-
Jun- 2024 -19 Juneသတင်း
ဝါးရှောင် စစ်ရှောင်ပြည်သူတွေ ငှက်ဖျားရောဂါဖြစ်နေပြီး ဆေးဝါးအကူညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာဒေသခံပြည်သူတွေ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတယ်လို့ ဝါရှောင်ဒေသခံပြည်သူတွေက ပြောပါတယ်။ ဝိုင်းမော်– ဆဒုံး– ချီဖွေသွားလမ်းမပေါ် ၁၃ မိုင်ဂိတ်နဲ့အနီးဆုံးမှာရှိတဲ့ ဝါရှောင်ကျေးရွာ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောတောင်တွေနဲ့ နီးစပ်ရာနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ တောတောင်တွေမှာ ခက်ခက်ခဲခဲထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ နေရာထိုင်ခင်းမလုံလောက်မှု၊ အမိုးအကာမလုံလောက်တာတွေရှိနေတာကြောင့် ငှက်ဖျားရောဂါတွေလည်း အဖြစ်များနေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးကခုလိုပြောပါတယ်။…
Read More » -
18 Juneသတင်းဆောင်းပါး
တစ်ပူပေါ် နှစ်ပူဆင့်နေတဲ့ ပူတာအိုပြည်သူများ
“ကုန်ကားတွေက ပူတာအိုရောက်လာပေမယ့် ဝိုင်းအုံလုဝယ်ကြဆိုတော့ ကုန်စျေးနှုန်းကလည်း မကျနိုင်ဘူး။ ပြီးတော့ ကုန်ပစ္စည်းတွေကလည်း ဘယ်နေရာမှာကုန်သွားလဲတောင် မသိလိုက်ဘူး”လို့မြစ်ကြီးနားကို ခေတ္တရောက်နေတဲ့ ပူတာအိုဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။
Read More » -
18 Juneသတင်း
ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းမှာမြေပြိုပြီး နေအိမ်၂လုံးပျက်စီး
KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အထက် ရှအစ်ယန် (Sha-It Yang) ကျေးရွာက စစ်ရှောင်စခန်းမှာမြေပြိုကျပြီး စစ်ရှောင်နေအိမ် ၂လုံး ပျက်စီးသွားခဲ့တယ်လို့ ရှအစ်ယန် (Sha-It Yang) စစ်ရှောင်စခန်းက ပြည်သူတစ်ဦးက KNGကို ပြောပါတယ်။ ဖြစ်စဉ်ကတော့ ဇွန်လ ၁၇ ရက် မနက် ၁၁ခွဲဝန်းကျင် ရှအစ်ယန် (Sha-It…
Read More » -
17 Juneသတင်း
မိုးကောင်းမှာ စက်သုံးဆီပြတ်လပ်လာလို့ဆီအကန့်အသတ်နဲ့သာရောင်းချနေ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စက်သုံးဆီတွေပြတ်လပ်လာလို့ဆိုကာ ဆိုင်တစ်ချို့ပိတ်ထားပြီး…
Read More » -
17 Juneဆောင်းပါး
ကချင်ဒေသ တိုက်ပွဲအရှိန်မြင့်လာသည်နှင့် အရပ်သား ထိခိုက်သေဆုံးမှုလည်း ပိုများလာ
မိုးမောက်မြို့တွင်လည်း အရပ်သား (၁၁) ဦး…
Read More » -
17 Juneသတင်း
ကောင်ဂျာယန်မှာ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးပျက်စီးနေပြီး စစ်ယာဉ်တန်းထွက်ခွာလို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရ
နှစ်လဝန်းကျင်လောက်အထိ တိုက်ပွဲဒေသဖြစ်နေတဲ့ မိုးမောက်နဲ့ မံစီဘက်ကို ဇွန်လ ၁၃ ရက်နေ့ ဗန်းမော်ဘက်ကနေ တင့်ကား ၂ စီးနဲ့တက်လာတဲ့ စစ်ကြောင်းကို KIA တပ်တွေက အထက်ကို ကျော်တက်သွားလို့မရအောင် ကောင်ဂျာယန်ကျေးရွာမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Read More » -
17 Juneသတင်း
နောင်ဟီးကျေးရွာ စစ်ရှောင်များဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီလိုအပ်နေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးအကူညီတွေလိုအပ်နေတယမ်လို့ နောင်ဟီးစစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ နောင်ဟီးကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ သောက်ရေသုံးရေတွေခက်ခဲနေတဲ့အတွက် ဧရာဝတီမြစ်ရေကိုသာအသုံးပြုနေရပေမယ့် မြစ်ရေလည်း မသန့်ရှင်းတာကြောင့် စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတယ်လို့ နောင်ဟီးကျေးရွာ က စစ်ရှောင်ပြည်သူတစ်ဦးက ခုလိုပြောပါတယ်။ “အသက်အရွယ်မရွေး ဖြစ်နေတာဟုတ်တယ် လူတစ်ထောင်လောက်ရှိတဲ့ထဲမှာ သုံးပုံတစ်ပုံလောက်က ဝမ်းလျှောနေကြတယ် အချို့ အရမ်းဆိုးပြီး မြစ်ကြီးနားဆေးရုံကြီး ပို့လိုက်ရတာက သုံးယောက်လောက်ရှိတယ်”လို့ ဆိုပါတယ်။ နောင်ဟီးကျေးရွာ စစ်ရှောင်ပြည်သူတွေဟာ အိမ်ခြေ ၂၀၀ ဝန်းကျင်လောက်ရှိတယ်လို့သိရပြီး လက်ရှိ ဝိုင်းမော်မြို့နယ် အင်ဂန်း (Ngang) ကျေးရွာမှာ သွားရောက်ခိုလုံနေတာဖြစ်တယ်လို့ သိရပါတယ်။…
Read More » -
17 Juneသတင်း
ကန်မိန်းမှာ အထက်တန်ကျောင်းဖွင့်ဖို့ KIA နဲ့ကိုးကန့်တပ်ညှိနှိုင်းနေဆဲ
ရှမ်းပြည်နယ်မြောက်ပိုင်း ကန်မိန်းကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းဖွင့်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကိုးကန့်တပ် MNDAA တပ်တို့အကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကန်မိန်းဒေသခံတွေကပြောပါတယ်။ ဇွန်လ ၁၁ ရက်နေ့ ကန်မိန်းကျေးရွာမှာရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းကို KIO/ KIA အစိုးရအောက်ဖွင့်ဖို့ ပြင်ဆင်နေချိန် ကိုးကန့်တပ်တွေရောက်လာပြီး ကန်မိန်းအထက်တန်းကျောင်းကို ကိုးကန့်လက်အောက်မှာသာဖွင့်ဖို့ လာရောက်တားမြစ်ခဲ့တာလို့ သိရပါတယ်။ အဲဒီနောက် ဇွန်လ ၁၂ ရက်နေ့ကစပြီး ရပ်ကျေးတာဝန်ခံတွေအပါအဝင် KIO/KIA ဘက်က မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖွဲ့နဲ့ ကိုးကန့်တပ်တို့အကြား ဆွေးနွေးညှိနှိုင်းတာတွေလုပ်ခဲ့ပေမယ့် နှစ်ဖက်တပ်တို့အကြား ဆုံးဖြတ်ချက်မချနိုင်တာကြောင့် မြို့နယ်အဆင့်ကနေ ဌာနချုပ်ကိုတင်ပြထားဆဲဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။…
Read More » -
14 Juneသတင်း
KIA ဖြတ်တောက်ထားတဲ့လမ်းဟာ အများပြည်သူသုံးလမ်းမဟုတ်ဘဲ TNLA တပ်ရဲ့သတ္တုတင်တဲ့ကုမ္မဏီကားနဲ့လူအဝင်အထွက်လမ်းသာဖြစ်တယ်လို့ဆို
ရှမ်းမြောက် မန်တုံမြို့နယ် မိုင်းမော်(Mungmaw) အနီး…
Read More » -
14 Juneသတင်း
မိုးကောင်းမြို့မှာ စစ်တပ်က စစ်ဆေးရေးတင်းကြပ်နေပြီး VPN ထည့်ထားသူတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းနေ
မိုးကောင်းမြို့အထွက်မှာ စစ်တပ်က လမ်းသွားလမ်းလာအရပ်သားတွေကို စစ်ဆေးရေးတင်းကြပ်နေပြီး ဖုန်းထဲမှာ VPN အက်ပလီကေးရှင်းထည့်ထားတဲ့သူတွကို ငွေကျပ် ၂ သိန်းတောင်းနေတယ်လို့ မိုးကောင်းမြို့ခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ မိုးကောင်းမြို့အထွက်မှာရှိတဲ့ မိုးကောင်းတံတားမှာ စစ်ဆေးတင်းကြပ်တာတွေပုံမှန်လုပ်နေရာကနေ ဇွန်လ ၁၃ ရက်နေ့ကစပြီး ဖုန်းထဲမှာ VPN ရှိ မရှိကို အဓိကစစ်ဆေးနေတယ်လို့ မိုးကောင်းမြို့ခံတစ်ဦးက ခုလိုပြောပါတယ်။ “မိုးကောင်းမြို့အထွက်လို့ပြောရမှာပေါ့ အာ့မှာအဓိကတော့ VPN စစ်တယ် VPN ထည့်ထားတဲ့သူဆိုရင် ဖျက်ခိုင်းပြီး တစ်ယောက်ကို ၂ သိန်းတောင်းတယ်”လို့ ဖုန်းစစ်ဆေးခံခဲ့ရတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ ခုလို VPN ကို အဓိကထားစစ်ဆေးနေတာဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘုတ်တွေကို မသုံးစေချင်တဲ့အတွက်ဖြစ်ပြီး သတင်းအမှောင်ချချင်နေတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။…
Read More »









