မြစ်ကြီးနားမြို့မှာ ၃ရက်အတွင်း မီးလောင်မှု ၂ ကြိမ်ဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း မီးလောင်မှု ၂ကြိမ်ဖြစ်ပွားခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။
ဖြစ်စဉ်တွေကတော့ စက်တင်ဘာလ ၄ ရက် နေ့လည် တစ်နာရီ ၁၅ မိနစ်ဝန်းကျင် နန်းကွေ့ကျေးရွာ နယ်မြေ (၅)အစပ်ရှိ
ဧဝရတ် (ကြက်ခြံ) မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုနဲ့ စက်တင်ဘာလ ၃ ရက် နေ့လယ် တစ်နာရီခွဲအချိန် ဧရာရပ်ကွက်(အားကာတိုက်တန်း) မီးလောင်ကျွမ်းခဲ့တဲ့ ဖြစ်စဉ်တို့ဘဲ ဖြစ်ပါတယ်။
နန့်ကွေ့ကျေးရွာက ကြက်ခြံမီးလောင်မှုကတော့ ဂတ်စ်အိုး အသုံးပြုချိန် မတော်တဆဖြစ်ရာကနေ စတင်လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ သိရပြီး အမျိုးသားတစ်ဦးကတော့ အနည်းငယ် မီးပြင်းအားကြောင့် အနည်းငယ် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။
“ကြက်တွေတော့ မတွေ့ဘူး။ gasအိုးအများကြီးရှိတယ်။ လောင်တာက၁ နာရီ၁၅မိနစ်မှာစလောင်တာလို့သိရပါတယ်။ ၆နာရီလောက်တော့ကြာတယ်”လို့ ဧရာဝတီဂရုဏာလူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လကလည်း တစ်လအတွင်း မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဒီမီးလောင်တဲ့ အချိန်တွေကို ယှဉ်ကြည့်လိုက်ရင် ပြီးခဲ့တဲ့လက မနက် ၃ နာရီကနေ ၄ နာရီကြားအချိန်တွေမှာ လောင်ကျွမ်းပြီး ဒီလဖြစ်ပွားခဲ့တဲ့ မီးလောင်မှုတွေကတော့ နေ့လည် ၁နာရီနောက်ပိုင်း လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြီးခဲ့တဲ့ နှစ်က မီးလောင်မှုပေါင်း ၁၁၅၀ ခု ဖြစ်ပွားခဲ့ပြီး လူ ၉၉ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီး ရှုံးဆုံးမှုကတော့ ကျပ်သန်းပေါင်း ၉၄၀၀ ထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
By – Hope



