လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းသတင်း

ရွှေကူမှာ လက်နက်ကြီးကျည်ထိမှန်လို့ အရပ်သား ၃ ဦးသေဆုံး

ကချင်ပြည်နယ် ရွှေကူမြို့တစ်ဖက်ကမ်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။

ရွှေကူမြို့တွင်းအထိုင်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်ကစပြီးရွှေကူမြို့ရဲ့ဧရာဝတီမြစ်တစ်ဖက် ကမ်းမှာရှိတဲ့ ကျေးရွာဖက်ကို စစ်တပ်က လက်နက်ကြီးဆက်တိုက်ရမ်းသမ်းပစ်ခတ်‌နေတာလို့ ရွှေကူ့မြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

တိုက်ပွဲမဖြစ်ဘူး ရမ်းပစ်နေတာ ညဘက်ဆိုရမ်းပစ်တာတစ်ခါတစ်လေ နေ့ခင်းဘက်လည်းပစ်တယ်။ အဲ့ရေလဲ၊ဆင်တပ်ဘက်ကိုပစ်နေတာ မြစ်ကမ်းဘေးရွာတွေတော့ရှောင်နေရတာပေါ့လို့ အသက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် () ရက်အတွင်း အရပ်သားသေဆုံးသူ ၃ ဦးအထိရှိလာသလို ဒေသခံပြည်သူ‌တွေလည်း အများပိုင်းကြိုတင်တိမ်းရှောင်တာတွေရှိတယ်လို့ သိရပါတယ်။

သေဆုံးသူ ၃ ဦးဟာ ရေလဲရွာက ၂ ဦး၊ ဆင်တပ်က တစ်ဦးဖြစ်တယ်လို့ သိရပြီး အသက် ၃၀နဲ့ ၅၀ ကြားရှိ အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။

ရေလဲနဲ့ ဆင်တပ်ရွာတွေဟာ ရွှေကူမြို့တစ်ဖက်ဧရာဝတီမြစ်ကမ်း ဘေးမှာရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးတာတွေအပြင် နေအိမ်ထိခိုက်ပျက်စီးတာ၊ အရပ်သားထိခိုက်ဒဏ်ရာရတာတွေလည်းအများအပြားရှိနေတယ်လို့သိရပါတယ်။

ဒီဆင်တပ်ရွာ၊ရေလဲရွာ၊အင်းရွာတွေနဲ့မြစ်ကမ်းဘေးတစ်လျှောက် လက်နက်ကြီးကျနိုင်တဲ့ရွာက လူတွေဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်။မရှောင်လည်း ညညအိပ်မရဘူးလေလို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရွှေကူမြို့အတွင်းအထိုင်စစ်တပ်ဟာ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်အထိ ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်တာ၊ လူနေအိမ်မီးရှို့တာတွေအများအပြားလုပ်ဆောင်ခဲ့ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းကနေ ၂၀၂၅ ခုနှစ် ဇွန်လအထိ စစ်ရေးလှုပ်ရှားတာတွေငြိမ်သွားပေမယ့် လက်ရှိမှာတော့တစ်ကျော့ပြန်စစ်ရေးလှုပ်ရှားတာ၊လက်နက်ကြီးပစ်ခတ်တာတွေထပ်မံလုပ်ဆောင်လာနေတယ်လို့သိရပါတယ်။

ယခုနှစ်ဇွန်လတုန်းက မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေဗန်းမောက်မြို့ကိုဆန်တက်လာတဲ့ စစ်ကောင်စီရဲ့စစ်သဘောအစီး ၂၀ ကျော်ကနေ ရွှေကူမြို့အထိုင်တပ်ထဲက လက်နက်ခဲယမ်းနဲ့လူအင်အားဖြည့်တင်ပြီးနောက်မှာပဲ ရွှေကူမြို့ပြင်အထိစစ်ရေးလှုပ်ရှားတာ၊အခုလိုလက်နက်ကြီးပစ်ခတ်တာတွေစတင်လုပ်ဆောင်လာတာလို့သိရပါတယ်။

ရွှေကူမြို့နယ်ဟာ လက်ရှိမြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်ခရိုင်တွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း မြို့အရှေ့ဘက်ခြမ်းရှိ ရွာပေါင်း ၂၀ ထက်မနည်း ရွာလုံးကျွတ်မီးရှို့ခံရလို့ ပြည်သူသောင်းချီနေရပ်စွန့်ခွာခဲ့ကြရပေမယ့် ၂၀၂၃ ခုနှစ် နေရပ်ပြန်လည်နေထိုင်ကြတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button