ဘောလုံးကန်ပြီးချင်း ရေသောက်ရာကနေ အမျိုးသားတစ်ဦးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အမျိုးသားတစ်ဦး ဘောလုံးကန်ပြီးနောက် မောလို့ရေသောက်ရာကနေ မူးလဲပြီး သေဆုံးသွားခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းကနေ သိရပါတယ်။
ဖြစ်စဉ်ကနေ မနေ့က ညနေ ၆နာရီ ဝန်းကျင်အချိန် ဝိုင်းမော်မြို့ ရပ်ကွက် ၃မှာရှိမှာရှိတဲ့ ဖူဆယ် ဘောလုံးကွင်းမှာ အသက် ၃၅နှစ်အရွယ် စိုင်းအိုက်အန်ဆိုသူဟာ ဘောလုံးကန်ပြီးချင်း ရေသောက်ရာကနေ ရုတ်တရက် မူးလဲသွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက် မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်း ကနေပီးတော့ လျင်မြန်စွာ ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း ဆေးရုံအရောက်မှာတော့ သေဆုံးသွားခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေး အသင်းရဲ တာဝန်ရှိသူတစ်ဦးက ခုလိုပြောပါတယ်။
“ဖြစ်စဉ်က ဒီလိုလေ သူက ဖူဆယ်ဘောလုံး ကန်ပြီးတဲ့ အချိန်မှာ ရေသောက်လိုက်တာလေ မင်းသွေးပုံစံမျိုး ဖြစ်တာဘဲ ဦးနှောက်ထဲ သွေးခဲသွားတဲ့ သဘောပေါ့”လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားကိုတော့ သူ့နေထိုင်ရာ နန့်ဝါကျေးရွာကို ပြန်လည် ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မင်းသားတစ်လက်ဖြစ်တဲ့ မင်းသွေးဟာဆိုရင်လည်း ၂၀၁၈ အောက်တိုလာလ ၃ရက်နေ့က ဘောလုံးကန်ပြီးနောက် ရေသောက်မိလိုက်ပြီး ရုတ်တရက်သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဒီအပေါ်မှာ မင်းသွေးသေဆုံးတာကို အခြေခံပြီး ဆရာဝန် တချို့ကတော့ ဘောလုံးကန်ပြီးနောက်ပိုင်း မောပန်းနေချိန် ရေသောက်ပြီး တစ်နာရီအတွင်း သေဆုံးရတာကို ရုတ်တရုက် နှလုံးရပ်၍ သေဆုံးခြင်း( Sudden Cardiac Death)လို့လည်း အမည်တပ်ပြောဆိုလေ့ရှိပါတယ်။
အဲလို အားကစားလုပ်ပြီး ရုတ်တရက် သေဆုံးသွားသူ အများစုဟာ မွေးရာပါ နှလုံးနံရံထူနေပြီး အားကစားတွေ အပြင်းအထန် လုပ်တဲ့အခါ နှလုံးခုန်နှုန်းတွေ မြန်နေရာကနေ နှေးလာပြီး နှလုံးခါမှု ဖြစ်လာပြီးနောက် နှလုံးထဲက သွေးတွေဟာ ကမှောက်ကမဖြစ်ပြီး ဦးနှောက်ကို မပို့နိုင်တော့တဲ့ အခါ နှလုံးရပ်သွားတာ ဖြစ်တယ်လို့ ဒေါက်တာ ဦးမြင့် ကနေပြီးတော့ ၂၀၁၈ အောက်တိုဘာ ၁၆ရက်နေ့မှာ သုံးသပ်ပြောဆိုထားတာ ဖြစ်ပါတယ်။
By – Hope



