မြစ်ကြီးနားမှာ လူငယ်နှစ်ဦး ရေနစ်သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လူငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံ ပြည်သူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ မနေ့က ဇွန်လ  ရက်နေ့ နေ့လည်  နာရီဝန်းကျင်အချိန်မှာ ကြက်ပေါင်ခြံရပ်ကွက်၊ မခန္တီးဆိပ်အနီး ဆယ်ကျော်သက်အရွယ် လူငယ်နှစ်ဦး ရေဆင်းချိုးရင်း ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကျွန်တော်တို့ ရောက်သွားတော့ ကလေးတစ်ယောက်ကို ဆယ်ထားပြီးသားဖြစ်လို့ သယ်ပြီး အိမ်ပို့ပေးလိုက်တယ်။ ကျွန်တော်တို့ကတော့ မနေ့က မိုးချုပ်ခါနီးအချိန် ပြန်ခေါက်ခဲ့ပြီ။ နောက်ဆက်တွဲကတော့ တခြားအသင်းတွေ ဆက်ရှာနေတယ်လို့ ကြားတယ် လို့ မျိုးဆက်သစ် လူမှုကယ်ဆယ်ရေးအသင်းက အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရေနစ်သေဆုံးသူနှစ်ဦးထဲက ရပ်ပူရပ်ကွက်နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ်လူငယ်တစ်ဦးရဲ့ရုပ်အလောင်းကို မနေ့က ကယ်ဆယ်ထားနိုင်ပေမယ့် ကျန်တဲ့တစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအသင်းတွေက ဒီမနက်ပိုင်းမှာပဲရှာဖွေတွေ့ရှိခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ယခုနှစ်အတွင်း ရေနစ်မှုဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေပြီး မေလ ၂၅ ရက်နေ့က ဗလမင်းထင်တံတားအောက်မှ ခုန်ချခဲ့တဲ့ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သလို ဧပြီလအတွင်းမှာလည်း ရေနစ်ပျောက်ဆုံးမှုနဲ့ ရုပ်အလောင်းတွေ ပြန်လည်တွေ့ရှိမှု ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ 

အလားတူ ဧပြီလ ၁၃ ရက် သင်္ကြန်ကာလတွင်း ဧရာဝတီမြစ်ဘေး  သတ်မှတ်ထားတဲ့နေရာကို ကျော်လွန်ပြီး ရေကစားရာကနေ အမျိုးသားတစ်ဦး ရေနစ်ခဲ့ပေမယ့် အချိန်မှီကယ်ဆယ်နိုင်ခဲ့မှုကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ ဧရာဝတီမြစ်တစ်လျှောက် ရေစီးသန်တဲ့နေရာတွေမှာ နွေရာသီနဲ့ မိုးရာသီကာလတွေမှာ ရေနစ်မှုဖြစ်စဉ် မကြာခဏ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button