-
Jul- 2024 -17 Julyသတင်း
ဝိုင်းမော်မှာ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ပြည်သူ့စစ်စခန်းတွေကို ကာကွယ်ဖို့ ကတုတ်ကျင်းတူးပြီး လုံခြုံရေးတင်းကြပ်နေ
ဝိုင်းမော်မြို့နယ်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဝူယန်ပြည်သူ့စစ်တပ်စခန်းပတ်လည် ကတုတ်ကျင်းတူးတာ၊ ကျေးရွာအတွင်း လမ်းနေရာတစ်ချို့မှာ လုံခြုံရေးတင်းကြပ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လကစပြီး စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝူယန်နဲ့ ခကွမ်(Hkakrum) ကျေးရွာသွားတဲ့လမ်းတစ်လျှောက် စစ်အင်အား ၁၀၀ ဝန်းကျင်အသုံးပြုပြီး လမ်းနေရာတစ်ချို့ကိုပိတ်ဆို့တာ၊ လမ်းကြားတစ်ချို့မှာ ကတုတ်ကျင်းတူးတာအပြင် လုံခြုံရေးတင်းတင်းကြပ်ကြပ်လုပ်ဆောင်လာနေတာဖြစ်ပါတယ်။ အဲဒီနောက် ဇူလိုင်လ ၁၇ ရက်နေ့ ဒီကနေ့မှာတော့ ဝူယာန်ပြည်သူ့စစ်တပ်စခန်းဝင်းနေရာ ပတ်ပတ်လည်ကို လူတစ်ရပ်စာလောက်နက်တဲ့ ကတုတ်ကျင်းထပ်ပြီး တူးလိုက်ပြိီဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ပြည်သူတစ်ချို့က လမ်းတူးဖော်လိုက်တယ်လို့တော့ ပြောနေကြတယ်။ ဒါပေမယ့် ဝူယန်ပြည်သူ့စစ်စခန်း ပတ်ပတ်လည်ကို လူတစ်ရပ်စာနက်ပြီး တူးဖော်နေတယ်။ အဲလိုတူးနေတူးနေလို့ အနီးဘေးပတ်ဝန်းကျင်က နေအိမ်တွေအထိ ပါသွားတာတွေရှိတယ်လို့ ပြောနေကြတယ်။ အခုက ဝါးထံရံကာထားတဲ့ နေရာကို လိုက်ပြီး တူးလိုက်တာဟုတ်တယ်”လို့ပြောပါတယ်။…
Read More » -
17 Julyသတင်း
ရေဘေးကြောင့် နေအိမ် ၈၀ ကျော်ပျက်စီးသွားတဲ့ မြစ်ဆုံဒေသ ခန်းပူရွာပြည်သူတွေ ကူညီလိုအပ်နေ
မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသ ခန်းပူ(Hkang Pu)ကျေးရွာက နေအိမ် ၈၀ ဝန်းကျင်ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေပါတယ်။ ဖုန်းအင်တာနက် ဆက်သွယ်ရေးလိုင်းခက်ခဲပြီး သွားလာရေးအခက်ကြောင့် အကူအညီတွေမရောက်ရှိနိုင်သေးတဲ့ နေရာတွေထဲမှာ ခန်းပူကျေးရွာလည်းတစ်ခုအပါအဝင်ဖြစ်ပြီး လက်ရှိမှာ ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ပြည်သူတွေ အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေပြောပါတယ်။ “အိမ်ပျက်စီးသွားတဲ့သူတွေလည်း ဘာမှမလုပ်ယူနိုင်သေးဘူး။ အိမ်ခြေ ၆ ခုက အစကနေ အိမ်ပြန်ဆောက်လုပ်ယူရတော့မယ်။ လောလောဆယ်ဖျားနာတာတွေလည်း အများပိုင်းဖြစ်နေတယ်။ ဆေးဝါးလည်းခက်ခဲတယ်။ ရေဘေးကြုံပြီး အခု ၂ ပတ်ကျော်ထိဆိုရင် ဆန်၊ဆီဆား ကူညီမှု ၂ ဖွဲ့တော့ရောက်တယ်။ ခန်းပူလိုင်းမမိတော့ ရေဘေးကြုံနေတဲ့အချိန်လည်းဘယ်သူနဲ့မှ ချိတ်ဆက်မှုမရဘူး။”လို့ ခန်းပူကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။…
Read More » -
17 Julyသတင်း
ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးခင်းအားလုံး ကြွက်ဝင်ရောက်ဖျက်ဆီး
ဗန်းမော်ခရိုင် မံစီမြို့နယ် ဘွမ်အောင်နန်ကျေးရွာဒေသခံတွေရဲ့ တောင်ယာစပါးနဲ့ကောက်ပဲသီးနှံစိုက်ခင်းအားလုံး ကြွက်ဘေးဒဏ်ကျရောက်လို့ ပျက်စီးသွားပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဘွမ်အောင်ရွာမှာ အိမ်ထောင်စု ၃၈ စုရှိပြီး အသက်မွေးဝမ်းကျောင်းအဖြစ် တောင်ယာစပါးနဲ့ကောက်ပဲသီးနှံကို အဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။ သို့သော် ဒီနှစ်ရဲ့တောင်ယာစပါးခင်းနဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေမှာ ကြွက်ဘေးဒဏ်ဆိုးဆိုးဝါးဝါးကျရောက်နေတဲ့အတွက် ဒေသခံပြည်သူတွေ လာမယ့်နှစ်အငတ်ဘေးဆိုက်မယ့်အခြေနေမှာ ရှိနေတယ်လို့ ဘွမ်အောင်နန်ရွာဒေသခံအမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။ “တစ်နှစ်စာ စားဖို့အတွက် ဒီလိုဘဲစိုက်ပျိူးကျတော့ ဒီနှစ်ပုံစံနဲ့ဆို နောက်နှစ်စားမယ့် ဆန်မရှိတော့ဘူး၊ ဟိုးအရင်တွေတုန်းက ဒီလိုဖြစ်တဲ့ နှစ်တွေဆို ပိန်းဥတွေ တူးစားပြီး အာဟာရပြတ်လတ်အသက်ဆုံးရှုံးဒါတွေ ကိုယ်တိုင်မြင်ခဲ့ဖူးတယ်၊ ဒီနှစ်တောင်ယာတော့ အကုန်လုံးရဲ့ဟာပါသွားတော့ စိတ်ညစ်တယ်” လို့ ပြောပါတယ်။…
Read More » -
16 Julyသတင်း
ဗန်းမော်မြို့ ကနေ တင့်ကား ၅ စီးခန့်နဲ့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို KIA တိုက်ခိုက်
မိုးမောက်မြို့ဘက်ကို စစ်တင့်ကားတွေနဲ့ ထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေကြား…
Read More » -
16 Julyသတင်း
ကသာမှာ ရွာပေါင်း ၃၀ လောက်မှာ ရေဝပ်နေတဲ့အတွက် ရေဘေးကြုံခဲ့ရ
စစ်ကိုင်းနဲ့ကချင်အစပ်က ကသာမြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရွာပေါင်း ၃၀ လောက် ရေဘေးအန္တရာယ်ကြုံတွေခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ကနေ ဧရာဝတီမြစ်ရေဟာ ကသာမြို့နယ်မှာ စိုးရိမ်ရေအမှတ်အောက်ကို ရောက်ရှိသွားပြီ မြစ်ကမ်းနဘေးက ကျေးရွာတွေနဲ့ မြေနိမ့်ပိုင်းကျေးရွာတွေ…
Read More » -
15 Julyသတင်း
မြစ်ကြီးနား – ပူတာအို ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ကုန်ကား ၈၀ ဝန်းကျင်ပိတ်မိနေ
မြစ်ကြီးနား – ပူတာအိုကားလမ်းပျက်စီးနေတဲ့အတွက် ကုန်တင်ကားအစီး ၈၀ ဝန်းကျင်ပိတ်မိနေဆဲဖြစ်ပြီး အချိန်တိုအတွင်းသွားလာနိုင်ဖို့ရန်အတွက် တာဝန်ရှိတဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရအနေနဲ့ အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေးဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ဇူလိုင်လဆန်းပိုင်းကနေ တစ်ပတ်လောက်အကြာ ကချင်ပြည်နယ်အထက်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် မြစ်ကြီးနား– ဆွမ်ပရာဘွမ့်– ပူတာအိုအထိ ကားလမ်းပိုင်းမြေပြိုကျပျက်စီးမှုဟာ ပေ ၂၀၀ ဝန်းကျင်အထိရှည်လျားပြီး ပျက်စီးနေတာကြောင့် အတက်၊အဆင်း လုပ်နေတဲ့ ကုန်ကား ၈၀ ဝန်းကျင် ပိတ်မိနေတာ ခုဆိုရင်ရက်ပေါင်း ၂၀ လောက်ကြာမြင့်လာပြီလို့သိရပါတယ်။ လက်ရှိအများဆုံးမြေပြိုကျပျက်စီးသွားတဲ့နေရာတွေက မြစ်ကြီးနားမြို့နယ်ထဲက တယန်ဇွပ်ကျေးရွာကတ္တရာလမ်းတစ်ကြောနဲ့ ဆွမ်ပရာဘွမ့်နဲ့ ပူတာအိုမြို့နယ်ထိစပ်တဲ့ လမ်းနေရာတွေမှာဖြစ်တယ်လို့ သိရပြီး လမ်းပျက်စီးမှုအများဆုံးဖြစ်နေတဲ့နေရာတွေကို စစ်ကောင်စီတပ်နဲ့ KIO အစိုးရ နှစ်ဖက် ညှိနှိုင်းမှုတွေနဲ့အတူ လမ်းပြုပြင်ဆောင်ရွက်တာတွေလုပ်နေပြီလို့ ဆိုပါတယ်။ ဒါပေမယ့် ကုန်ကားတွေသွားလာနိုင်ဖို့ အချိန်ကြန့်ကြာနိုင်သေးတယ်လို့ တယန်ဇွပ်ဒေသခံ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။…
Read More » -
15 Julyသတင်း
ပူတာအိုမှာ ဆီကားတွေရောက်ပေမယ့် ဝယ်ယူဖို့ခက်ခဲနေဆဲ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓါတ်ဆီကားတွေ ဝင်ရောက်လာပေမယ့်…
Read More » -
15 Julyသတင်း
နန်းယွန်းမြို့အဝင်တံတား ရေထဲမျောသွားတာ ကြောင့် မြိို့ခံတွေနဲ့ခရီးသွားတွေအခက်အခဲဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး နာဂဒေသက နန်းယွန်းမြိို့အဝင်တံတားကျိုးကျပြီး ရေထဲမျောပါသွားတာကြောင့်…
Read More » -
15 Julyအင်တာဗျူး
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (KSCU) ကျောင်းရဲ့တတိယအကြိမ်မြောက် ကျောင်းဝင်ခွင့်လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ
Kachin State Comprehensive University(KSCU)ရဲ့ ၂၀၂၅ခုနှစ် စာသင်နှစ်နဲ့ ပက်သက်တဲ့ အကြောင်းအရာ စုံစုံလင်လင်ကို KNG ကနေပြီးတော့ KSCU ကျောင်းရဲ့ ဒု ဒုအဓိပတိဖြစ်သူ ဆရာဒေါက်တာ ဦးအောင်နိုင်သူနဲ့ မေးမြန်းတင်ဆက်ထားပါတယ်။
Read More » -
15 Julyသတင်း
အင်းတော်နယ်ထဲက ၂ နှစ်ကျော်ကြာစစ်ဘေးရှောင်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာကျော်နေရပ်ပြန်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲက ၂ နှစ်ကျော်စစ်ဘေးရှောင်ခဲ့တဲ့ ရွာပေါင်း ၁၀ ရွာက ပြည်သူတွေနေရပ်ပြန်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အင်းတော်မြို့နယ် မော်တိတ်ဒေသထဲကို စစ်ကောင်စီတပ်အင်းအားအလုံးအရင်းဝင်ရောက်လာပြီး မော်တိတ်ကျေးရွာအုပ်စု နန့်သာရွာမှာအထိုင်ချကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် မော်တိတ်ဒေသတစ်ခုလုံးက ပြည်သူတွေ တောတောင်ထဲစစ်ဘေးရှောင်ခဲ့ကြရတာ ဖြစ်ပါတယ်။ အဲဒီနောက် ၂ နှစ်ကျော်အကြာ ပြီးခဲ့တဲ့ ဇွန်လမှာ တော်လှန်အင်အားစုတွေက မော်တိတ်ဒေသတစ်ခုလုံးကို ဝင်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် ရွာပေါင်း ၁၀ ရွာက ပြည်သူတွေ ဇူလိုင် ၁၁ ရက်နေ့ကစပြီး နေရပ်ကိုပြန်ဝင်နေကြပြီလို့ အောင်းကုန်းကျေးရွာ စစ်ရှောင်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။ “အားလုံးကိုယ့်အိမ်ကိုယ့်ယာထဲကိုပြန်ဝင်နေကြပြီ ကာကွယ်ရေးတွေဘက်ကလည်းဝင်ကြတော့ကိုယ့်အိမ်ကိုယ့်ယာထဲဝင်ပြီးလုပ်စရာရှိတာလုပ်ကြတော့လို့ပြောလို့ အားလုံးကပြန်ဝင်စပြုနေပြီ ။အရင်ဦးဆုံးတော့သန့်ရှင်းရေးတွေဘာတွေလုပ်ရအုံးမှာ“လို့ သူကပြောပါတယ်။…
Read More »









