-
Nov- 2024 -23 Novemberသတင်း
NSCN-K အန်းမိုင်းအဖွဲ့ နာဂဒေသမှာ ဂိတ်ထိုင်ပြီးအခွန်ကောက်ခံမှုစတင်လုပ်ဆောင်လာ
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နဲ့နန်းယွန်းမြို့မှာ NSCN-K အန်းမိုင်းအဖွဲ့က ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေစတင်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ နာဂလက်ကိုင်အဖွဲ့ NSCN-K ရဲ့သမိုင်းတစ်လျှောက် ဆယ်စုနှစ်များစွာအတွင်း ဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာမျိုးမရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လစပြီး လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ် လမ်းပိုင်းဂိတ်ထိုင်ပြီး အခွန်ကောက်ခံတာတွေ စတင်လာတယ်လို့ နန်းယွန်းမြို့ခံ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။ “လောလောဆယ်သိရလောက် ဂိတ်နှစ်ခုတော့ထိုင်လာပြီ တစ်ခုက လဟယ်နဲ့ အိန္ဒိယနယ်စပ်လမ်းမှာတစ်ခု လဟယ်မြို့နားမှာပဲ။ ပြီးတော့နောက်တစ်ခုက လဟယ်မြို့နဲ့နန်းယွန်းမြို့လမ်း မကျန်းရွာမှာ ဂိတ်အဲ့နှစ်ခုပဲ အခွန်ကတော့ ဆီဆိုဆီ၊ပိုက်ဆံဆိုပိုက်ဆံ အဲ့လိုတောင်းတာ”လို့ အသက် ၃၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။ လတ်တလောထိုင်ထားတဲ့ ဂိတ်နှစ်ခုဟာ လဟယ်–နန်းယွန်းကုန်သွယ်ရေးလမ်းနဲ့ ဟလယ်–အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းမှာဖြစ်ပြီး ဓာတ်ဆီပုံးဝါတစ်ပုံးကို အခွန်အဖြစ် တစ်လီတာနှုန်း၊ ကုန်တင်တဲ့ဆိုင်ကယ်တစ်စီးကို ကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်း ကုန်ကားအသေးကိုကျပ် ၅၀၀၀၀ (ငါးသောင်း) ကနေ ၁၀၀၀၀၀ (တစ်သိန်း) အထိကောက်ခံတာမျိုးရှိတယ်လို့သိရပါတယ်။…
Read More » -
23 Novemberသတင်း
ကျောက်ဝိုင်းကပြန်လာတဲ့ တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေ သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယက်
ဖားကန့်မြို့နယ် လုံခင်းကျေးရွာအုပ်စု မြောက်ကုန်းစစ်တပ်ကုန်းအနီး တရုတ်အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က သေနတ်ထောက်ပြီး ငွေသိန်းတစ်ထောင်ကျော်လုယူသွားတယ်လို့ ဖားကန့်ဒေသခံတွေဆီကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၈ နာရီဝန်းကျင် လုံးခင်းကျောက်ဝိုင်းကနေ ကားနဲ့ ပြန်လာတဲ့ တရုတ်အမျိုးသား ၂ ဦး (ဒေသအခေါ်) မြောက်ကုန်းစစ်တပ်ကုန်းရှေ့မှာ ဖမ်းဆီးခေါ်ခံရပြီးနောက် ငွေသိန်းတစ်ထောင်ကျော်လုယူခံလိုက်ရတာဖြစ်တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦးပြောပြပါတယ်။ “လုံးခင်းကနေ ပြန်လာတဲ့ တရုတ်းအမျိုးသား ၂ ယောက် လုံးခင်းအကျော် မြောက်ကုန်း စစ်တပ်နေရာအောက်နားရောက်တော့ ခြုံမှာပုန်းနေတဲ့ စစ်သား ၃ ယောက် ထွက်လာပြီး သေနတ်ထောက်ခြိမ်းခြောက်တာတဲ့ ခနကြာတော့ စစ်တပ်ကုန်းထဲကို ခေါ်သွားပြီး ကားထဲမှာပါလာတဲ့ ပစ္စည်းတွေအကုန်လုံးထုတ်ပြခိုင်းတယ်တဲ့။ အဲ့ဒီ ၂ ယောက်မှာ ပါလာတဲ့ ငွေသိန်းတစ်ထောင်လောက်ကို ယူပေးလိုက်ပြီး ပြန်လွတ်လိုက်တယ်လို့ပြောတယ်”လို့ပြောပါတယ်။ သေနတ်ထောက်ခြိမ်းခြောက်မှုစလုပ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးမှာ အရပ်ဝတ် ဝတ်ထားပြီး သေနတ်တိုကိုင်သူတစ်ဦး သေနတ်ရှည်ကိုင်သူတစ်ဦးအပြင် လက်နက်မကိုင်ပဲ လက်ဗလာနဲ့တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
21 Novemberတိုက်ပွဲ
ကန်ပိုင်တည်မှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေကို KIA က လိုက်လံဖမ်းဆီးရှင်းလင်း
မြန်မာ– တရုတ်နယ်စပ် ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ် လိုက်လံရှင်းလင်းနေဆဲဖြစ်တယ်လို့ ကံပိုင်တည်ဒေသခံတွေဆီကနေ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနဲ့ ပြည်သူ့စစ်အဖွဲ့တွေ အများပိုင်း ထွက်ပြေးလွတ်မြောက်နေသေးတာကြောင့် ဒီကနေ့ နိုဝင်ဘာလ ၂၁ ရက်နေ့အထိ မြို့တွင်း မြို့ပြင် နေရာအားလုံးကို လိုက်လံရှာဖွေ ရှင်းလင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။ “မြို့ထဲမှာ KIA က နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတုန်း။ တိုက်ပွဲမှာ ထွက်ပြေးနေတဲ့ သူတွေကို လိုက်ဖမ်းနေတယ်။ ဒီကနေ့ လိုက်ဖမ်းတာ ၁၀ ယောက်လောက် ဖမ်းဆီးရမိတယ်လို့ကြားတယ်။ သေးစိတ်တော့ ပြောဖို့ခက်သေးတယ်။ စစ်သားတွေက တရုတ်ပြည် နယ်စပ်ဘက်ခြမ်းမှာ ထွက်ပြေးနေကြတယ်။ တရုတ်ပြည်ဘက်လည်း လမ်းတွေ ပိတ်လိုက်ပြီဆိုတော့ နယ်စပ်တစ်လျှောက်မှာ ရှိနေကြတယ် ထင်သားပဲ။ KIA က ရှင်းလင်းရေးလုပ်နေသေးတော့ သေနတ်ဖောက်သံတွေကြားနေရသေးတယ်”လို့ကန်ပိုင်တည်ဒေသခံတစ်ဦး ပြောပါတယ်။…
Read More » -
20 Novemberတိုက်ပွဲ
နယ်ခြားစောင့်တပ်ရဲ့ နောက်ဆုံးကျန်နေတဲ့ ကံပိုင်တည်မြို့ကို တရုတ်ဖိအားကြားက KIA သိမ်းပိုက်ပြီး ရှင်းလင်းရေးဆောင်ရွက်နေ
မြန်မာ– တရုတ်နယ်စပ် နှစ်နိုင်ငံကုန်သွယ်ရေးဇုန်ရှိရာ ကန်ပိုင်တည်မြို့တစ်ခုလုံးကို KIA ပူးပေါင်းတပ် ဒီညနေ ၅ နာရီခန့်မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်ကနေ ကန်ပိုင်တည်မြို့ပေါ် ပစ်ခတ်မှုစတင်လာပြီး မွန်းလွှဲ ၂ နာရီဝန်းကျင် မြို့အတွင်း၊မြို့ပြင် နှစ်ဖက်တပ်အပြန်အလှန်ပစ်ခတ်မှုပိုစိပ်လာပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲဒီနောက် ညနေပိုင်း ၅ နာရီခန့်မှာ ကန်ပိုင်တည် စစ်တပ်ကုန်းနဲ့ ရဲစခန်းအားလုံးကို သိမ်းပိုက်လိုက်ပြီလို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။ “ဒီညနေ ၅ နာရီလောက်မှာ အပြီးသတ် သိမ်းလိုက်ပြီ။ ကန်ပိုင်တည်မှာရှိနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက တရုတ်ပြည်ဘက်ခြမ်းကို နယ်မြေတံတိုင်းတွေ ကျော်ခွပြီး ထွက်ပြေးသွားကြကုန်ပြီ။ စစ်တပ်ကုန်းလည်း မီးရှို့ဖျက်ဆီးလိုက်ပြီ။ ရဲစခန်းမှာလည်း ကျနော်တို့အားလုံးနေရာယူလိုက်ပြီ။ ဟော်တယ်နေရာတွေမှာ ရှိနေတဲ့ စစ်သားတွေအားလုံးကိုလည်း ရှင်းလိုက်ပြီ။ အခုက လှိုင်ဂူဘက်မှာ နည်းနည်းလေးကျန်နေတယ် အဲလိုက်ဘက်မှာလိုက်ရှင်းနေတယ်”လို့ပြောပါတယ်။…
Read More » -
20 Novemberသတင်း
ကန်ပိုင်တည်မြို့ထဲ KIA ဝင်လာတော့မယ်လို့သတင်းထွက်နေတာကြောင့် စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေ
မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဝင်လာတော့မယ်လို့ သတင်းထွက်နေကြောင့် ဒီမနက်ပိုင်းကစပြီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျငစပြီး စစ်ကောင်စီတပ်တွေဟာ မြို့ထဲ စစ်တပ်ကုန်းနဲ့ ရဲစခန်းကနေ KIA တပ်ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းဘက်ကို ရမ်းသမ်းပစ်ခတ်နေတယ်လို့ ကန်ပိုင်တည်ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “လောလောဆယ်က နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားနေပြီလို့ ပြောလို့မရသေးဘူး။ အခုပစ်နေတာက တစ်ဖက်ထဲပစ်တဲ့ အသံပဲ ကြားနေရတာဆိုတော့လေ။ ကန်ပိုင်တည်မှာရှိတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက ဒီကနေ့မနက်ပိုင်း ၁၀ လောက်ကနေ တစ်ဖက်တပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်နေကြတာ အခုချိန်အထိပါပဲ။ ဟိုးဘက်ကနေ တက်လာမှာကို စိုးရိမ်းပြီး ရမ်းသမ်းပစ်နေတာ။ ပြည်သူတွေကလည်းကြောက်လို့ အကုန်ထွက်ပြေးသွားကြပြီ။ မြို့ထဲမှာ ဘယ်သူမှမရှိတော့ဘူး”လို့ပြောပါတယ်။…
Read More » -
19 Novemberသတင်း
မန္တလေး – မြစ်ကြီးနား လမ်းမပေါ် ရှိ ကာကွယ်ရေးတပ်ရဲ့အခွန်ဂိတ် တိုက်ခိုက်ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ခရီးသွား ၄ ဦးသေဆုံး
မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက…
Read More » -
19 Novemberသတင်း
မူဆယ်မြို့ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်ကနေ ကုန်ပစ္စည်းသယ်ခွင့်ပိတ်ထားလို့ မူဆယ်မှာ အခြေခံစားသောက်ကုန်ပြတ်လပ်
ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ပိတ်ပင်ထားတာကြောင့် မူဆယ်မြို့ထဲမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်နေပြီး အခက်ကြုံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နယ်စပ်ဂိတ်တွေကနေ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်ကို နှစ်ဖက်အာဏာပိုင်တွေဘက်က ပိတ်ပင်ထားတာ တစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး မူဆယ်မြို့ထဲမှာ ကုန်စျေးနှုန်းတွေမြင့်တက်ကာ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်နေပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကိုပြောပါတယ်။ “တရုတ်ဘက်က ကုန်ပစ္စည်းတွေကို မန့်ဝိန်းဂိတ်ကနေပဲ သယ်ယူခွင့်ပေးတော့မယ်။ ဆိုတော့ ကုန်သည်တွေအားလုံးကလည်း အဲဘက်ကနေဝင်ဖို့ ဦးတည် သွားစောင့်နေတာပေါ့။ ဒါပေမဲ့ မန့်ဝိန်းဂိတ်ကို မြန်မာဘက်က မဖွင့်ပေးသေးတာ။ အဝင်အထွက်လက်မခံသေးတာပေါ့။ အခု အခြေခံစားသောက်ကုန်တွေ အဝင်မရှိဖြတ်သန်းခွင့် မရနေတာကြောင့် မူဆယ်ထဲ စားသောက်ကုန်တွေပြတ်လာတယ်။ နာရေး၊ သာရေး အစီအစဉ်ကြီးတွေလုပ်ဖို့ ပြင်ဆင်ထားသူတွေလည်း တရုတ်ဘက်က ကုန်ပစ္စည်းတွေပဲအဓိက သုံးကြတာဆိုတော့ ငါးရှာတာတောင် မတွေ့တော့ဘူး။ အာလူးလိုက်ရှာနေသူတွေ၊ ဥနီလိုက်ရှာဝယ်တာတွေ ရှာဝယ်လို့ မရတော့တာကြောင့် ခက်နေကြတာတော်တော်များပဲ။ ဒီလိုပဲ ကြာကြာပိတ်နေရင်တော့ ဒီဘက်မှာ စားသောက်ကုန်တွေ ပိုခက်လာဖို့ပဲရှိတယ်”လို့ မူဆယ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ …
Read More » -
19 Novemberသတင်း
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ဆက်ပိတ်ထားဆဲဖြစ်ပြီး KIO ဘက်က ပိတ်ထားခြင်းမရှိဘူးလို့ ဆို
ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)ထိန်းချုပ်ထားတဲ့ တရုတ်–မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို တရုတ်ဘက်က ဆက်ပိတ်ထားဆဲဖြစ်ပြီး KIO ဘက်က ပိတ်ထားခြင်းမရှိဘူးလို့ KIO ဘက်ကပြောပါတယ်။ ပြီးခဲ့တဲ့ နိုင်ဝင်ဘာလ ၁၁ ရက်ကစပြီး KIO ဌာနချုပ်ရှိရာ လိုင်ဇာ တရုတ်–မြန်မာနယ်စပ်ဂိတ်အပါအဝင် လွယ်ဂျယ်ဂိတ်တွေကို ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO/KIA)ဘက်က တန်ပြန်ပိတ်ထားလိုက်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့(KIO)အနေနဲ့ နယ်စပ်ဂိတ်တွေကို အထူးတလည် ပိတ်လိုက်တာမျိုးမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “ကျနော်တို့ KIO အနေနဲ့တော့ တရုတ်–မြန်မာနယ်စပ်တံခါးပိတ်တာမျိုး မလုပ်ဘူး။ တရုတ်ဘက်က ပိတ်တယ်ဆိုပြီး လုပ်ထားတယ်။ သူတို့ဘက်က ပြန်ဖွင့်ပြီလို့ ကျနော်တို့ဆီ သတင်းပေးတာမျိုးလည်း မရှိဘူး။ ဒါကြောင့် ကျနော်တို့ တရုတ်ဘက်က ပိတ်ထားလောက်တယ်ပဲ ကျနော်တို့သိတယ်။ ထိုနည်းတူ ကျနော်တို့ဘက်ကတော့ နယ်စပ်တံခါးပိတ်တယ်၊ မပိတ်ဘူး ဆုံးဖြတ်ထားတာမျိုး မရှိဘူး။ ဘယ်ဘက်ကလာတဲ့သတင်းလဲ မသိဘူးနော်။”လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။…
Read More » -
19 Novemberသတင်း
စစ်ကိုင်း-ကချင်အစပ် SNA တပ်စခန်း ၃ ခု KIA ထပ်သိမ်း
စစ်ကိုင်း– ကချင်အစပ် ဟုမ္မလင်းမြို့နယ် SNA တပ်စခန်း ၃ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ပျူစောထီး ပူးပေါင်းတပ်စွဲထားတဲ့ ရွှေတွင်းတပ်စခန်းနဲ့ရာလာတီးတပ်စခန်းကို KIA ပူးပေါင်းတပ်က နိုဝင်ဘာလ ၁၈ ရက်နေ့ သိမ်းပိုက်လိုက်ပြီး စိုင်းပန်ရွာစခန်းကုန်းကို ဒီမနက်ပိုင်း ၅ နာရီဝန်းကျင်မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ် တစ်ဦး KNG ကို ခုလိုပြောပါတယ်။ “ဒီဘက်ကို ကျနော်တို့ ၂၅ ရက်နေ့ကနေစတိုက်တာ မနေ့က ရွှေတွင်းလမ်းဆုံစခန်းနဲ့ရာလာတီးစခန်းကိုသိမ်းတယ်။ စိုင်းပန်တပ်စခန်းကိုမနေ့ကတည်းက ပိတ်ဆို့ထားတာ အထဲမှာသူတို့မရှိဘူး ပြေးကုန်ပြီ အဲကြောင့် စိုင်းပန်ကိုလည်း ဒီမနက်ပိုင်းမှာ သိမ်းလိုက်နိုင်တာ”လို့ ပြောပါတယ်။ စစ်ကိုင်း– ကချင်အစပ်ရှိမှာရှိတဲ့ SNA တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က အောက်တိုဘာလ ၂၅ ရက်နေ့ကနေ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို နိုဝင်ဘာလ ၃ ရက်နေ့ တိုက်ခိုက်သိမ်းယူထားပြီးနောက် နှစ်ပတ်အကြာ နောက်ထပ်တပ်စခန်း ၂ ခုကို ထပ်ပြီးသိမ်းပိုက်နိုင်တာဖြစ်ပါတယ်။…
Read More » -
19 Novemberသတင်း
မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း စစ်တပ်ဂိတ်မှာ သွားလာရေးကန့်သတ်ခံရတဲ့အတွက် ခရီးသည်များတစ်ညအိပ်နဲ့ သွားနေရ
ကချင်ပြည်နယ် မြစ်ကြီးနား– ပူတာအိုလမ်းပိုင်းရှိ စစ်တပ်ဂိတ်တွေမှာ ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ခရီးသည်တွေ တစ်ညအိပ်ခရီးသွားနေရတယ်လို့ ခရီးသည်တွေဆီကနေ သိရပါတယ်။ မြစ်ကြီးနား–ပူတာအိုကားလမ်းပိုင်း ပုံမှန်အားဖြင့် တစ်ရက်ခရီးသာရှိပေမယ့် ဩဂုတ်လကုန်ပိုင်းကစပြီး ပူတာအိုမြို့အဝင် မူလာရှီးဒီဂိတ်နဲ့ ဖက်မာရွာ၊လုံရှာယန်ကျေးရွာတွေမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဂိတ်က ဖြတ်သန်းခွင့်ကန့်သတ်လိုက်တာလို့ ကားသမားတစ်ဦး KNG ခုလိုပြောပါတယ်။ “လမ်းမှာတစ်ညအိပ်နေရတာက ကြာပြီလားဆိုတော့ ပြီးခဲ့တဲ့ ရှစ်လကုန်ပိုင်းလောက်ကတည်းက ဟုတ်တယ် ဆွမ်ပရာဘွမ်ကျော်ပြီး ဟိုဘက်မှာရှိိတဲ့ စစ်တပ်ဂိတ်တွေက ဘယ်ဂိတ်မှညနေခြောက်နာရီနောက်ပိုင်းမဖြတ်ခိုင်းဘူး။ အဲ့ကြောင့်လမ်းမှာတစ်ည အိပ်ရတာ ဂိတ်မပိတ်ခင်အမှီသွားရအောင်ကလည်းလမ်းခရီးကဝေးတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေး”လို့ ပြောပါတယ်။ ခုလိုစစ်ကောင်စီတပ်ဂိတ်တွေမှာ ညခြောက်နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မပေးတာကြောင့် မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ ကုန်ကား၊ခရီးသည်ကားများ ဆွမ်ပရာဘွမ်မြို့နဲ့ ဖုန်ကျန်းကျေးရွာတွေမှာ ညအိပ်ကြရတယ်လို့ သိရပါတယ်။…
Read More »