကြီးမှုကြောင့်စက်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။

နာမ့်ထွမ်ချောင်းရေကြီးပြီး ရေအားလျှပ်စစ် စက်ရုံစက်ပိုင်းဆိုင်ရာထိခိုက်ပျက်စီးမှုဖြစ်သွားတာကြောင့် ပူတာအိုမှာ တစ်ပတ်ကျော်ကြာ လျှပ်စစ်မီးတွေပြတ်တောက်နေတာ ဖြစ်ပါတယ်။

ဇူလိုင်လ  ရက်နေ့က အမျိုးသမီးနှစ်ဦးရေနစ်မြှပ်မှုဖြစ်သွားတဲ့ နာမ့်ထွမ်ချောင်းမှာ ၂၀၂၄ ခုနှစ်တုန်းကလည်း ပူတာအိုအထက်တန်းကျောင်းက ကျောင်းသားတစ်ဦးရေနစ်သေဆုံးမှုဖြစ်ခဲ့တဲ့ချောင်းလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button