သတင်း

KIA တပ်မဟာ (၂) နေရာကို စစ်တပ်က လေကြောင်းနဲ့ အကြိမ် ၂၀ ခန့် ပစ်ခတ်

ကချင်ပြည်နယ် ဟူးကောင့်ချိုင့်ဝှမ်းဒေသ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ () နေရာကို စစ်တပ်က Y – 12 လေယာဉ် နှစ်စီးနဲ့ အကြိမ် ၂၀ လောက် လာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် KIA တပ်မဟာ () နေရာမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ် တစ်ဦးက KNG ကိုပြောပါတယ်။

လေယာဉ်နဲ့ ဗုံးလာကြတဲ့ အချိန် ၇ နာရီလောက်ရှိပြီ။ အကြိမ် ၁၀ ကျော် ၊ ၂၀ လောက်ရှိမယ်ထင်တယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ဘာမှ ထိခိုက်တာမျိုးတော့မရှိဘူး။ တပ်နေရာထဲ အဆောက်အဦးအနည်းငယ် ထိခိုက်သွားတာမျိုးပဲရှိတယ်လို့ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်သွားတဲ့ Y – 12 လေယာဉ် ၂ စီးဟာ မန္တလေးတံတားဦးကနေ တက်လာပြီး လာရောက်ပစ်ခတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

တနိုင်းလီဒိုလမ်း ဟူးကောင့်ချိုင့်ဝှမ်းဒေသမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိပေမယ့် စစ်တပ်ကနေ တပ်မဟာ () နေရာကို ပစ်မှတ်ထားလာရောက် ပစ်ခတ်သွားတဲ့ သဘောမျိုးဖြစ်တယ်လို့ KIA သတင်းအရင်းအမြစ်တွေပြောပါတယ်။

အခုလို KIA တပ်မဟာ () နေရာမှာ စစ်တပ်က လေကြောင်းနဲ့အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူလည်း အခုလို ဆက်ပြောထားပါတယ်။

မနေ့ ၇ နာရီလောက်အချိန်မှာ KIA တပ်မဟာ () နေရာဟောင်းကို Y -12 အမျိုးအစားနဲ့ လာပစ်သွားတယ်။ လာပစ်သွားတဲ့ အရေအတွက်က ၁၀ ကြိမ်လောက်ရှိတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး။ ဒါပေမယ့် နေရာဖြစ်တဲ့အတွက် တဲဟောင်းတွေတော့ ထိခိုက်ပျက်စီးသွားတာမျိုးတော့ရှိတယ်။ လူကမရှိတော့တာဖြစ်တဲ့အတွက် ထိခိုက်တာမျိုးတော့မရှိပါဘူးလို့ပြောပါတယ်။

လေကြောင်းပစ်ခတ်ခံရတဲ့ နေရာဟာ ယခင် KIA တပ်မဟာ () နေရာအဟောင်းမှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောဆိုတာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် KIA တပ်မဟာ () နေရာနဲ့ တပ်ရင်း (၁၄) နေရာတွေကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ အကူအညီနဲ့ စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်ဆောင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းအတွင်းကနေ  ကချင်ပြည်နယ်ထဲမှာဆိုရင် စစ်တပ်က ဗန်းမော်တိုက်ပွဲအပြင် နောက်ထပ် စစ်ရေးပြန်လည်ပြင်းထန်လာတဲ့ ဖားကန့် နဲ့ ဝိုင်းမော်ဒေသတွေမှာ လေကြောင်းအသုံးပြု တိုက်ခိုက်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button