KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Jun- 2024 -
    3 June
    သတင်း

    ပူတာအိိုမှာ ဗလာစာအုပ်တစ်ဒါဇင် ကျပ် ၄၀၀၀၀ ကျော်အထိစျေးတက်

    ကချင်ပြည်နယ် ပူတာအိုမြို့မှာ ဗလာစာအုပ်တစ်ဒါဇင်ကျပ် ၄၀၀၀၀…

    Read More »
  • 3 June
    သတင်း

    ရွှေကူ တိုက်နယ်ဆေးရုံလေကြောင်းတိုက် ခိုက်ခံရမှုမှာ ကလေးတစ်ဦးသေဆုံး၊ အရပ်သား ၇ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ရွှေကူမြို့နယ်က မြို့ကုန်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ်က…

    Read More »
  • 3 June
    သတင်း

    ပူတာအိုမှာ CB ဘဏ်ပိတ်ထားလို့ ငွေထုတ်၊ငွေသွင်းအခက်အခဲဖြစ်နေ

    ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်က တစ်ခုတည်းသော ပုဂ္ဂလိကဘဏ်ဖြစ်တဲ့ …

    Read More »
  • May- 2024 -
    30 May
    ဆောင်းပါး

    တရားဝင်ရောင်းဝယ်သုံးစွဲခွင့်ရနေတဲ့ ရမ်ပူရပ်ကွက် မူးယစ်ဈေးတန်း

    ရမ်ပူရပ်ကွက်ဟာ မြစ်ကြီးနားမြို့စျေးကြီးနဲ့ ၁၅ မိနစ်ခန့်သာဝေးတဲ့ မြို့ပေါ်ရပ်ကွက်လို့ပြောလို့ရတဲ့ ရပ်ကွက်တစ်ခုဖြစ်ပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်တဲ့နေရာတွေထဲမှာ အဆိုးဆုံးနေရာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေကလည်းမူးယစ်ဆေးဝါးရောင်းဝယ်နေသူတွေကိ သိသိရက်နဲ့ ဥပက္ခာပြုနေတဲ့ ရပ်ကွက်ဖြစ်ပါတယ်။

    Read More »
  • 30 May
    သတင်း

    မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေမြင့်တက်လာလို့ လူဦးရေ ၄၀၀ ကျော် ညတွင်းချင်းနေရာရွှေ့ပြောင်းရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေမြင့်တက်လာတဲ့အတွက် မြို့ပေါ်ကမြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်နေလို့ နေအိမ်တစ်ချို့ဘေးလွှတ်ရာကိုရွှေ့ပြောင်းနေရတယ်လို့ လူမှုကူညီရေးအသင်း အဖွဲ့တွေဆီကသိရပါတယ်။ ဧရာဝတီမြစ်ရေဟာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကစလို့တစ်ဖြည်းဖြည်းမြင့်တက်နေတာဖြစ်ပြီး မနေ့ကညပိုင်း ၁၀ နာရီလောက်မှာတော့ ရေတက်နှုန်းမြန်လာတဲ့အတွက် ညတွင်းချင်းဒေသခံတွေနေရာပြောင်းရွှေ့ခဲ့ရတယ်လို့ ဧရာဝတီဂရုဏာအခမဲ့လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ “ရွှေ့ပြောင်းရတာကတော့ လူနေအိမ်တော်တော်များတယ် လူအရေအတွက်က ၄၀၀ လောက်ရှိတယ်/ ဒီရပ်ကွက်တွေက မြေနိမ့်ပိုင်းတွေ ကျနော်တို့စကယ်တုန်းက ခါးလောက်ရှိတယ်အဲ့ဒီကနေ ရင်ဘတ်လောက် ထိရောက်လာတာ “ လို့ပြောပါတယ်။ ဧရာဝတီဂရုဏာလူမှုကူညီရေးအသင်းအဖွဲ့အပါအဝင် မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတော် တော်များများကညတွင်းချင်းကယ်ဆယ်ရေးတွေလုပ်ခဲ့ရပြီး ၅ နာရီကြာကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရတယ် လို့သိရပါတယ်။…

    Read More »
  • 30 May
    သတင်း

    KIA က ရွှေလီမြစ်ဝှမ်းတစ်ကြောကိို တပ်မဟာ (၁၁) သတ်မှတ်ဖွဲ့စည်း

    ကချင် နဲ့ ရှမ်းအစပ်မှာရှိတဲ့ ရွှေလီမြစ်ဝှမ်း(N-mau Hka) တစ်ကြော ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို  KIA တပ်မဟာ ၁၁ နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်ပြီလို့ KIA…

    Read More »
  • 29 May
    သတင်း

    လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီးမြေပြိုမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွား

    စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံကာမြေပြိုကျမှုကြောင့် လူနေအိမ် ၆ လုံးထက်မနည်းရေထဲမျောပါသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ လဟယ်မြို့မှာ မေလ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ၄ ရက်ဆက်တိုက်မိုးသည်းထန်စွာရွာသွန်းခဲ့တယ်လို့ သိရပြီး မြို့အဝင်မှာရှိတဲ့ ချလွေချောင်းရေကြီးကာ တောင်ပြိုတာတွေကြောင့် လူနေအိမ် ၆ လုံးထက်မနည်းမျောပါသွားတယ်လို့ လဟယ်မြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “မိုးက ၄ ရက်ဆက်တိုက်လုံးဝမနားဘူး ရွာတယ် ချလွေချောင်းကမြို့အဝင်မှာရှိတာ အဲ့ချောင်းကရေ အရမ်းကြီးတော့မြေတွေလည်းပြိုကျလာတာ ချောင်းနဲ့နီးတဲ့ရပ်ကွက်ထဲကတော့အိမ်ခြောက်လုံးပျက်စီးသွားတယ်။ တစ်ချို့အိမ်တွေမျောသွားတယ် မီးဖိုချောင်တွေလည်းပါသွားတယ်လူနေအိမ်ကြီးပဲက ခြောက်လုံးပါသွားတယ်”လို့သူကပြောပါတယ်။ အဲ့ဒီရေကြိီးရေလျှံမှုဟာမနေ့က မေလ ၂၈ ရက်နေ့မှာဖြစ်သွားတာဖြစ်ပြီး လဟယ်မြို့ တိုးချဲ့ရပ်ကွက် နယ်မြေ ၂ ထဲက လူနေအိမ် ၆ လုံးနဲ့ မီးဖိုချောင်တွေပျက်စီးသွားတဲ့အပြင် အိမ်မွေးတိရိစ္ဆာရန်တွေလည်းအများအပြားရေထဲပါသွားတယ်လို့သိရပါတယ်။…

    Read More »
  • 29 May
    သတင်း

    ဗန်းမော် – မန္တလေးကားလမ်းမကြီးအပြင် အခြေခံစားသောက်ကုန်အဓိက သယ်ယူတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်

    ဗန်းမော် – မန္တလေးကားလမ်းမကြီးပိတ်လိုက်တဲ့နောက် ကုန်စည်ပစ္စည်းအဓိသယ်ယူနေကြတဲ့ ရေလမ်းကြောင်းလည်းထပ်ပိတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးအခြေအနေကြောင့် ဗန်းမော်မြို့– မန္တလေးသွားတဲ့ ကားလမ်းကြီးပိတ်ထားတာ ခုဆိုရင် ၂ ပတ်ကျော်ကြာမြင့်လာချိန် ဗန်းမော်ဒေသခံတွေဟာ အခြေခံကုန်စည်ပစ္စည်းတွေကို ဗန်းမော်ကနေ ကောင်းတုံကျေးရွာထိစက်လှေနဲ့ သွားပြီး ရွှေကူ၊ကသာဘက်ကတစ်ဆင့် ကုန်ပစ္စည်းတွေကိုတင်သွင်းယူနေကြတာ ဖြစ်ပါတယ်။…

    Read More »
  • 29 May
    သတင်း

    ဒုဗိုလ်ချုပ်ကြီး ဝမ်းခန့်အောင်ဆိုင်းလာ(Wang Hkang Aung Seng La) စစ်ဦးစီးချုပ်ဖြစ်လာ

    ကချင်လွတ်လပ်ရေးတပ်မတော် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ရုတ်ချောင်ခေါင်လွမ်း(Qukhkyawng Hkawng Lum) ကွယ်လွန်သွားပြီးနောက် စစ်ဦးစီးချုပ်တာဝန်ကို ဒု–စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ဝမ်းခန့်အောင်ဆိုင်းလာ (WangHkang…

    Read More »
  • 29 May
    သတင်း

    ဝိုင်းမော်မြို့နယ်က စစ်ရှောင်ပြည်သူများ ဆေးဝါးနဲ့အမိုးအကာ အကူညီလိုအပ်နေ

    ဝိုင်းမော်မြို့နယ်ထဲက  စစ်ဘေးရှောင်ပြည်သူများ  စားနပ်ရိက္ခာတွေပြတ်လပ်လုနီးပါးဖြစ်နေတဲ့အပြင် ဆေးဝါးနဲ့အမိုးအကာတွေလည်း အရေးပေါ်အကူညီလိုအပ်နေတယ်လို့ စစ်ရှောင်ပြည်သူတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်တွေရဲ့စခန်းသိမ်းတိုက်ပွဲစတင်လာတဲ့ချိန်ကနေ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ အောင်မြေ(၁)၊ အောင်မြေ(၂)၊ရွှေညောင်ပင်ကျေးရွာအပါအဝင် နောက်ထပ် မေလ ၂၁ ရက်နေ့ကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝူယန်နဲ့ ခကွမ်၊ နမ့်ဝါ၊ လမြန်စတဲ့ ကျေးရွာတစ်လျှေက်ပြည်သူတွေဟာ မုတ်ကျိတ်(MUK Chyik)၊ နောင်ခယူး (Nawng Hkyu)၊ဒိန်ဂျာယန်(Ding…

    Read More »
Back to top button