-
Jul- 2024 -15 Julyသတင်း
ရေဘေးသင့်ခဲ့တဲ့ မလိယန်ကျေးရွာမှာ လူနေအိမ် ၅၀ကျော်ပျက်စီး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မြစ်ဆုံဒေသဖြစ်တဲ့ မလိယန်ကျေးရွာမှာ…
Read More » -
12 Julyသတင်း
ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်အသစ်တွေကို နေရာပေးလိုက်တဲ့အတွက် မူလရှိနေတဲ့ စစ်ရှောင်တွေကြား နေရာပြဿနာဖြစ်နေ
ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေမရှိတဲ့ချိန် အသစ်ပြောင်းရွှေ့လာတဲ့ နောက်ထပ်စစ်ဘေးရှောင်တွေကိုနေရာပေးလိုက်တာကြောင့် နဂိုမူလရှိတဲ့ စစ်ရှောင်ပြည်သူတွေဟာ နေရာစရာအခက်အခဲကြုံတွေ့နေရပြီး စစ်ရှောင်ပြည်သူတွေကြား…
Read More » -
12 Julyသတင်း
ရေဘေးသင့်နေတဲ့ ဝိုင်းမော်ဘက်ကို စစ်တပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေ
ဝိုင်းမော်မြို့နယ်မှာ ဇူလိုင် ၁၀ ရက်နေ့ နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တွေကြား စစ်ရေးလှုပ်ရှားမှုတွေရှိလာသလို စစ်တပ်ဘက်ကနေလည်း မြစ်ကြီးနား ၊ ဝိုင်းမော်မြို့ကနေ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဝိုင်းမော်ဒေသခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းအထိ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တွေမှာ ရေဘေးအန္တရာယ်ကို ကြုံတွေ့နေရတာကြောင့် တစ်ပတ်ဝန်းကျင် လက်နက်ကြီးသံတွေငြိမ်သက်သွားပေမယ့် ဇူလိုင် ၁၀ ရက်နေ့ကစပြီး ဝိုင်းမော်မြို့နယ်ထဲမှာ လက်နက်ကြီးသံတွေ ဆက်တိုက်ပြန်ကြားနေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေရှိလာတယ်လို့ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “ဒီရက်ပိုင်းမှာ နောင်းချိန်းနဲ့ စန်ကားရွာတွေမှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို KIA တပ်တွေက အပေါ်ကနေ ပစ်ခတ်တာတွေရှိပါတယ်။ ပစ်ခတ်ခံရတဲ့ စစ်တပ်ဘက်ကနေ ထိခိုက်တာတွေရှိတယ်လို့ကြားရတယ်။ အဲဒါကြောင့် အခု ဝိုင်းမော်မှာ လက်နက်သံတွေ ပြန်ကြားလာရတာက စစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်နေတဲ့သဘောပါ”လို့ပြောပါတယ်။ နောင်းဟီးနဲ့ စန်ကားကျေးရွာတွေမှာ တပ်စွဲရှိနေတဲ့ စစ်ကောင်စီတပ်သားတစ်ချို့ KIA ပူးပေါင်းတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်ခံရတာတွေရှိနေတာကြောင့် စစ်တပ်ဘက်ကနေ KIA တပ်တွေရှိနိုင်တဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ ခါးရှီ၊ နောင်စီပေါ၊ စတဲ့ကျေးရွာတွေကို ဇူလိုင် ၁၀၊ ၁၁ ရက်နေ့တွေမှာ ည၊ မနက်၊ နေ့လည် တစ်ရက်ကို သုံးကြိမ်ထက်မနည်း လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ ပြောပါတယ်။…
Read More » -
12 Julyသတင်း
ရေဘေးသင့်ခဲ့တဲ့ ဝိုင်းမော်မှာ နေအိမ်ပျက်စီးမှုတွေများပြားခဲ့ပြီး ပြန်လည်ထူထောင်ရေးကို ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က ရေဘေးသင့်ခဲ့တဲ့ကျေးရွာတစ်ချို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းလုပ်ဆောင်ရာမှာ ကိုယ်ထူကိုယ်ထပဲလုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအသင်းတွေ ကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကနေစပြီး ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်မှုကြောင့် ဝိုင်းမော်မြို့နယ်ထဲက မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ အမြင့်ပိုင်းကျတဲ့ရပ်ကွက်တစ်ချို့ပါရေကြီးရေလျှံမှုတွေဖြစ်ခဲ့ပြီး နေအိမ်၊အိမ်သာအများအပြား ထိခိုက်ပျက်စီးသွားတာဖြစ်ပါတယ်။ “ဝိုင်းမော်မြို့ထဲမှာဆိုရင်တော့ ရပ်ကွက်၅အထိရှိတယ်။ ဝိုင်းမော်မြို့ထဲကရေဘေးသင့်ပေမဲ့ အဲ့လောက်ထိ အခက်အခဲမရှိဘူး။ အဓိကကတော့ခတ်ချိုရွာပဲ ရွာသူရွာသားတွေတော်တော်လေးဒုက္ခရောက်ကြတယ်။ အိမ်သာတွေအားလုံးမျှောပါသွားတာတွေရှိတယ်။ အိမ်ခြံစည်းရိုးတွေရောပေါ့။ အခုက သန့်ရှင်းရေးလုပ် တာတွေလည်းခက်ခဲနေကြတယ်။” လို့ဝိုင်းမော်မြို့နယ်ထဲက လူမှုကူညီရေးအသင်းတစ်ဖွဲ့ကတာဝန်ရှိသူ တစ်ယောက်ကပြောပါတယ်။ အထူးသဖြင့်တော့ ဝိုင်းမော်မြို့နယ်မြစ်ကမ်းဘေးကရွာတွေရပ်ကွက်တွေရေဘေးသင့်ခဲ့ရပြီး ခတ်ချိုရပ်ကွက် နဲ့ နောင်တာလောကျေးရွာတို့မှာ နေအိမ်၊အဆောက်အဦးတစ်ချို့ပျက်စီးမှု နဲ့ မျှောပါသွားတာတွေပါရှိခဲ့တယ် လို့ နောက်ထပ် ဝိုင်းမော်ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။…
Read More » -
12 Julyသတင်း
ကချင်ပြည်နယ်ထဲကို ဆီးကားတွေ ဝင်ခွင့်မပြုတဲ့အတွက် နန့်ဆီးအောင်အထိ ကယ်ရီနဲ့သယ်ယူပြီး ပြန်လည်ရောင်းချနေရ
ကချင် – စစ်ကိုင်းအစပ် နန့်စီးအောင်…
Read More » -
11 Julyသတင်း
TNLA ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ပြန်လွတ်လာ
ရှမ်းမြောက် နမ္မတူမြို့မှာ TNLA ဘက်က ဖမ်းဆီးသွားတဲ့ KIA တပ်ဖွဲ့ဝင်တွေ ဒီကနေ့ မနက်မှာ ပြန်လွတ်လာပြီဖြစ်တယ်လို့ ဒေသဆိုင်ရာ KIO အရာရှိတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၀ ရက် မနေ့ည ၁၁ နာရီကျော် နမ္မတူမြို့ မောချယ်ရီတည်းခိုခန်းမှာလာရောက်တည်းခိုတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး ကို တအာင်းတပ်မတော် TNLA ဘက်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။…
Read More » -
11 Julyသတင်း
ချီဖွေစစ်ရှောင်စခန်း တစ်ဆောင် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ပျက်စီး
ချီဖွေမြို့ပေါ်မှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းထဲက အဆောင်တစ်ဆောင် ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့ ဒီမနက် ၃ နာရီဝန်းကျင် ဝါယာရှော့ခ်ကနေတစ်ဆင့် အဆောင်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်းသွားတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။ “ဒီမနက် ၃ နာရီမှာ ဝါယာရှော့ခ်ကြောင့်စလောင်တာ ဘာမှမရလိုက်ဘူး”လို့ပြောပါတယ်။ ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတဲ့အဆောင်ဟာ အိမ်ထောင်စု ၉ စု လူဦးရေ ၄၅ ဦးဝန်းကျင်နေထိုင်တဲ့ အဆောင်တန်းလျားဖြစ်ပြီး ဝါယာရှော့ခ်ဖြစ်ချိန်မှာ မနက်ပိုင်း အိပ်မောကျချိန်ဖြစ်တာကြောင့် ပစ္စည်းယူနိုင်တာမရှိဘူးလို့သိရပြီး လူထိခိုက်တာလည်းမရှိဘူးလို့ သိရပါတယ်။…
Read More » -
11 Julyသတင်း
နောင်တာလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး အမျိိုးသား ၄ ဦးသေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့ နောင်တောလောကျေးရွာမှာ အစာအဆိပ်သင့်ပြီး အမျိုးသား ၄ ဦးသေဆုံးခဲ့တယ်လို့ ဝိုင်းမော်အခြေစိုက်လူမှုကယ်ဆယ်ရေးအသင်းတွေဆီကနေ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဇူလိုင်လ ၆ ရက်နေ့က နောင်တာလောကျေးရွာ ရပ်ကွက် ၄ မှာရှိတဲ့ ရိုးရာအရက်ဆိုင်တစ်ဆိုင်မှာ အရက်သောက်ခဲ့ကြတဲ့ အမျိုးသား ၁၅ ဦး အစာအဆိပ်သင့်ခဲ့တာဖြစ်ပြီး အဲဒီညမှာဘဲ အခြေအနေအရမ်းဆိုးတဲ့သူတစ်ချို့ကတော့ မြစ်ကြီးနားဆေးရုံပို့ဆောင်ပေမယ့် ဆေးရုံကြီးအရောက်မှာ ၃ ဦးသေဆုံးတဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။ “သူတို့ပြောတာကတော့ ဝမ်းလျှောတယ် အန်တယ်တယ်တဲ့ပြီးတော့ အသက်ရှုကြပ်တာတွေဖြစ်တယ် သေသွားတဲ့ လူနာတွေကတော့ လည်ပင်းမှာမည်းလာတယ်လို့ ပြောတယ် ညိုညို မည်းမည်းကြီးပေါ့ အဲဒီလက္ခဏာတွေပြတယ်တဲ့”လို့ မြင့်မြတ်စေတနာလူမှုကယ်ဆယ်ရေး အသင်း အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ဇူလိုင်လ ၇ ရက်နေ့ မနက် ၅နာရီဝန်းကျင်မှာတော့ ကျန်နေသေးတဲ့ အစာအဆိပ်သင့်လူနာတွေကို ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးနဲ့ မြစ်ကြီးနား ပြည်သူ့ဆေးရုံးကြီးကို ပို့ဆောင်ဖို့ မြင့်မြတ်စေတနာနဲ့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်သွယ်လာတာကြောင့် ၁၅ ဦးထပ်ပြိီး ပို့ပေးခဲ့ရာ အဲဒီထဲက အမျိုးသားတစ်ဦး ထပ်မံသေဆုံးပြီး ကျန်တဲ့လူနာတွေကတော့ ကာကွယ်ဆေးထိုးပြီး ပြန်လည်သက်သာလာပြီလို့ သိရပါတယ်။…
Read More » -
10 Julyဆောင်းပါး
နှစ်ပေါင်း ၄၀ အကြာမှာ တဖန်စံချိန်တင် ရေဘေးသင့်ခဲ့တဲ့ ကျောက်စိမ်းမြေ
“အစတော့ ခါတိုင်းလိုဘဲပေါင်လယ်လောက်ဆိုရင် ကျသွားမှာဘဲဆိုပြီး ပစ္စည်းတွေကို အပေါ်ထပ်တင်ကြတယ်။ ဒါပေမယ့် ရေကမကျဘဲ ဆက်တက်လာတော့ ပြောင်းချိန်မရလိုက်ကြဘူး အချင်းချင်းအော်တော့ အော်နေကြတာဘဲ ပြင်ဆင်ချိန်က မရလိုက်ကြတော့ ဆုံးရှုံးမှုကတော်တော်ကြီးကြတယ်” လို့ ဖားကန့်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။
Read More » -
10 Julyသတင်း
ပူတာအိုမှာ ခွေးရူးကိုက်ခံရလို့သေဆုံးသူ ၅ ဦးထက်မနည်းရှိလာ
ကချင်ပြည်နယ် ပူတာအိုဒေသထဲမှာ ခွေးရူးကိုက်ခံရတာကြောင့် သေဆုံးသူ ၅ ဦးထက်မနည်းရှိလာပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့ပေါ်နဲ့ မြို့နဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ဒီနှစ် မတ်လကစပြီး ခွေးရူးကိုက်ခံရသူ ၅၀ ဦးထက်မနည်းရှိခဲ့ပြီး အဲ့ဒီထဲက သေဆုံးသူ ၅ ဦီးနဲ့အထက်ရှိပြီလို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ ခုလို ခွေးရူးကိုက်ခံရပြီးသေဆုံးနှုန်းမြင့်မားနေတာဟာ ခွေးရူးပြန်ကာကွယ်ဆေးမထိုးနိုင်တာကြောင့်ဖြစ်သလို ခွေးရူးကိုက်ပြီးနောက်မှာလည်း…
Read More »









