တိုက်ပွဲသတင်း

ဗန်းမောက်မှာ တိုက်ပွဲပြင်းထန်‌နေပြီး လေကြောင်းတိုက်ခိုက်မှုရှိနေ

စစ်ကိုင်းနဲ့ကချင်အစပ် ဗန်းမောက်မြို့အနီး တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေလည်းရှိ‌နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ မနေ့ကစပြီး ဗန်းမောက်မြို့ပေါ်အနီးဝန်းကျင်မှာ ရှမ်းနီအမျိုးသားတပ်မတော် SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား နှစ်ဖက်တပ်တွေတိုက်ပွဲဖြစ်ပွားနေကြတာ ဖြစ်တယ် လို့သိရပါတယ်။

“SNA ကအင်အားတအားများတယ်။ သူတို့နယ်မြေလေ စကစဘက်ကတော့ တပ်မ ၇၇ လက်အောက်ကဘဲ။ မြို့ပေါ်ရပ်ကွက်တွေမှာဖြစ်နေတာ။ မြို့ထဲတော့မရောက်သေးဘူးထင်တယ်။ မြို့ပတ်ချာလည်စခန်းတွေ။ တိုက်ပွဲက မနေ့ကမှစဖြစ်တာ။ လေကြောင်း ၂ ကြိမ်တော့ပစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

တစ်ဖက်မှာ မနေ့ကတော့ အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့ ပကဖဘက်က အင်းတော်ဗန်းမောက်မြို့ကိုဆက်သွယ်ထားတဲ့လမ်းမှန်သမျှကို စစ်ရေးကြောင့်လို့ဆိုကာ အကန့်အသတ်မရှိဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ကြောင်းကြေညာခဲ့ပါတယ်။

ဒါ့အပြင် မြို့ပေါ်ရပ်ကွက်ကိုထိန်းချုပ်ထားတဲ့ စစ်ကောင်စီနဲ့SNA ပူးပေါင်းတပ်တွေကို ပြည်သူတွေကို မြို့ပြင်ကိုထွက်ခွင့်မပေးဘူးလို့ သတင်းတွေလည်းထွက်နေပါတယ်။

တိုက်ပွဲဖြစ်နေတယ်။ ပြည်သူတွေကိုထွက်ခွင့်မပေးဘဲနဲ့ ဗန်းမောက်မြို့ထဲက ပြည်သူတွေကိုထွက်ခွင့်မပေးဘူး ပိတ်ထားတယ်။ လမ်းတွေပိတ်ထားတယ်ဆိုတာက ဗန်းမောက်မြို့ထဲကနေ မြို့ပြင်ထွက်တဲ့လမ်းတွေကိုပိတ်ထားတာပါ။ စစ်သားတွေနဲ့ SNA တွေကပေါ့လို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေတာနဲ့ တိုက်ပွဲအကြားအရပ်သားပိတ်မိနေတာတွေ ရှိကြောင်းအတည်ပြုပေမဲ့ အခြေနေအသေးစိတ်ကိုပြန်လည်ထုတ်ပြန်ပေးမယ်လို့သာ KNG ကို တုံ့ပြန်ပါတယ်။

ဒါ့အပြင် လက်ရှိတိုက်ပွဲအတွင်း အရပ်သားထိခိုက်ဒဏ်ရာရတာတွေရှိသလို နှစ်ဖက်တပ်တွေအကြား ထိခိုက်သေဆုံးမှုတွေလည်းရှိတယ်လို့သိရပါတယ်။

ဗန်းမောက်မြို့နယ်ဟာ ရှမ်းနီအမျိုးသားတပ်မတော် SNA အားကောင်းတဲ့ဒေသတစ်ခုဖြစ်ပြီး လက်ရှိမှာတော့ မြို့ပေါ်ရပ်ကွက်နဲ့ မြောက်ဘက်ခြမ်းတွေအပါအဝင် နေရာအများစုကို SNAနဲ့စစ်ကောင်စီပူးပေါင်းတပ်တွေကထိန်းချုပ်ထားတယ်လို့သိရပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေကတော့ ဗန်းမောက်မြို့ တောင်ဘက်ခြမ်း၊ အရှေ့ခြမ်း နဲ့အနောက်ခြမ်းတွေကကျေးရွာတစ်ချို့နဲ့နယ်မြေတချို့ကိုထိန်းချုပ်ထားတဲ့အခြေနေလို့ ဒေသခံတွေဆီကသိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button