-
Feb- 2026 -20 Februaryသတင်း
မရှီကထောင်စစ်ရှောင်တွေ အိမ်တွင်းပစ္စည်းသယ်ယူဖို့ စစ်တပ်ငြင်းဆန်
တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထားတဲ့ ဖားကန့် မရှီကထောင်ကျေးရွာနေပြည်သူတွေ…
Read More » -
20 Februaryသတင်း
တနိုင်းမှာ ရေခဲငါးတစ်ပိဿာ ငါးသောင်းကျပ် အထိစျေးမြင့်တက်
ရွှေဘို–မြစ်ကြီးနားကားလမ်းပိုင်းပိတ်သွားတဲ့နောက် တနိုင်းမြို့မှာ ရေခဲငါးတစ်ပိဿာ ကျပ် ၅၀၀၀၀ (ငါးသောင်း) အထိစျေးမြင့်တက်နေတယ်လို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစပြီး ရွှေဘို–မြစ်ကြီးနားကားလမ်းပိတ်သွားတဲ့နောက်ပိုင်း တနိုင်းမြို့ထဲအခြေခံစားသောက်ကုန်အဝင်နည်းလာသလို လက်ကျန်ရောင်းနေတဲ့ကုန်ပစ္စည်းတွေလည်း စျေးနှုန်းအဆမတန်မြင့် တဲ့အပြင် တစ်ခြားသောအခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့ပြတ်လပ်တာတွေကြုံနေရတယ်လို့ တနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။ “အရင်ကတော့ ရေခဲငါးတပိဿာ ကျပ် ၃၀၀၀၀ (သုံးသောင်း)၊၅၀၀၀၀ (ငါးသောင်း) ကျပ်အထိစျေးမြင့်တက်စျေးတက်တာမကြာသေးဘူး။ လမ်းပိုင်းပိတ်တဲ့နောက်ပိုင်းမှတက်တာ ဆားလည်းတထုပ်ကို နှစ်ထောင့်ငါးရာဖြစ်သွားပြီ”လို့ ပြောပါတယ်။…
Read More » -
20 Februaryသတင်း
ကသာ-ထီးချိုင့်အစပ် PDF ဂိတ်တိုက်ခိုက်ခံရ
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်ထဲက ကျောက်ပုံကျေးရွာ PDF ဂိတ် စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့…
Read More » -
19 Februaryဆောင်းပါး
၃၈ မိုင်မြစ်ရိုးပေါ်က ရွှေတူးဖော်မှုနဲ့အာဏာဆက်စပ်မှု
ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမြို့၏ အထင်ကရ…
Read More » -
18 Februaryသတင်း
ပူတာအိုခရိုင်တွင်း ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝ ထိခိုက်နေ
ပူတာအိုခရိုင်အတွင်း ရွှေတူးဖော်မှုပိုများလာတဲ့အတွက် သဘာ၀ပတ်ဝန်းကျင်ပျက်စီးတာအပြင် လူနေမှုဘ၀လည်း များစွာထိခိုက်လာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလအတွင်း ပူတာအိုခရိုင်ရှိ မြို့နယ် ၄ ခုလုံးမှာ ရွှေဖော်မှုတွေ သိသိသာသာတိုးများလာတယ်လို့ သိရပြီး…
Read More » -
18 Februaryစစ်ရေး
ငါးဘတ်ဝရွာထဲဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်း အမြန်ထွက်ခွာဖို့ KIA ပူးပေါင်းတပ် သတိပေးထား
ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ငဘတ်ဝကျေးရွာထဲစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့ ရွာကနေအမြန်ထွက်ခွာပေးကြဖို့ KIA ပူးပေါင်းတပ် သတိပေးထားတယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်သေူတွဆီကနေ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်အင်အား ၃၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်း ရွှေကူမြို့ အနီးက ငါးဘတ်ဝကျေးရွာထဲဝင်ရောက်လာတာဖြစ်တယ်လို့ ရွှေကူဒေသခံအမျီုးသားတစ်ဦး KNG ကိုပြောပါတယ်။ “မနေ့ညပိုင်းကနေဝင်လာတာ အခုထိရှိနေတုန်းပဲ အင်အားသုံးဆယ်ကျော်တယ် အခြေနေကတော့စောင့်ကြည့်နေတုန်းတိုက်ပွဲဖြစ်တာတော့မရှိသေးဘူး ရွာသားတွေထွက်ပြေးချိန်မရလိုက်ဘူးအခုရွာသားတွေကိုလည်းပိတ်ဆို့ထားတယ်။ သူတို့စစ်သားတွေလည်းရွာထဲမှာပဲတပ်ချထားတယ်ခုထိပဲ”လို့သူကပြောပါတယ်။…
Read More » -
17 Februaryလူ့အခွင့်အရေးချိုးဖောက်မှု
မရှီကထောင်မှာ စစ်တပ်က နေအိမ်ဖောက်ထွင်းပြီး စက်ပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေ ခိုးယူနေ
ဖားကန့် ၊ မရှီကထောင်ကျေးရွာ အနောက်ဘက်ခြမ်း ဆုတောင်းကုန်းအနီးတဝိုက်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက လူမရှိတဲ့ လူနေအိမ်တွေကို ဖောက်ထွင်းပြီး တန်းဖိုးရှိအိမ်တွင်းပစ္စည်းနဲ့ ကျောက်စိမ်းတုံးတွေကို ခိုးယူတာတွေလုပ်နေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြောင့် မရှီကထောင် ဆုတောင်းကုန်းအနီးတဝိုက်နေထိုင်တဲ့ အိမ်ထောင်စု ၅၀ ခန့်က စစ်ဘေးတိမ်းရှောင်သွားပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်က ခိုးယူမှုတွေ လုပ်နေတယ်လို့ အိမ်တွင်းပစ္စည်းခိုးယူခံနေရတဲ့ မရှီကထောင်ရပ်ကွက်က အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “မရှီကထောင်အနောက်ခြမ်းလို့ပြောရမှာပေါ့ ဆုတောင်းကုန်းခြေရင်းတစ်ကြောမှာနေထိုင်တဲ့ အိမ်တွင်းပစ္စည်းတွေ ကြိုက်သလို ထုတ်ယူနေကြတယ်။ ကျွန်မသားကြီးရဲ့ အိမ်က ကျောက်စိမ်းတုံးတွေလည်း တန်ချိန်ကျော်ရှိတဲ့ ကျောက်စိမ်းတွေ မနေ့က မိုးချုပ်တဲ့အထိ သယ်ထုတ်သွားကြတယ်တဲ့။ အိမ်တွင်းပစ္စည်းတွေကလည်း အပေါ်ထပ်အောက်ထပ် ဝင်ယူသွားကြတယ်။ ဘယ်လိုမကောင်းဆိုးဝါးတွေလဲမသိဘူး။ ကျွန်မတို့ ပစ္စည်းပြန်ယူဖို့ဆိုရင်လည်း လမ်းတွေအကုန်ပိတ်လိုက်တယ်”လို့ပြောပါတယ်။ လက်ရှိ မရှီကထောင်ကျေးရွာမှာ မိသားစုဝင်တစ်ခုထဲ နေအိမ်…
Read More » -
17 Februaryသတင်း
စစ်အာသိမ်းနောက်ပိုင်း ပူတာအိုဒေသမှာ KTV နဲ့ Bar တဖြေးဖြေးများလာ
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ စစ်အာဏာသိမ်းနောက်ပိုင်း KTVနဲ့…
Read More » -
17 Februaryသတင်း
ကုဋေမှော် မြေစာကန်ပြိုကျ၊ ရေမဆေးသမား ၁၀ ဦးခန့် ပျောက်ဆုံးနေဆဲ
ဖားကန့်မြို့နယ်၊ ကုဋေမှော်ရှိ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်တစ်ခုမှာ…
Read More » -
16 Februaryမြေယာနှင့် သဘာဝပတ်ဝန်းကျင်
တာပိန်မြစ်ဝမှာ တရုတ်လုပ်ငန်းရှင်တွေ ရွှေအလွန်အကျွံတူးဖော်နေ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်ထဲက တာပိန်မြစ်ဝပေါ်မှာ တရုတ်လုပ်ငန်းရှင်တွေက ရွှေအလွန်အကျွံတူးဖော်နေကြောင်းဒေသခံတွေကဆိုပါတယ်။ မိုးမောက်မြို့နဲ့ ၁၄ မိုင်အကွာရှိတဲ့ တာပိန်မြစ်ဝက ရွှေမြောင်းနဲ့ မြို့သစ်ကြားမှာ တရုတ်လုပ်ငန်းရှင်တွေကပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ကတည်းကနေ ရွှေတူးဖော်မှုတွေစတင်လုပ်ဆောင်နေတာဖြစ်ပြီးအစပိုင်းက အသေးစားရွှေတူးဖော်မှုအဆင့် ကနေ လက်ရှိမှာတော့ စက်ယန္တရားကြီးတွေနဲ့ကြီးကြီးမားမားလုပ်ဆောင်နေတယ်လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။ “စတူးတာက ၂၀၂၄ခုနှစ်စက်တင်ဘာမှာစတာအဲ့တုန်းက ရေမုန်သုံးဆိုင်းပေထွက်လေးတွေနဲ့စတူးတာ အခုနောက်ပိုင်းကမဟုတ်တော့ဘူး ဘတ်ဖိုးကြီးတွေ၊ကားကြီးတွေနဲ့တူးနေတယ် ရေအားကလည်းကောင်းတော့ နှစ်ဆယ့်လေးနာရီမရပ်မနားကိုတူးနေတာ အခုမှစတူးတဲ့နေရာတွေလည်းရှိတယ်”လို့ မိုးမောက်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ တရုတ်လုပ်ငန်းရှင်တွေဟာ တာပိန်မြစ်ဝပေါ်မှာ ၂၀၂၄ ခုနှစ်အောက်တို ဘာလကစပြီး ရေမုန်စက် သုံးဆိုင်းစတင်ရွှေတူးဖော်မှုလုပ်ဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကနေ ကတော့ မြေတူးစက်၊မြေကောစက်ကြီးတွေနဲ့ မြေသယ်ကား အများအပြားတဲ့စတင်တူးဖော်နေတာလို့ မျက်မြင်ဒေသခံတွေကဆိုပါတယ်။…
Read More »