KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Jul- 2024 -
    10 July
    သတင်း

    လားရှိုးမှာ လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦး နဲ့ အမျိုးသမီးနှစ်ဦးသေဆုံး

    “ဒီနေ့မနက်က လားရှိုးဘူတာရုံ သီပေါကလာရင်အဝင်ပေါ့ အဲ့ဒီမှာ၂လုံးကျတယ်။ သုံးယောက်သေတယ် ၁၃ ယောက်ဒဏ်ရာရတယ် အခုမနက်ပဲဖြစ်သွားတာ ဒီမနက်သေတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် ကောင်မလေး ဆို မင်္ဂလာဆောင်တာတောင်မကြာသေးဘူး”လို့ပြောပါတယ်။

    Read More »
  • 10 July
    ဆောင်းပါး

    ဩစတေးလျ (Australia)ထိပ်တန်းတက္ကသိုလ်က ပူတာအိုသားလေး

    “အခွင့်အရေးဆိုတာ ကြိုးစားနေတဲ့သူတွေအတွက်ဘဲ ပြီးတော့အခွင့်အရေးဆိုတာ ဘယ်လိုနေရာမျိုးမှာဘဲ…

    Read More »
  • 9 July
    သတင်း

    ဖားကန့်မြို့နယ် ပြည်သူများ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ငှက်ဖျားရောဂါအဖြစ်များနေ

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဥရုချောင်းရေကြီးရေလျှံပြီးနောက်ပိုင်း ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအဖြစ်များနေတယ်လို့ ဖားကန့် မြို့နယ် ဒေသခံတွေဆီကနေ သိရပါတယ်။ ဖားကန့်မြို့နယ်ထဲက ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊  ဝှေခါ၊  မမုံ၊ ဖားပြင်၊ ဆိုင်းနွယ်၊ ရှရော်ခ စတဲ့ကျေးရွာတွေမှာ လူဦးရေ ၁၀၀ မှာ ၅၀ ရာခိုင်နှုန်းကျော် ဝမ်းပျက်၊ဝမ်းလျှောနဲ့ရာသီတုပ်ကွေး၊ငှက်ဖျားဖြစ်နေကြတယ်လို့  ဖားကန့် ဒေသခံတွေက KNG ကိုပြောပါတယ်။ “ခါတိုင်းအဖျားက ဒီလောက်မရှိဘူး ခါတိုင်းဖျားတယ်ဆိုတဲ့သူရှားတယ်  တစ်ရာမှာတစ်ယောက်နှစ်ယောက်လောက်ဘဲ။ အခုက တစ်ရာမှာအယောက် ၅၀ကျော်ဖျားကြတယ်။ ဖျားပြီဆိုရင်လည်း ၅ ရက်လောက်တော့ကြာတယ်”လို့ ဖားကန့်မြို့က ရေဘေးကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ လက်ရှိချိန်ထိ ဖျားနာသူတွေများပေမယ့် ထိခိုက်သေဆုံးသူတွေတော့မရှိသေးဘူးလို့ သိရပါတယ်။ ဒါ့အပြင် ခုလို မိုးရာသီရောက်တိုင်း ဝမ်းပျက်၊ဝမ်းလျှေ၊တုပ်ကွေး၊ငှက်ဖျားရောအဖြစ်များတာဟာ ကျောက်စိမ်းနဲ့ ရွှေလုပ်ကွက်ဟောင်းအပြင် ရေဝပ်တဲ့နေရာတွေမှာ ခြင်ပေါက်ဖွားပြီး အဲဒီခြင်ကိုက်ရာကနေတစ်ဆင့်  တုပ်ကွေး၊ငှက်ဖျားဖြစ်တာလို့ ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Kachin…

    Read More »
  • 9 July
    သတင်း

    နန်းယွန်း-ပန်ဆောင် ကားလမ်းပိုင်းမြေပြိုကျနေတဲ့အတွက် ခရီးသွားပြည်သူတွေ သွားလာရေးခက်ခဲနေ

    စစ်ကိုင်းတိုင်း အထက်ပိုင်းနာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်းဆောင်မြို့နယ်ကြားမှာ ကားလမ်းမြေပြိုကျမှု ဆိုးဆိုးရွားရွားဖြစ်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် သွားလာရေးခက်ခဲနေတယ်လို့သိရပါတယ်။ နာဂဒေသ နန်းယွန်းမြို့နယ်နဲ့ ပန်ဆောင်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်ကျော်ကတည်းက မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှာ…

    Read More »
  • 9 July
    သတင်း

    မိုးမိတ်မှာ အရပ်သား ၃ ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး

    ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA တို့ အကြားတိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်နက်ကြီးထိမှန်လို့ အရပ်သား ၃ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ မနေ့က နေ့လည်ပိုင်း ၃ နာရီဝန်းကျင် သရက်တောကျေးရွာအနီးတစ်ဝှိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရသလို တအာင်းတပ်မတော် TNLA ဘက်က မနေ့ကပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇူလိုင် ၆ ရက်နေ့က လက်ခုတ်ပင်နဲ့မြောက်ပိုင်းရပ်ကွက်တို့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် တစ်နေ့တည်းမှာ အရပ်သား ၃ ယောက်သေဆုံးခဲ့ရပြီး နေအိမ်ထိမှန် ပျက်ဆီးတာလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “မနေ့ညနေပိုင်းကတည်းကနေ ညပိုင်းအထိ သရက်တောဘက်မှာ သေနတ်သံနဲ့လက်နက်ကြီးသံ တွေကတောက်လျှောက်ပဲ လက်ခုတ်ပင်ဘက်က ဟိုတစ်နေ့ကဆိုရင် ၂ ယောက် မြောက်ပိုင်း ရပ်ကွက်က တစ်ယောက် ၃ ယောက်ပေါ့”လို့ပြောပါတယ်။…

    Read More »
  • 9 July
    သတင်း

    ဟုမ္မလင်းမြို့မှာ ရေကြီးရေလျှံမှုတစ်ပတ်ကျော်ကြာမြင့်လာပြီး ပြည်သူသောင်းချီ ရေဘေးသင့်နေ

    စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ တစ်ပတ်ကျော်ကြာရေကြီးရေလျှံမှုတွေဖြစ်နေပြီး ပြည်သူ‌သောင်းချီရေ‌ဘေးသင့်‌‌နေတယ်လို့သိရပါတယ်။…

    Read More »
  • 8 July
    သတင်း

    ပူတာအိုမှာ ဆီကားတွေဝင်ရောက်နေပြီဖြစ်ပေမယ့် လက်ကားစျေးနဲ့သာရောင်းပေးနေတာကြောင့် ဆီစျေးမကျနိုင်

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်ထဲကို စက်သုံးဆီကားအများအပြားဝင်ရောက်ထားပြီဖြစ်ပေမယ့် ဆီပန့်အရောင်းဆိုင်ကြီးတွေဟာ စက်သုံးဆီတွေကို ဆီပန့်ဆိုင်မှာမရောင်းချပေးပဲ အပြင် လက်ကားစျေးနဲ့သာထုတ်ရောင်းနေတာကြောင့် ဆီစျေးဆက်လက်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လနဲ့ချီစက်သုံးဆီကားအဝင်ရပ်တန့်ခဲ့တဲ့ ပူတာအိုမြို့မှာ ဇွန်လ ၂၇ ရက်နေ့က ပထမဆုံးအကြိမ် ဆီပန့်ဆိုင်ကြီးတွေရဲ့ဆီကားအများအပြားဝင်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ သို့သော် ဇွန်လ ၂၈ ရက်နေ့တစ်ရက်တည်းသာ ဆီပန့်ဆိုင်တွေမှာရောင်းချပေးခဲ့ပြီး နောက်ပိုင်းအပြင်မှာ လက်ကားစျေးနဲ့သာထုတ်ရောင်းနေတယ်လို့…

    Read More »
  • 8 July
    သတင်း

    လားရှိုးမှာ ၅ ရက်အတွင်း အရပ်သား ၁၇ ဦးသေဆုံး

    “မနေ့ည ရှော့တိုက်ဒုံးပစ်တဲ့ဟာ ည ၁၀ နာရီခွဲလောက်မှာ အိမ်တစ်အိမ်ထိသွားတာ။ အိမ်တစ်အိမ်ထိတော့ ယောက်ျားလေး ၃ ယောက်ရှိတယ်။ ၂ ယောက်က ထိခိုက်ဒဏ်ရာရတယ် တစ်ယောက်က ဆုံးသွားတယ်။ ထိခိုက်တဲ့သူတွေက ဆိုးဆိုးဝါးဝါးတော့မဟုတ်ဘူး တစ်ယောက်က ခြေထောက်ထိ၊ တစ်ယောက်က မျက်နှာတွေမှာထိတယ်။”လို့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

    Read More »
  • 8 July
    သတင်း

    ဖားကန့်မှာ ကျောက်စိမ်းလုပ်ကွက်ဟောင်း ရေလောင်ကန် ၂ ခုပေါက်လုနီးပါးဖြစ်နေပြီး လုံးခင်းကျေးရွာတစ်ခုလုံးစိုးရိမ်ရတဲ့ အခြေအနေရှိနေ

    “မဇွပ်ယန်နဲ့ ကုဋေမှော်ကြားက ရေလောင်ကန်ပေါက်ထွက်လာမှာစိုးရိမ်တဲ့အတွက် ပြီးခဲ့တဲ့ တစ်ရက်နေ့မှာက ဘက်ဟိုးတွေနဲ့ ရေယိုစိမ့်လာတဲ့ နေရာတွေကို ဖာထည်နေကြတယ်။ နေ့တိုင်းလိုလို ဒီလိုသာ မိုးရွာနေရင် ရေက မြင့်တက်လေလေဘဲ။ ဒါကြောင့် အားလုံးက အခုအရမ်းစိုးရိမ်နေကြတယ်။ ပြီးရင် ဆန်ခါမှာရှိတဲ့ တောက်ပကြယ် လုပ်ကွက်ဟောင်းနေရာမှာလည်း ဒီရက်ပိုင်းရေတအားကြီးလို့ ဥရုချောင်းကရေတွေ ဝင်လို့ အဲ့ဒီရေကန်လည်း ပြည့်လျှံနေတာ။ အဲဒီဘက်မှာလည်း ပြည်သူတွေက စိုးရိမ်နေကြတယ်”လို့ပြောပါတယ်။

    Read More »
  • 8 July
    သတင်း

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့်လမ်း မလိခမြစ်ချောင်းတစ်ကြောက လူနေအိမ် ၂၀၀ ခန့် ထိခိုက်ပျက်စီးသွား

    မြစ်ကြီးနား – ဆွမ်ပရာဘွမ့် ကားလမ်းမကြီးပေါ်…

    Read More »
Back to top button