ဆီဆိုင်လိုင်စင်တိုးဖို့ ထောက်ခံချက်အတွက် ကျပ် ၇ သိန်းကျော်ကုန်ကျဟုဆို

မြစ်ကြီးနားမြို့နယ်တွင်း စက်သုံးဆီအရောင်းဆိုင်ကြီးတွေ လိုင်စင်သက်တမ်းတိုးရာမှာ မီးသတ်ဦးစီးဌာနရဲ့ ထောက်ခံချက်ရယူဖို့ ငွေကျပ်  သိန်းကျော် ကုန်ကျနေရတယ်လို့ ဆီဆိုင်လုပ်ငန်းရှင်တွေက KNG ကို ပြောပါတယ်။

စက်သုံးဆီအရောင်းဆိုင်တွေဟာ နှစ်စဉ်လိုင်စင်သက်တမ်းတိုးရဖို့ မီးဘေးလုံခြုံရေးစစ်ဆေးချက်နဲ့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနရဲ့ ထောက်ခံချက်ကို ယူကြရတာဖြစ်ပါတယ်။

ဒါပေမယ့် အရင်ကတော့ မီးသတ်ဦးစီးဌာနရဲ့ ရုံးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်တွေအတွက် လုပ်ငန်းရှင်တွေဘက်က စေတနာအလျောက် ထည့်ဝင်တဲ့ အလှူငွေတွေကိုသာ လက်ခံခဲ့တယ်လို့ ပြောပါတယ်။

အရင်ကဆို စေတနာရှိသလောက် အလှူငွေပဲကောက်ခံတာလေ။ ခုက စာစီစာရိုက်ခတောင်  သောင်းတဲ့ အားလုံးပေါင်းရင်  သိန်းကျော်ကုန်နေရတယ်လို ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အဲဒီထောက်ခံချက်ရယူဖို့ မီးသတ်ဦးစီးဌာနမှာ ငွေကျပ်  သိန်းနဲ့ စာစီစာရိုက်ခ  သောင်း စုစုပေါင်း  သိန်းကျော် ပေးဆောင်နေရတာဟာ ပြည်နယ်ညွှန်ကြားရေးမှူးအသစ် ပြောင်းရွှေ့တာဝန်ယူလာပြီးနောက်ပိုင်း ဖြစ်လာတာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနဘက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

မြစ်ကြီးနားမြို့မှာ လက်ရှိစစ်ကောင်စီ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ စက်သုံးဆီအရောင်းဆိုင်ကြီး ၂၀ ကျော်ရှိပြီး တရားဝင်လိုင်စင်မရှိဘဲ လမ်းဘေးနဲ့ အိမ်ဆိုင်ပုံစံ ရောင်းချနေတဲ့ ဆီဆိုင်တွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် စက်သုံးဆီရရှိမှုဟာ မကြာခဏ အပြောင်းအလဲရှိခဲ့တယ်လို့ဆိုပါတယ်။

ခုနောက်ပိုင်းက ပိုဆိုးလာတာလေ နိုင်ငံရေးကမကောင်းတော့ ဆီသယ်ယူတာကလည်း အဆင့်ဆင့်ပေးရမှာများတယ်။ ခုလိုတွေပြန်ကောက်တော့ အဖက်ဖက်က ကုန်ကျစရိတ်ပိုများလာတာပေါ့လို့ နောက်ထပ်ဆီကုန်သည်တစ်ဦးပြောပါတယ်။

လတ်တလောမှာတော့ မြစ်ကြီးနားမြို့တွင်း ဓါတ်ဆီတစ်လီတာကို ၉၀၀၀ ကျပ်ပေးဝယ်နေရဆဲဖြစ်ပြီး စျေးနှန်းသိသိသာသာကျဆင်းတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။

အထူးသဖြင့် မန္တလေးမြစ်ကြီးနား ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲတွေကြောင့် ဆီသယ်ယူပို့ဆောင်ရေးမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းမြင့်တက်တာနဲ့ ဝယ်ယူမှုကန့်သတ်ရောင်းချရတဲ့ အခြေအနေတွေလည်း ကြုံတွေ့ခဲ့ရကြောင်းသိရပါတယ်။

လက်ရှိမှာတော့ စက်သုံးဆီလုပ်ငန်းရှင်တွေက လိုင်စင်ဆိုင်ရာ လုပ်ငန်းစဉ်တွေအပြင် ကုန်ကျစရိတ်မြင့်တက်လာမှုတွေဟာ လုပ်ငန်းလည်ပတ်မှုအပေါ် ထပ်မံဖိအားဖြစ်စေတယ်လို့ ဆီဆိုင်ပိုင်ရှင်တွေက ပြောဆိုနေကြတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button