KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Jun- 2024 -
    20 June
    သတင်း

    ပူတာအိုမှာဓာတ်ဆီပေပါ အလုံး ၃၀၀ စရောက်ပြီး တစ်ပုလင်း တစ်သောင်းကျပ်ရောင်းပေးနေ

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဓာတ်ဆီပေပါ  အလုံး…

    Read More »
  • 20 June
    သတင်း

    နောင်ဟီးနဲ့စန်းကားရွာအဝင်တွေမှာ စစ်တပ်ကစစ်ဆေးရေးတင်းကြပ်နေဆဲ

    ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာနဲ့စန်းကားကျေးရွာ စာသင်ကျောင်းနေရာတွေမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဟာ ရွာအဝင်အထွက်စစ်ဆေးရေးတင်းကြပ်နေပြီး မှတ်ပုံတင်ကိုင်ဆောင်သူတွေသာ ရွာထဲဝင်ခွင့်ပြုနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်တွေဟာ နောင်ဟီးရွာစာကျောင်းရှေ့မှာတစ်နေရာ နောင်ဟီးကျေးရွာနဲ့အာလူးဘာရီရွာကြားက တံတားမှာတစ်နေရာ၊ အာလူးဘာရီကျေးရွာနဲ့စန်းကားကျေးရွာကြားကတံတားမှာတစ်နေရာ  ၃ နေရာတိတိစစ်ဆေးနေတယ်လို့ သိရပြီး အမျိုးသမီးနဲ့ကလေးသူငယ်တွေထက် အမျိုးသားတွေကို အဓိကစစ်ဆေးနေတာဖြစ်တယ်လို့ နောင်ဟီးကျေးရွာဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။  “ခတ်ချိုမှာတောင် မစစ်ဘူး ဒါပေမယ့် ကျနော်တို့နောင်ဟီးကျောင်းရှေ့မှာက ပုံမှန်စစ်နေတယ် မှတ်ပုံတင်စစ်တာ အဓိက အမျိုးသားတွေဆို ပိုစစ်တယ်”လို့ ပြောပါတယ်။ နောင်ဟီး၊အာလူးဘာရီကျေးရွာ၊ စန်းကားရွာတွေဟာ ခတ်ချိုရွာရဲ့အောက်ဘက်တစ်ဆက်တည်းရှိတဲ့ရွာတွေဖြစ်ပြီး ဒေသခံတွေဟာ ပြီးခဲ့တဲ့မေလကနေ အများပိုင်းထွက်ပြေးတိမ်းရှောင်နေကြပြီဖြစ်ပါတယ်။…

    Read More »
  • 20 June
    သတင်း

    နှစ်ပေါင်း ၅၀ ဝန်းကျင်ရှိလာပြီဖြစ်တဲ့ မဇွပ်ယန်(Mazup Yang) ရွာကို ကျောက်စိမ်းတူးဖော်ဖို့ စီမံကိန်းလုပ်ဆောင်လာ

    “မဇွပ်ယန်ရွာကို ကျောက်စိမ်းတူးဖော်လိုက်မယ်တဲ့။ အဲ့ကြောင့် ဒီနှစ်ကနေ အိမ်ခြံဝင်းဝယ်ယူတာတွေရှိလာတယ်။ အခုတူးဖော်မယ့်ထဲမှာ ကျောင်းနေရာတွေလည်းအကုန်ပါတယ်။ ဒါကြောင့် ဒီနယ်မြေမှာရှိတဲ့ KIO တွေက အထက်ကနေ ညွန်ကြားချက်မရှိဘဲနဲ့ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး တူးဖော်ဖို့ ပြင်ဆင်နေကြပြီ။ အဲလိုအခြေအနေတွေတော့ဖြစ်လာတယ်။ သူတိုရဲ့ အာဏာပါဝါတွေသုံးပြီ လုပ်လာမယ့်ပုံစံတွေလည်းတွေ့နေရတယ်။ ဒါပေမယ့် ဒေသခံတွေက ကန့်ကွက်တာများပါတယ်”လို့ပြောပါတယ်။

    Read More »
  • 20 June
    သတင်း

    ပန်ဝါမှာ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး လူ ၅၀ ဝန်းကျင်ပျောက်ဆုံးနေ

    ပန်ဝါမြို့ ကချင်အထူးဒေသ (၁)ဥက္ကဌ ဦးဇခုန်တိန့်ယိန်းသားအဖရဲ့ မြေရှားသတ္တုတွင်းမြေပြိုပြီး ကုမ္မဏီလုပ်သား ၅၀ ဝန်းကျင်ပျောက်ဆုံးနေတယ်လို့ ပန်ဝါဒေသခံတွေက ပြောပါတယ်။ မြေရှားသတ္တုတွင်းမြေပြိုတဲ့နေရာဟာ ပန်ဝါမြို့ကနေ ဆိုင်ကယ်နဲ့ ၁၅ မိနစ်ခန့်သွားရတဲ့ ပါထိုင်ဟော်ရွာ ပြည်သူ့စစ်သင်တန်းကျောင်းဘေးမှာဖြစ်ပြီး ဇွန်လ ၁၉ ရက်ည ၁၂ နာရီဝန်းကျင်မှာပြိုကျတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက  KNG ကိုခုလိုပြောပါတယ်။ “ဟုတ်တယ် လူ ၅၀ လောက်ပါသွားတယ်ပြောနေကြတယ် ထမင်းချက်တဲ့သူတွေရော အကုန်ပါတာတဲ့လောလောဆယ်ထိတော့ အခြေနေအသေးစိတ် ဘာကြောင့်ပြိုတာလဲဆိုတာတော့ မသိရသေးဘူး“လို့ပြောပါတယ်။ ဒေသခံတွေပြောချက်အရ ဇွန်လ ၁၉ ရက်ည ပြိုကျတဲ့ မြေရှားသတ္တုတွင်းဟာ ကချင်အထူးဒေသ ၁ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနဲ့သားဖြစ်သူ ဇခုန်ယိန်းဆောင်တို့သားအဖရဲ့ လုပ်ကွက်အသစ်ဖြစ်တယ်လို့သိရပြီး ညနက်သန်းခေါင်မြေပြိုတာကြောင့် ကုမ္မဏီလုပ်ကွက်ထဲရှိနေတဲ့ ထမင်းချက်သူတွေအပါအဝင် လုပ်သားအားလုံးနီးပါး မြေပြိုကျသွားတဲ့ထဲမှာပါသွားပြီဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • 19 June
    သတင်း

    နန်းယွန်းမြို့နယ်မှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေ

    စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်ထဲမှာ ရာသီတုပ်ကွေးအဖြစ်များနေပြီး…

    Read More »
  • 19 June
    သတင်း

    ဖားကန့်ဒေသ KIO ဖွင့်လှစ်ထားတဲ့ ကျောင်းတွေမှာ ကျောင်းဆရာ၊ ဆရာမ လုံလောက်မှုမရှိဖြစ်နေ

    ဖားကန့်မြို့နယ်ထဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်…

    Read More »
  • 19 June
    သတင်း

    အကျဲ- ဖရောရွာချင်းဆက်လမ်းဖြတ်တောက်လိုက်တဲ့နောက် စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားတာတွေစတင်လာ

    မြစ်ကြီးနားမြို့နယ် အကျဲရွာနဲ့ ဖရောရွာ ဆက်သွယ်ထားတဲ့လမ်းကို စစ်တပ်ဘက်က မြေကျင်းတူးပြီး လမ်းဖြတ်တောက်လိုက်တဲ့နောက် ဇွန်လ ၁၈ ရက်နေ့ကစပြီး စစ်ရေးလှုပ်ရှားတာတွေစတင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း အာကျဲနဲ့ဖရောရွာချင်းစပ်လမ်းကို စစ်ကောင်စီတပ်က ဘက်ဖိုးမြေကျင်းတူးပြီး ဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ တစ်ခြားလမ်းကိုကွေ့ရှောင်ပြီး ခက်ခက်ခဲခဲသွားလာနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။  “ရွာသားတွေရဲ့ အဓိကသွားလမ်းဖြစ်တယ် အောက်ဘက် မြစ်ကမ်းဘေးတစ်လျှောက်မှာ ခြံတွေလုပ်တော့ ခြံသွား အလုပ်သွားအဓိကလမ်း ဖြစ်တယ်။ တာလောကြီး–ဟိုကပ်ဘက်ကို အမြဲသွားလာပြီး အရောင်းအဝယ်လုပ်နဲ့ အသက်မွေးဝမ်းကျောင်းအတွက် အဓိကအသုံးပြုနေတဲ့လမ်းဖြစ်တယ်။ ဒါကြောင့် ဒီလမ်းကို တူးဖော် ဖြတ်တောက်လိုက်တော့ အခက်ကြုံသွားတာပေါ့”လို့ပြောပါတယ်။…

    Read More »
  • 19 June
    သတင်း

    ပူတာအို – နောင်မွန်ကားလမ်းပိုင်းပျက်စီးနေတဲ့အတွက် ဒေသခံတွေ သွားလာရေးခက်ခဲ

    ကချင်ပြည်နယ် ပူတာအိုမြို့နယ်နဲ့ နောင်မွန်မြို့နယ်ကိုဆက်သွယ်ပေးထားတဲ့ ကားလမ်းပိုင်းမှာမြေပြို‌နေတာကြောင့်ဒေသခံတွေသွားလာရေးခက်ခဲနေတယ်လို့…

    Read More »
  • 19 June
    မူးယစ်ဆေးဝါး

    ဝိုင်းမော် စာသင်ကျောင်းတဝိုက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ဖမ်းဆီးအရေးယူပေးဖို့ဒေသခံတွေတောင်းဆို

    ကချင်ပြည်နယ် ဝိုင်းမော်မြို့ အထက (၁) စာသင်ကျောင်းနားမှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေပိုဆိုးရွားလာနေတာကြောင့် အမြန်ဆုံးဖမ်းဆီးအရေးယူပေးကြဖို့ ဒေသခံတွေကတောင်းဆိုနေကြပါတယ်။ ဝိုင်းမော်မြို့ရဲ့အခြေခံပညာအထက်တန်းကျောင်းဖြစ်တဲ့ အထက (၁) ကျောင်းဟာ မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ ရပ်ကွက်(၂) မှာရှိပြီး ကျောင်းရဲ့ဘေးပတ်ပတ်လည်လမ်းတွေမှာ   မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲတဲ့သူတွေ အုပ်စုလိုက် ၅ ဦးကနေ ၁၀ ဦးဝန်းကျင်ထိ နေ့တိုင်း လာရောက်သုံးစွဲနေကြတယ်လို့ သိရပါတယ်။ အခုလို ကျောင်းရဲ့လမ်းဘေးဝဲယာမှာ မူးယစ်ဆေးဝါးပေါ်ပေါ်တင်တင်ရောင်းဝယ်သုံးစွဲနေကြတာတွေကြောင့် ကျောင်းသားမိဘတွေအနေနဲ့ ကလေးတွေအနာဂတ်စိုးရိမ်မိတယ်လို့ မိဘတစ်ဦးက ခုလိုပြောပါတယ်။ “ကျွန်တော်တို့ကတော့ အရမ်းစိတ်မကောင်းဘူးပေးဘူးဗျ ကလေးတွေရဲ့ ကျောင်းပတ်လည်မှာရှိနေကြတာဆိုတော့ ကလေးတွေကအမြင်မဆန်းဖြစ်နေတာပေါ့ အတုမြင် အမြင်တတ်ဖြစ်မှာကို စိုးရိမ်တယ်”လို့ ဆိုပါတယ်။…

    Read More »
  • 19 June
    သတင်း

    ဝါးရှောင် စစ်ရှောင်ပြည်သူတွေ  ငှက်ဖျားရောဂါဖြစ်နေပြီး ဆေးဝါးအကူညီလိုအပ်နေ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာဒေသခံပြည်သူတွေ  ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီအရေးပေါ်လိုအပ်နေတယ်လို့ ဝါရှောင်ဒေသခံပြည်သူတွေက ပြောပါတယ်။ ဝိုင်းမော်– ဆဒုံး– ချီဖွေသွားလမ်းမပေါ် ၁၃ မိုင်ဂိတ်နဲ့အနီးဆုံးမှာရှိတဲ့ ဝါရှောင်ကျေးရွာ ပြည်သူတွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကစပြီး တောတောင်တွေနဲ့ နီးစပ်ရာနေရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြတာ ဖြစ်ပါတယ်။ တောတောင်တွေမှာ ခက်ခက်ခဲခဲထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ နေရာထိုင်ခင်းမလုံလောက်မှု၊ အမိုးအကာမလုံလောက်တာတွေရှိနေတာကြောင့် ငှက်ဖျားရောဂါတွေလည်း အဖြစ်များနေတယ်လို့ စစ်ရှောင်ပြည်သူတစ်ဦးကခုလိုပြောပါတယ်။…

    Read More »
Back to top button