သတင်း

မိုးညှင်းမြို့ပေါ်မှာ Mytel အင်တာနက်လိုင်းပုံမှန်ပြန်ရ

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ Mytel ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပုံမှန်လိုပြန်ရနေပြီလို့သိရပါတယ်။

မိုးညှင်းမြို့ပေါ်မှာ သြဂုတ်လကုန်ပိုင်းကနေစပြီး လက်ရှိအချိန် ထိ Mytel ဖုန်းအင်တာနက်လိုင်းတွေ ပုံမှန်ပြန်ရနေပြီလို့ မိုးညှင်းမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

တစ်ပတ်တော့ကျော်လာပြီလိုင်းရတာ Mytel ရတယ်။ လောလော ဆယ်ပုံမှန်ရတယ်လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါ အမျိုးသားကပြောပါတယ်။

လက်ရှိ Mytel 4G အင်တာနက်အထိရရှိနေပြီး Facebook Messenger Viber နဲ့ Telegram တို့လို apps တွေအပြင် Kpay Wavepay တွေအသုံးပြုလို့ရနေတယ်လို့သူကဆက်ပြောပါတယ်။

“VPN ခံသုံးရတယ် VPN မခံရင်တော့လိုင်းလုံးဝမကောင်းဘူး VPN တောင်မှ ပိုက်ဆံပေးဝယ်သုံးရတဲ့VPN ပဲကောင်းတယ်၊Free ရတဲ့VPN တွေလည်းရတယ် လိုင်းသိပ်မကောင်းဘူးလို့ သူကဆက်ပြောပါတယ်။

Facebook Messenger Telegram နဲ့Youtube တို့လို Social Media Apps တွေအတွက် VPN ခံအသုံးပြုနေရပြီး ပိုမိုကောင်းမွန်တဲ့ internet connection တွေရချင်ရင်တော့ Free VPN မဟုတ်ပဲ ပိုက်ဆံပေးပြီးဝယ်သုံးရတဲ့ VPN ဆို ပိုအဆင် ပြေကြောင်းဒေသခံတွေကဆိုပါတယ်။

လက်ရှိမှာတော့ မိုးညှင်းမြို့ပေါ်နဲ့ မြို့ပတ်ပတ်လည်နေရာတွေမှာအသုံးပြုလို့ရနေပြီး မြို့နဲ့ဝေးတဲ့ရွာတွေဘက်ကတော့အသုံးပြုလို့မရသေးကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မြစ်ကြီးနားမြို့ပေါ်မှာလည်း Mytel ဖုန်းအင်တာနက်လိုင်းပြန်ရခဲ့ပေမယ့် ပြန်လည်ပြတ်တောက်သွားတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကချင်တစ်ပြည်နယ်လုံးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကတည်းကနေ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ပစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ မိုးညှင်းမြို့ Mytel ရနေပြီး မြစ်ကြီးနားမြို့မှာ MPT အင်တာနက်လိုင်း နေရာကွက်ကြားရနေတယ်လို့ သိရပြီး ကျန်တဲ့ မြို့နယ်အားလုံး ဖုန်းအင်နက်တာနက်လိုင်းဖြတ်တောက်ထားဆဲဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button