-
Jul- 2024 -19 Julyပညာရေး
KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား
ကချင်ပြည်နယ် ဖားကန့်မြိို့နယ် KIO ထိန်းချုပ်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။ KIA|KPDF သိမ်းပိုက်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုထဲက တာမခံ၊ခိုမ၊ဟွေဆိုင်း၊ နတ်ရေတောင်၊ရွှေတောင်ကျော်၊နန့်ပါဟုတ်၊ နန့်စပိန်း စတဲ့ကျေးရွာတွေမှာ ကျောင်းပေါင်း ၂၀ ကျော်အထိဖွင့်လှစ်ထားနိုင်ပြီလို့ တာမခန်ကျေးရွာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ဖွင့်တယ်ကျောင်းတွေအားလုံး ဇွန်လ ၅ရက်နေ့ကနေစပြီးအားလုံးဖွင့်တယ် စုစုပေါင်းဆိုရင်ကျောင်းပေါင်း ၂၃ ကျောင်းလောက်ရှိမယ် အုပ်စုထဲမှာပေါ့။ ဒီတာမခံအထက်တန်းကျောင်းကတော့ ဒေသကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖတွေနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်တာ ကော်မတီကျောင်း”လို့ သူကပြောပါတယ်။ လက်ရှိဖွင့်ထားတဲ့ကျောင်းတွေအားလုံး KIO ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး NUG နဲ့ချိတ်ဆက်တဲ့ကျောင်း၊ ရပ်ကျေးနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်ထားတဲ့ကျောင်း၊ KIO တိုက်ရိုက် သင်ကြားတဲ့ကျောင်းဆိုပြီး ကျောင်းအမျိုးအစားသုံးမျိုးရှိတယ်လို့ အထက်ဖော်ပြပါတာဝန်ရှိသူက ဆက်ပြောပါတယ်။ …
Read More » -
19 Julyသတင်း
သိန္နီမြို့ စျေးတန်း စစ်တပ်လေယာဉ် နဲ့ ဗုံးကြဲ အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး
လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေရာ မြို့တွင်းလက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုလည်း မြှင့်တက်နေတာဖြစ်ပါတယ်။
Read More » -
18 Julyသတင်း
ဘဏ်ငွေထုတ်ခွင့်ကန့်သတ်ချက်တွေကြောင့် Kpay, Wave Pay ကနေငွေသားထုတ်ယူမှု ရာခိုင်နှုန်းတွေမြင့်တက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဘဏ်ငွေထုတ်ခွင့်ကန့်သတ်ချက်တွေကြောင့် Kpay,…
Read More » -
18 Julyသတင်း
တင့်ကား ၅စီး ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း နှစ်ရက်အကြာပိတ်ဆို့တိုက်ခိုက်ခံရပြီး တပ်ပြန်ဆုတ်
ဗန်းမော်မြို့ကနေ စစ်တင့်ကား ၅ စီးခန့်…
Read More » -
18 Julyသတင်း
သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ့်ကို ဝူယန်ပြည်သူ့စစ်အဖွဲ့တွေ ဖမ်းဆီးသွား
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဝိုင်းမော်ဇုံနယ်ရဲ့ ကချင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌ၊ သိက္ခာတော်ရ ဆရာ မဒိန်ခေါဘောမ့်(Mading Hkaw…
Read More » -
18 Julyသတင်း
နန့်မွန်းမြို့မှာ လူငယ် ၅၀ ထက်မနည်းဖမ်းဆီးခံရ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြိို့ထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းပြီး လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့ကစ SNA နဲ့ စစ်ကောင်စီစစ်သားတွေဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ စစ်ဆေးရေးဂိတ်အထိုင်ချပြီး တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “နန့်မွန်းမြို့ထဲမှာကို ဂိတ်က နေရာ ၄ နေရာရှိတယ် အစစ်အဆေးများတယ်ဂိတ်အသစ်ထိုင်တဲ့ဟာတွေပဲ လူငယ်တွေကိုဆိုရင်သိပ်မသွားခိုင်းတော့ဘူး ဖမ်းတယ်။ လူငယ်ပိုင်းတွေကိုဖမ်းတာ ပြည်သူ့စစ်အတွက်ဖမ်းနေတာ ကချင်ကလေးတွေကိုမဖမ်းဘူးရှမ်းတွေကိုပဲဖမ်းတာ စုဆောင်းရေးပါ့ ဘာအကြောင်းပြချက်မှမရှိပဲဒီတိုင်းဖမ်းသွားတာ”လို့ ပြောပါတယ်။ လက်ရှိ နန့်မွန်းမြို့ထဲ SNA နဲ့စစ်ကောင်စီတပ်တွေရဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွေဟာ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာနဲ့နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာစုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာကြောင့် လူငယ် ၅၀ ဦးထက််မနည်းဖမ်းဆီးခံထားရပြီလို့ဒေသခံတွေကဆိုပါတယ်။ …
Read More » -
17 Julyသတင်း
မိုးမိတ်မြို့ပေါ်က စစ်ကောင်စီအဖွဲ့တွေတပ်ပြန်ဆုတ်သွားပြီလို့ဒေသခံတွေပြော
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ မနေ့ ဇူလိုင် ၁၆ ရက်နေ့ ကပဲ တပ်ပြန်ဆုတ်သွားပြီလို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုးမိတ်မြို့ကို လက်မလွှတ်ရရေးအတွက် မြို့တွင်းက သာသနာ့ဗိမာန် အဆောက်အဦးနဲ့ အရပ်သားနေအိမ်တစ်ချို့မှာ တပ်စွဲပြီးခုခံနေတာဖြစ်ပြီး မနေ့ကတော့ မြို့တွင်းကနေ ပြန်ဆုတ်သွားတာလို့ စစ်ဘေးရှောင်ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “မြို့ထဲတော့ စကစဘက်ကဆုတ်သွားပြီ မနေ့ကလို့ပြောတယ်။ ပြောရမယ်ဆိုရင် ၈၀ ရာခိုင်နှုန်း လောက် ဖြစ်နိုင်ပါတယ်။ မနေ့ကတော့ တိုက်ပွဲသံတွေကြားတယ် ဒီနေ့တော့တိတ်ဆိတ်သွားတယ်ပေါ့။“ လို့ပြောပါတယ်။ တအာင်းတပ်မတော် TNLA ဘက်ကတော့ မနေ့က ဇူလိုင်လ ၁၆ ရက်နေ့ရက်စွဲနဲ့ မိုးမိတ်မြို့နယ် စစ်ကောင်စီ တပ် စကခ ၂၁ နဲ့ ခလရ ၂၇၆တပ်ဖွဲ့ဝင်တွေဘက်က ထိုးစစ်ဆင်လာတဲ့အတွက် တောင်ကိုင်းရွာအနီးတစ်ဝှိုက် မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။…
Read More » -
17 Julyသတင်း
TNLA ဖမ်းဆီးသွားတဲ့ ကချင်လူငယ် ၆ ဦးပြန်လွတ်ပေးခြင်းမရှိသေး
လားရှိုးမြို့နယ် နမ္မတူမြို့မှာ ကချင်လူငယ် ၆ ဦးကို TNLA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ ပြန်လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ နမ္မတူမြို့ ၊ နမ်လာ(Namlalawk)ရပ်ကွက် ၈ ရှိ စားသောက်ဆိုင်တစ်ခုမှာရှိနေတဲ့ KIA တပ်ဖွဲ့ဝင် ၃ ဦးအပါအဝင် လူငယ် ၆ ဦးကို ဇူလိုင် ၁၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ တအာင်းလွတ်မြောက် TNLA တပ်ဖွဲ့က ရိုက်နှိက်ပြီး ဖမ်းဆီးသွားကြောင်း ဒေသခံတွေ ပြောပါတယ်။ “အဲဒီညက ၉ နာရီနဲ့ ၁၀ နာရီကြားမှာ သူတို့က မနောမြေစားသောက်ဆိုင်မှာ စားသောက်ရင်း TNLA ပလောင်အကြောင်း ပြောမိဆိုမိကြပုံပဲ။ အဲလိုပလောင် TNLA မကောင်းကြောင်းပြောတော့ ဘေးနားက TNLA လူတွေက ဟိုဘက်ကို ဖုန်းဆက်ခေါ်လိုက်ပုံပဲ။ အဲဒီနောက် ဟိုအိမ်ခြံဝင်းလုပြီး ဂိတ်ဆောက်လိုက်တဲ့နေရာက TNLA တပ်သားတွေနဲ့ TNLA ရဲတပ်ဖွဲ့တွေရောက်လာပြီး အဲဒီလူငယ်တွေကို ဆိုင်ပြင်ခေါ်ထုတ်ပြီး ဝါးလုံး၊ တုတ်တွေနဲ့ ရိုက်လိုက်၊ ကန်လိုက် အတကုန်ရိုက်နှိက်ပြီး အချူပ်ဘက် ခေါ်သွားတယ်။” လို့ နမ္မတူဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။ TNLA ကရိုက်နှက်ဖမ်းဆီးသွားတဲ့ လူငယ်တွေဟာ အသက် ၂၅ နှစ်အောက်တွေဖြစ်ပြီး ၃ ဦးကတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်းနဲ့ မြို့ထဲရောက်တုန်း သူငယ်ချင်းတွေနဲ့ ဆိုင်ထိုင်နေချိန် ရိုက်နှက်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆက်လက်သိရပါတယ်။…
Read More » -
17 Julyသတင်း
အပစ်ရပ်တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲဆက်ဖြစ်နေ
စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA၊ ကိုးကန့်တပ် MNDAA တို့ အကြား အပစ်ရပ်မယ်ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ဒရုန်း အသုံးပြုတိုက်ခိုက်တာတွေပါလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကျောက်မဲမြို့နယ် နဲ့ နောင်ချိုမြို့နယ် တို့မှာတော့ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထိုးတာ၊ ဒရုန်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေပါလုပ်နေတယ်လို့ တအာင်းတပ်မတော် TNLA ဘက်က မနေ့ညကပဲသတင်းထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာ လားရှိုးမြို့နယ်မှာဆိုရင် မနေ့က ဇူလိုင်လ ၁၅ ရက်နေ့မနက်ပိုင်းကလည်းပစ်ခတ်သံတွေကြား နေရသလို ဒီနေ့မနက်ပိုင်းမှာတော့ ခမရ ၅၀၇ အနီးတစ်ဝှိုက်ကနေပစ်ခတ်မှုသံတွေကြားနေရဆဲလို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “လားရှိုးကတော့ဆက်ဖြစ်နေတုန်းပဲ မနက်ကလည်းပစ်နေတာပဲ။ မနက်က ၅၀၇ တပ်နားတွေဖြစ်နေ တုန်းပဲ။ အပစ်ရပ်တယ်ဆိုပေမဲ့လည်း ပစ်ခတ်မှုတွေရှိနေတုန်းပဲ။ ဒေသခံတွေကတော့နေ့တိုင်းပြေးနေ တုန်းပဲ”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။…
Read More » -
17 Julyသတင်း
ဝါးရှောင်စစ်ရှောင်တွေ အစားအသောက်နဲ့ယာယီတဲဆောက်ဖို့အကူအညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာကနေ ဆိုင်လော်ရွာ(Sailaw Mare)ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေ အစားသောက်နဲ့ယာယီတဲဆောက်ဖို့ အကူညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်များက ပြောပါတယ်။ ဝါးရှောင်ကျေးရွာပြည်သူအများပိုင်း ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ စစ်တပ်တို့အကြာားတိုက်ပွဲကြောင့် နေရပ်စွန့်စွာထွက်ပြေးကြပြီး ချီဖွေမြို့သွားလမ်းပေါ်ရှိ ဆိုင်လော်ရွာ စာသင်ကျောင်းမှာ သွားရောက်တိမ်းရှောင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ အချိန်ရောက်လာတဲ့အတွက် စစ်ရှောင်တွေဟာ စာသင်ကျောင်းကနေ ပြန်ပြောင်းရွေ့ဖို့လိုအပ်လာပြီး အစားအသောက်နဲ့စစ်ရှောင်တဲတွေဆောက်လုပ်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ ဝါးရှောင်ကျေးရွာဒေသခံတွေက KNGကိုပြောပါတယ်။ …
Read More »









