ကချင်ဒေသ မြို့နယ် ၃ ခုမှာ စစ်ရေးတင်းမာ၊ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုရှိနေ

ကချင်ဒေသထဲက  မြိုန့ယ်  ခုမှာ ဒီရက်ပိုင်း စစ်ရေးတင်းမာမှုရှိနေသလို တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွါးနေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်ကစပြီး ခေါင်လန်ဖူးမြို့နယ် အမတ်ဂျုံးကျေးရွာအနီးမှာ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား စစ်ရေးစတင်တင်းမာလာပြီးတဲ့နောက်ပိုင်း ဇူလိုင်လ ၁၂ ရက်နေ့ကနေ တိုက်ပွဲစတင်ပြင်းထန်နေတာဖြစ်ပါတယ်။

ခေါင်လန်ဖူးတိုက်ပွဲတွင်း စစ်ကောင်စီပူးပေါင်းတပ် ရဲ့ကာကင်းတပ်စခန်းတစ်ချိုု့ကို KIA ဘက်က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး သုံးပန်းတစ်ချို့ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။

အလားတူပဲ ရွှေကူမြို့နယ်တွင်းမှာလည်း ဇူလိုင်လ ၁၃ ရက်နေ့မှာ စစ်တပ်နဲ့KIA တပ်တို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KIO/KIA ဘက်ကပြောပါတယ်။

အမှန်က ဟိုတစ်ခါဆုတ်သွားတဲ့စစ်ကြောင်းထဲက တစ်ကြောင်းကျန်နေခဲ့တာ။ အဲဒီစစ်ကြောင်းက ငအိုးဘက်ကို ထိုးစစ်ပြန်ဆင်လာလို့ တိုက်ပွဲဖြစ်တာဟုတ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဇွန်လကတည်းက KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ ရွှေကူဗန်းမော်နဲ့ ရွှေကူငအိုးလမ်းပိုင်းဘက်ကို စစ်အင်အားအများအပြားနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် KIA ပူးပေါင်းတပ်တွေရဲ့ တန်ပြန်တိုက်ခိုက်မှုကြောင့် အများစု ရွှေကူမြို့ဘက်ကို ပြန်ဆုတ်သွားရတယ်လို့ ရွှေကူမြို့နယ် .က. တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် မန်နားလေးနဲ့ ခတ်ခုံကျေးရွာကြားမှာ စစ်ကြောင်းတစ်ခုသာ ကျန်ရှိနေပြီး အဲဒီစစ်ကြောင်းက ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၄ ရက်နေ့မှာတော့ ဖားကန့်ဘက်က KIA တပ်မဟာ  နယ်မြေဘက်ကို စစ်တပ်က လေကြောင်းကနေ  ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်သွားခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒီဗုံးကြဲတိုက်ခိုက်မှုမှာ လူထိခိုက်တာမရှိခဲ့ပေမယ့် နေအိမ်တစ်လုံးထိခိုက်ပျက်စီးမှုတော့ရှိခဲ့တယ်လို့ ဖားကန့်မှာနေထိုင်သူတွေကပြောပါတယ်။

ဒီရက်ပိုင်း တိုက်ပွဲတော့မရှိဘူး ဒါပေမယ့် လေကြောင်းနဲ့လာပစ်တာတော့ရှိတယ်။ ကျနော်တို့သိရသလောက်တော့ ဆယ်ဇင်းဘက်မှာတော့ နှစ်ဖက်စစ်ရေးပြင်းထန်နေတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦး ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့နောက်ပိုင်း ကချင်ဒေသအတွင်း စစ်အင်အား၊လက်နက်ရိက္ခာတွေကို ဆက်တိုက်ဖြည့်တင်းလာတာနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေကလည်း သိသိသာသာထိုးစစ်ဆင်နေကြတာဖြစ်ပါတယ်။

ဒါကြောင့် KIO/KIA ဘက်ကလည်း KIA ရဲ့တပ်မဟာ ၁၂နယ်မြေမှာရှိတဲ့ထဲက နယ်မြေ  ခုမှာ စစ်တပ်နဲ့ကချင်လွှတ်လပ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာမှုတွေဆက်တိုက်ရှိနေတယ်လို့လည်း ဒီရက်ပိုင်း ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပြင်းထန်လာခဲ့ပြီး KIA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့တာဖြစ်ပါတယ်။ 

အထူးသဖြင့် ၂၀၂၄ ခုနှစ်အတွင်း KIA ပူးပေါင်းတပ်တွေက ကချင်ဒေသအတွင်း စစ်ရေးအရ အရေးပါတဲ့ နေရာတချို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်ကလည်း စစ်အင်အားဖြည့်တင်းကာ ပြန်လည်ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။

လက်ရှိမှာလည်း မြစ်ကြီးနားဗန်းမော်ရွှေကူ လမ်းကြောင်းနဲ့ ဖားကန့်၊ ပူတာအိုအပါအဝင် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေတချို့မှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ရှိနေပြီး တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ရေးတင်းမာမှုတွေက ပုံမှန်ရှိနေတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Leave a Reply

Back to top button