-
Oct- 2024 -1 Octoberသတင်း
သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောလင်းမှာ အရပ်သား ၈ ဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၈ ဦးသေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တဂေါင်းအိုင်ရွာ၊ စက်တင်ဘာလ ၂၉ ရက်နေ့က ရွာသစ်ရွာနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့ကတော့ ဥက္ကံရွာတို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။ တဂေါင်းအိုင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထိမှန် ဒဏ်ရာရခဲ့ပြီး ရွာသစ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတစ်ဦးသေဆုံးခဲ့ရသလို ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့က နေ့လည် ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဥက္ကကျေးရွာမှာတော့ အရပ်သား ၇ ဦးအထိ သေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း သတင်းဌာန တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။…
Read More » -
1 Octoberသတင်း
တောထဲမှာစစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ကလေးငယ်နဲ့မသန်စွမ်းတွေအတွက် ကူညီထောက်ပံ့မှုဆက်လိုအပ်နေသေး
ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ကလေးသူငယ်၊မသန်စွမ်းတွေများစွာပါဝင်နေပြီး ဆေးဝါးနဲ့စားသောက်ကူညီထောက်ပံံ့မှု ဆက်ပြီးလိုအပ်နေသေးတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။ ဆိုင်းတောင်ရွာမှာ စက်တင်ဘာလ ၇ ရက်နေ့ကနေ စတင်လာတဲ့ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြား ပြင်းထန်လာတဲ့တိုက်ပွဲကြောင့် ဒေသခံတွေပြည်သူတွေတစ်ချို့ တော၊ယာခင်းတွေမှာ ခက်ခက်ခဲခဲစစ်ရှောင်နေကြတာ ခုဆိုရင် ရက်ပေါင်း ၂၃ ရက်ရှိလာပြီ ဖြစ်ပါတယ်။ ဒီစစ်ဘေးရှောင်ထဲမှာ ကိုယ်ဝန်ဆောင်မိခင်၊ကလေးသူငယ်နဲ့မသန်စွမ်းတွေပါဝင်နေတဲ့အတွက် အဓိကဆေးဝါးနဲ့အစားသောက်ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “ခုကျမတို့ဒီမှာ လူဦးရေ ၃၀၀ ကျော်ပြီ ခြေထောက်မသန်တဲ့သူတွေလည်းပါတယ် ကိုယ်ဝန်ဆောင်မိခင်၊လသားအရွယ်မွေးထားတဲ့မိခင်တွေ၊ ကလေးသူငယ်တွေလည်းအများကြီးပါတော့ အဝေးကိုမသွားနိုင်ကြဘူး။ အဲဒါကြောင့်လည်း ဒီတောထဲမှာဘဲ သောင်တင်နေတဲ့အခြေနေဖြစ်နေတယ်။အဲကြောင့် ဆေးဝါးနဲ့အစားသောက်တွေကလိုအပ်နေသေးတယ်”လို့ ပြောပါတယ်။…
Read More » -
Sep- 2024 -30 Septemberသတင်း
ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် တပ်စခန်း ၅ နေရာကို KIA သိမ်းပိုက်ထား
ကချင်ပြည်နယ် ချီဖွေမြို့သိမ်းတိုက်ပွဲမှာ မြို့အပါအဝင် စစ်ကောင်စီတပ်စခန်း ၅ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်က တစ်ရက်အတွင်း အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကချင်အထူးဒေသ ၁ အတွင်းရှိ ချီဖွေမြို့ မြို့မရဲစခန်း၊ ချီဖွေကနေ ပန်ဝါသွားလမ်းပေါ်က ၄ မိုင်စစ်တပ်ဂိတ်၊ ချီဖွေမြို့အဝင် နန်းဦးပြည်သူ့စစ်ဂိတ် ၊ ကန်ပိုင်ယန်သွားလမ်း အေးရှားဝေါဘောလုံးကွင်းအနီးက ကာကင်းစခန်းတစ်ခုနဲ့ ရှငေါ် ပြည်သူ့စစ်ဂိတ်အပါအားလုံးကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ စက်တင်ဘာလ ၂၉ ရက်နေ့ တစ်ရက်အတွင်း တစ်ပြိုင်နက်သိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။ “တိုက်ပွဲက မနေ့က မနက်ပိုင်း ၅ နာရီလောက်မှာ အေးရှားဝေါး ဘောလုံးကွင်းနေရာကနေ စတင်ပစ်ခတ်မှုဖြစ်ပွားရာကနေ တစ်ရက်လုံး ချီဖွေမြို့မှာ တိုက်ပွဲဖြစ်တယ်။ ည ၁၂ နာရီလောက်မှာက စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ လာကြဲတဲ့ ဗုံးအရေအတွက်က အချက် ၄၀ လောက်ရှိမယ်။ ညသန်ခေါင်ယံဆိုတော့ သေချာမသိဘူး။ ချီဖွေမြို့တွင်း ထိခိုက်မှုကများတယ်”လို့ချီဖွေမြို့မှာရှိနေတဲ့ ဒေသခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။ ရဲတပ်သား အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ချီဖွေမြို့မရဲစခန်းကို စက်တင်ဘာလ ၂၉ ရက်နေ့ ၂ နာရီဝန်းကျင် သိမ်းပိုက်နိုင်ခဲ့ပြီးတော့ တပ်ရင်းမှူးထိုင်ထားတဲ့ ချီဖွေ စစ်တပ်ကုန်းနေရာကိုတော့ မနေ့ည ၈ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်။…
Read More » -
26 Septemberသတင်း
မိုးမောက်မြို့ ပြန်သိမ်းနိုင်ဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာ တစ်လကျော်ကြာမြင့်လာ
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေ သိမ်းပိုက်ထားပြီဖြစ်တဲ့…
Read More » -
26 Septemberသတင်း
မြစ်ကြီးနားမှာ Starlink Wifi စက်တပ်ဆင်သူများလာတာကြောင့် အင်တာနက်အသုံးပြုခစျေးနှုန်းလျော့ကျလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ Starlink Wifi စက်တပ်ဆင်တဲ့ဆိုင်တွေများလာတာကြောင့် Wifi အသုံးပြုခ တစ်နာရီကျပ် ၃၀၀၀၀( သုံးသောင်း) ကနေ ကျပ် ၁၅၀၀၀ (တစ်သောင်းခွဲ) အထိစျေးလျာ့ကျလာတယ်လို့သိရပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့စ ဖုန်းအင်တာနက်လိုင်းနဲ့ Fiber wifiအင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့အတွက် မြစ်ကြီးနားမြို့မှာ IP…
Read More » -
25 Septemberသတင်း
ဖားကန့်မှာ တိုက်ပွဲကြောင့် ပြည်သူတွေ ရာနဲ့ချီစွန့်ခွာနေ
ဖားကန့် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်…
Read More » -
25 Septemberသတင်း
စစ်ရှောင် ၇ လ ကျော်ကြာလာတဲ့ ဝိုင်းမော်မြို့နယ် စစ်ဘေးရှောင်များ စားနပ်ရိက္ခာနဲ့ဆေးဝါးများကူညီထောက်ပံ့မှုလိုအပ်
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲရက်ကြာရှည်လာတာနဲ့အမျှ စစ်ရှောင်ပြည်သူတွေ…
Read More » -
25 Septemberသတင်း
ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေ
ကချင်ပြည်နယ် ပူတာအိုခရိုင်ထဲက KIA ၊KPDF ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းဖို့ စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ၂၀၂၄ ခုနှစ် မေလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ပူးပေါင်းတပ်ထိုးစစ်ဆင်သိမ်းပိုက်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ကို ပြန်သိမ်းယူဖို့ ပူတာအိုခရိုင်အခြေစိုက် ခလရ ၁၃၇ တပ်နဲ့ ၄၆ တပ်ကစစ်ရေးပြင်ဆင်မှုတွေလုပ်ဆောင်နေတယ်လို့ ပူတာအိုPDF နဲ့နီးစပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “၁၃၇ နဲ့နီးစပ်တဲ့လူတွေပြောတာတော့ ဆွမ်ပရာဘွမ့်ကိုသူတို့ပြန်သိမ်းမယ်တဲ့ ဘယ်လမှာဆိုတာတော့အသိအကျမသိရဘူး နှစ်မကုန်ခင်ပြန်သိမ်းဖို့ရှိတယ်လို့တော့သတင်းထွက်နေတယ်။ ပြီးတော့သူတို့ဘက်ကစစ်ရေးပြင်ဆင်တာတွေကြည့်ရင်တော့မကြာလောက်ဘူးအခုတောင်ည ညဆိုစစ်ကားတွေသွားသွား လာလာရှိတယ်”လို့ အသက် ၅၀ ကျော်အရွယ်အထက်ပါအမျိုးသားကပြောပါတယ်။ ဆွမ်ပရာဘွမ်မြို့ကိုပြန်သိမ်းယူဖို့ စစ်ကောင်စီတပ်ဟာ လွန်ခဲ့တဲ့ ဇူလိုင်လကတည်းကနေ စစ်အင်အားတွေကို လေကြောင်းနဲ့ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ့်မြို့ကြားထဲက လုံရှာယာန်၊ ဖက်မာစတဲ့ကျေးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ပို့ဆောင်ထားတယ်လို့သိရပါတယ်။…
Read More » -
25 Septemberသတင်း
ပူတာအို- မြစ်ကြီးနားလမ်းပိုင်းအခွန်အကောက်များလို့ ပူတာအိုမှာ ဆီစျေးမကျနိုင်သေး
ကချင်ပြည်နယ် ပူတာအိုဒေသထဲကို စက်သုံးဆီကားပုံမှန်ဝင်နေပေမယ့် ဆီစျေးတွေမကျပဲ ဆက်မြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။ မြန်မာ–တရုတ်နယ်စပ် ကန်ပိုက်တည်ဂိတ်ကနေဝင်လာတဲ့ စက်သုံးဆီတွေဟာ ပူတာအိုဒေသထဲ အလုံအလောက်ဝင်နေပေမယ့် ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း အကောက်အခွန်များနေတာကြောင့် ဆီစျေးမကျပဲ ဆက်မြင့်တက်နေတယ်လို့ ပူတာအိုမြို့လေယာဥ်ကွင်းရပ်ကွက်နေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်ဝင်နေတဲ့ဆီတွေက တရုတ်ဆီတွေပဲဟုတ်တယ် ကန်ပိုက်တည်မှာ ယူစျေးကတစ်ပေပါမှ ၁၂သိန်းလောက်ပဲရှိတယ်။ မြစ်ကြီးနားမှာလည်း ဒီဆီပဲ မြစ်ကြီးနားမှာကတစ်လီတာမှ ၆၀၀၀ ပဲရှိတယ်။ ဒီမှာက တစ်လီတာကို ၁၃၀၀၀ တဲ့ လမ်းမှာအကောက်အခွန်အရမ်းများလို့စျေးတက်နေတာ”လို့ အသက် ၄၀ ကျော်အရွယ်အထက်ပါအမျိူးသားကပြောပါတယ်။…
Read More » -
25 Septemberသတင်း
ချင်းမိုင်ရောက် ကချင်တက္ကသိုလ်ကျောင်းသား၊သူတွေရဲ့ အခက်ခဲကိုကူညီဖြေရှင်းပေးမယ့် KUSA
“ကျွန်တော်တို့ ဆက်လက်ပြီး ပညာရေးနဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်တဲ့အချိန်တွေမှာ (Hpaji Hte Myu Hpe…
Read More »









