KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • May- 2024 -
    13 May
    သတင်း

    ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားမောင်းသမားများ ပြန်လွတ်ခြင်းမရှိသေး

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့မှာ ဖမ်းဆီးခံထားရတဲ့ မြေသယ်ကားသမားများ ဒီနေ့ထိလွတ်မြောက်လာတာမရှိသေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က နန်းခွင်တံတားအကျော်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေက မြေသယ်ကား ၇ စီးကို အရင်ဆုံးဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်နဲ့ပြန်ရွေးကြဖို့ပြောဆိုခဲ့ပေမယ့် ကားပိုင်ရှင်တွေဘက်က ရွေးနိုင်ခြင်းမရှိခဲ့တာကြောင့် မြေသယ်ယာဉ်အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။ ဒါ့အပြင် မေလ ၅ ရက်နေ့မှာလည်း နောက်ထပ်မြေသယ်ကား ၆ စီးကိုထပ်မံဖမ်းဆီးခဲ့ပြီး ဟိုပင်အခြေစိုက် ခလရ ၄၀ တပ်ရင်းမှာ ထိန်းသိမ်းထားကာ မြန်မာကျပ်ငွေ ၅ ထောင်ပေးဖို့ပြောဆိုနေတယ်လို့ သိရပါတယ်။ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ မြေသယ်ကားကို ဖမ်းဆီးတာတင်မဟုတ်ဘဲ မြေသယ်မောင်းသူတွေကိုလည်း ဖမ်းဆီးထားတာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်သူတစ်ဦးက ဆိုပါတယ်။ …

    Read More »
  • 13 May
    သတင်း

    စင်းခန်းကနေထွက်ပြေးလာတဲ့ စစ်တပ်က အရာရှိတစ်ဦးနဲ့တပ်သားတစ်ဦး KIA ပူးပေါင်းတပ်ဖမ်းဆီးရမိ

    ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ စခန်းသိမ်းတိုက်ပွဲတွင်း ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် အရာခံဗိုလ်တစ်ဦးနဲ့တပ်သားတစ်ဦးကို ရွှေကူနယ်ထဲမှာ ဖမ်းဆီးထားရတယ်လို့ ရွှေကူကာကွယ်ရေးတပ်ကနေ သိရပါတယ်။ မေလ ၇ ရက်နေ့ စင်းခန်းကျေးရွာ စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်း၊ ကာကင်းစခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊KPDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်စဥ် စခန်းစွန့်ခွာထွက်ပြေးသွားတဲ့အထဲက အရာခံဗိုလ်တစ်ဦးနဲ့ တပ်သားတစ်ဦးကို မေလ ၁၂ ရက်နေ့မွန်းလွှဲ ၁ နာရီခွဲဝန်းကျင်မှာ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာထဲမှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ရွှေကူနယ် LPDF တာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဖမ်းတာက ဒီဘက်ကျွန်တော်တို့ LPDF တွေကဖမ်းမိလိုက်တာ သူတို့နှစ်ယောက်က အရပ်ဝတ်နဲ့ထွက်လာတာဟုတ်တယ် ရွာထဲမှာဖမ်းလိုက်မိတာ အရာခံဗိုလ်တစ်ယောက်၊တပ်သားတစ်ယောက်ပါတယ် ခုတော့စစ်ဆေးနေတုန်း”လို့ သူကပြောပါတယ်။ ဖမ်းဆီးရမိတဲ့စစ်ကောင်စီစစ်သားနှစ်ဦးကို သက်ဆိုင်ရာအဖွဲ့တွေက စိစစ်နေဆဲဖြစ်တယ်လို့သိရပြီး စစ်ဆေးပြီးပါက လုပ်ထုံးလုပ်နည်းအရသက်ဆိုင်ရာကို ပို့ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • 13 May
    သတင်း

    နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ

    ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး  ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင် အသက် ၁၅ နှစ်အောက် ယောက်ျားကလေး ၅ ဦးဟာ KIA သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာကျေးရွာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၂၃ စခန်းထဲဝင်ပြီး မပေါက်ကွဲသေးတဲ့ လက်ထောက်ဗုံးကျည်ဆော့ကစားပြီး ပစ်ပေါက်ရာကနေ ဗုံးပေါက်ကွဲသွားတာကြောင့် ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။ “ညနေ ၄ ခွဲလောက်မှာ ပေါက်ကွဲသံကြားတာပေါ့။ အဲဒါ ကလေးတွေက  စစ်တပ်စခန်းထဲ ခိုးဝင်ပြီး အဲမှာ လက်နက်ကျန်တွေ၊ လက်နက်ခွံတွေ ကောက်ကစားကြတာ။ အဲမှာ တစ်ယောက်က လက်ထောက်ဗုံးကိုင်ဆော့ရာကနေ ပစ်ပေါက်မိလိုက်တာ ပေါက်ကွဲပြီး ၅ ယောက်လုံး ဒဏ်ရာရရှိခဲ့တာ အခု ၃ ယောက်ကိုတော့ ကွတ်ခိုင်ဆေးရုံကို ပို့ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ဗုံးပေါက်ကွဲလို့ ဒဏ်ရာရရှိတဲ့ ကလေး ၅ ဦးဟာ နမ့်ဖတ်ကာ ဟိုပုံရပ်ကွက်က မောင်ကျောက်မင်ခွင်း (အသက် ၉ နှစ်) ၊ ကျောက်ကျင်ဖွ(အသက် ၁၂ နှစ်)၊ ရက်ကွက် ၃ က မောင်ရန်တာအင်း ( အသက် ၁၂ နှစ်) ၊ မောင်ဆန်မျိုးအောင် ( အသက် ၁၅ နှစ်) နဲ့ နမ့်ဖတ်ကာ ရပ်ကွက် ၁ က မောင်ကျိန်ကွမ်းတ ( အသက် ၁၄ နှစ်) တို့ ၅ ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာပိုပြင်းထန်တဲ့ ၃ ဦးကို ကွတ်ခိုင်ဆေးရုံမှာပို့ထားတယ်လို့ သိရပါတယ်။…

    Read More »
  • 13 May
    သတင်း

    ဆွမ်ပီယန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ် ဝင်ရောက်တပ်စွဲ‌နေလို့ ဒေသခံတစ်ထောင်ကျော် ထပ်မံတိမ်းရှောင်နေရ

    ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ…

    Read More »
  • 13 May
    သတင်း

    မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံဖမ်းမိ 

    ကချင်ပြည််နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ကို  မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့သူကိုဖမ်းဆီးရမိပြီလို့သိရပြီး တရားခံကို သေဒဏ်စီရင်ပေးဖို့ ဒေသခံ ၅၀၀၀ ဝန်းကျင် ဒီနေ့မှာ လမ်းလျှောက်ဆန္ဒပြပြီး တောင်းဆိုခဲ့ကြပါတယ်။ မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့ တရားခံဟာ အသက် ၂၄ နှစ်ဝန်းကျင်ရှိ ကိုကျော်သူရကိုဆိုသူဖြစ်ပြီး မန္တလေးကနေ ပူတာအိုမှာ စတီးသံပန်း နဲ့ ပရိဘောဂဆိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။…

    Read More »
  • 11 May
    သတင်း

    ပူတာအိုမှာ အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ

    ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ အမျိူးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ ဒုတ္တန်ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မဒူနော်ဆိုသူဟာ မေလ ၁၀ ရက်နေ့  မနေ့ နေ့လည်ပိုင်းမှာ ဒုတ္တန်ရပ်ကွက်…

    Read More »
  • 11 May
    သတင်း

    လဝါးရွာမှာ လေမုန်တိုင်းနဲ့ မိုးသီးကျလို့  ပျက်စီးသွားတဲ့ စစ်ရှောင်စခန်းအဆောင်များပြုပြင်ဖို့ အရေးပေါ်အကူအညီလိုအပ်နေ

    ဖားကန့်မြို့နယ် တနိုင်းမြို့သွားတဲ့ လမ်းမပေါ် ရှိ လဝါကျေးရွာမှာ လေမုန်တိုင်း နဲ့ မိုးသီးကျလို့ ပျက်စီးသွားတဲ့စစ်ရှောင်စခန်းပြုပြင်ဆောက်လုပ်ဖို့ အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေကပြောပါတယ်။…

    Read More »
  • 11 May
    သတင်း

    ဖောင်းပြင်က စစ်တပ်နဲ့ပျူစောထီးပူးပေါင်းတပ်စခန်းနှစ်ခုကို PDF သိမ်းပိုက်

    စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် စစ်တပ်နဲ့ပျူစောထီးပူးပေါင်း တပ်ထိုင်ထားတဲ့ တပ်စခန်းနှစ်ခုကို PDF တွေ သိမ်းပိုက်ရရှိထားတယ်လို့ သိရပါတယ်။…

    Read More »
  • 11 May
    သတင်း

    ပူတာအိုမှာ စစ်တပ်က အခြေခံစားသောက်ကုန်တွေကို လေကြောင်းနဲ့သယ်ယူထားပြီး စျေးအဆမတန်မြင့်တင်ရောင်းချနေ

    ကချင်ပြည်နယ် ပူတာအိုဒေသအတွက်  အခြေခံစားသောက်ကုန်တွေကို  စစ်ကောင်စီတပ်က လေကြောင်းနဲ့သယ်ယူပြီး အစျေးအဆမတန်မြင့်တင်ပြီးရောင်းချပေးနေတာကြောင့်…

    Read More »
  • 10 May
    သတင်း

    တန်ဂျာရွာမှာ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

    ဆွမ်ပရာဘွမ့်မြို့နယ် တန်ဂျာကျေးရွာမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့က…

    Read More »
Back to top button