KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Feb- 2026 -
    16 February
    သတင်း

    မြစ်ကြီးနား လေယာဉ်ကွင်းမှာ ဒရုန်းကျရောက်မှု စစ်တပ် လက်ချက်ဟု ဗိုလ်မှူးကြီးနော်ဘူ တုံ့ပြန်

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လေယာဉ်ကွင်းထဲ အသေခံဒရုန်း…

    Read More »
  • 16 February
    သတင်း

    မြစ်ကြီးနားမြို့မှာ ကုန်ပစ္စည်းနဲ့ အခြေခံဆေးဝါးတစ်ချို့ပြတ်လပ်လာ

    မြစ်ကြီးနားမြို့ရဲ့ကုန်အဝင်အထွက်လမ်းကြောင်းအားလုံး ပိတ်ခံထားရတဲ့အတွက် အခြေခံစားသောက်ကုန်တွေနဲ့ဆေးဝါးတစ်ချို့ပြတ်လပ်လာပြီလို့ မြို့ခံတွေကပြောပါတယ်။ မြစ်ကြီးနားမြို့ရဲ့အဓိက အခြေခံစားသောက်ကုန်တွေကို မြစ်ကြီးနား– မန္တလေး ဗျူဟာလမ်းမကြီးကနေဝင်လို့ရသလို မြစ်ကြီးနား– ကံပိုက်တည်လမ်းကနေလည်း ဝင်ရောက်နိုင်တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မြစ်ကြီးနား– မန္တလေး…

    Read More »
  • 16 February
    သတင်း

    နှစ်လအကြာရပ်နားထားတဲ့ တနိုင်းဒေသက ပယင်းမှော်နဲ့ရွှေမှော်တွေပြန်ဖွင့်

    တိုက်ပွဲတွေကြောင့်ရပ်နားထားရတဲ့ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ပယင်းမှော်နဲ့ရွှေမှော်တွေ ပြန်လည်ဖွင့်လှစ်နေပြီး အရပ်သားတွေအများအပြားဝင်ရောက်နေကြပြီလို့ တနိုင်းမြို့ခံတွေဆီကနေ သိရပါတယ်။

    Read More »
  • 16 February
    သတင်းphoto- ရွှေကူမြို့ရဲ့ မြို့တွင်းတစ်နရာ

    ရွှေကူအရှေ့ခြမ်း ကျေးရွာတွေမှာ အခွန်လျော့ပေါ့ပေးဖို့ပြည်သူတွေတောင်းဆို

    ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ခြမ်းဘက်ကျေးရွာတွေမှာ  KIA/KIO အနေနဲ့ အခွန်လျော့ပေါ့ကောက်ခံပေးဖို့ ဒေသခံတွေတောင်းဆိုနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး ရွှေကူအရှေ့ဘက်ခြမ်းရှိ  စီသာ၊ စီသောင်း၊ မံဝင်း၊ မံနား၊ စီမူလေး၊ စီမူကြီး၊ နန့်လတ်နှင့် နောင်လတ်ကြီးအပါအဝင် အနီးဝန်းကျင်က ရွာပေါင်း ၁၀ ကျော်က နေအိမ်ရာနဲ့ချီမီးရှို့ဖျက်ဆီးခံလိုက်တာဖြစ်ပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ဒေသခံပြည်သူတွေ နေရပ်ပြန်လည်နေထိုင်နိုင်ရေးကိုယ်ထူကိုယ်ထ ရုန်းကနေရဆဲဖြစ်တာကြောင့် အခွန်လျော့ပေ့ါ့ကောက်ပေးဖို့ စီသောင်းရွာအမျိုးသားတစ်ဦး ပြောပါတယ်။…

    Read More »
  • 16 February
    စစ်ပြေးဒုက္ခသည်များ

    အူရိမုန်ရာယန်ရွာ လက်နက်ကြီးကျ၊ ဒေသခံများ စတင်တိမ်းရှောင်

    ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မှန်ပြတောင်အနီးရှိ အူရိမုန်ရာယန်ကျေးရွာဘက်မှာ…

    Read More »
  • 14 February
    စစ်ပြေးဒုက္ခသည်များ

    တိုက်ပွဲနယ်မြေနဲ့ထိစပ် မရှီကထောင်အပါ ကျေးရွာ ၃ ခုခန့်က စစ်ဘေးတိမ်းရှောင်နေရ

    တိုက်ပွဲဖြစ်နေတဲ့ ဖားကန့် ၊ မရှီကထောင်အနောက်ဘက်ခြမ်းမှာ နှစ်ဖက်စစ်တပ်အကြား စစ်ရေးတင်းမာမှုဆက်ဖြစ်နေသလို အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲနယ်မြေနဲ့ထိစပ်တဲ့ မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ် ကျေးရွာနေပြည်သူတွေ ဘေးလွတ်ရာကို စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ကစတင်ပြီး ဖားကန့် ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာဘက်ကို စစ်ရေးဗျူဟာ ဦးတည်လာပြီး မရှီကထောင်၊ ထုံးဘိုနဲ့ ဂျမ်ဂတ်လမ်းကြောင်းကို အသုံးပြုကာ စစ်ကြောင်းထိုးဝင်ရောက်လာတာ…

    Read More »
  • 13 February
    စစ်ပြေးဒုက္ခသည်များ

    အင်း‌တော်ကြီးဒေသက စစ်ရှောင်ပြည်သူ တစ်ထောင်အတွက် စားနပ်ရိက္ခာအကူအညီလိုအပ်

    ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာ တိမ်းရှောင်နေကြတဲ့ အင်းတော်ကြီးဒေသက…

    Read More »
  • 13 February
    လူ့အခွင့်အရေးချိုးဖောက်မှု ဆောင်းပါး

    ဖားကန့်မှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ အသက်မပြည့်သေးတဲ့ ကလေးငယ် ၄ ဦးထိခိုက်ပြီး တစ်ဦးသေဆုံး

    ဖားကန့် မော်ဝမ်းကြီးကျေးရွာအနီး ရှရော်ခ၊ တောင်ပြိုကျေးရွာမှာ မြေမြှုပ်မိုင်းဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်ပြီး ကလေးငယ်တစ်ဦးသေဆုံး၊ နောက်ထပ် ၃ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိထားတယ်လို့ ဖားကန့်မှာ နေထိုင်သူတွေ ပြောပါတယ်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၃ ရက် ဒီကနေ့ မနက်ပိုင်း ၈ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဖားကန့်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြောပါတယ်။ “ကလေးငယ်တွေ သေဆုံးတဲ့ ကိစ္စက တောင်ပြိုမှာ ဖြစ်သွားတာဟုတ်တယ်။ တွေ့ရှိတဲ့သူတွေ ပြောသလောက်ဆိုရင် ကလေးတွေက မြေမြှုပ်မိုင်းကို ကျောက်ခဲနဲ့ သွားထုရင်း ဆော့နေကြတယ်လို့ ပြောတယ်။ အဲဒီနေရာကလည်း လက်ရှိ စစ်ရေးတင်းမာနေတဲ့ ရှေ့တန်းနယ်မြေဖြစ်တယ်။ ကလေးတွေ အဲဘက်ဘယ်လို ရောက်သွားကြလဲ မသိဘူး” လို့ ပြောပါတယ်။…

    Read More »
  • 13 February
    သတင်း

    ဗျူဟာလမ်းမပေါ်က တိုက်ပွဲကြောင့် မန္တလေး-မြစ်ကြီးနား ခရီးစဉ်ကြန့်ကြာမှုရှိနေ

    မြစ်ကြီးနား–မန္တလေး ဗျူဟာလမ်းမပေါ်က ကန့်ဘလူခရိုင်ထဲမှာ နှစ်ဖက်တပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ခရီးသွားတွေကွင်းလမ်းအသုံးပြုသွားလာနေရတဲ့အတွက် ခရီးစဉ် ၃ ညအိပ် ၄ ရက် ခရီးနှင်နေရတယ်လို့ ကားသမားတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစလို့ ကန့်ဘလူခရိုင်ထဲမှာ အမျိုးသားညီညွှတ်ရေးအစိုးရ လက်အောက်ခံ PDF၊ ပကဖ နဲ့  အာရက္ခတပ်တော် AA ပူးပေါင်းတပ် တွေဟာ စုပေါင်းစစ်ဆင်ရေးလုပ်ဆောင်နေတာလို့ အမှတ် ၁ စစ်ဒေသကထုတ်ပြန်ထားပါ တယ်။ ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ စစ်ကိုင်းကချင်အစပ်ကဒေသခံအမျိုးသားတစ်ဦးက“လုံခြုံရေးစိုးရိမ်ချက်ဆိုတာထက် ကျောက်တန်းမှာကလည်းစစ်ကောင်စီတပ်တွေကစိုးမိုးသွားတယ်။ အဲ့ဘက်ကလည်း တိုက်ပွဲ ကအချိန်မရွေးဖြစ်နိုင်တယ်။ စစ်ဒေသကလည်းထုတ်ပြန်ထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကကို တိုက်ပွဲတွေကဆက်ဖြစ်နေတာ အဲ့လမ်းပိုင်းမှာ။ ဒါ့ကြောင့် တိုက်ပွဲမှာပြည်သူကြားညှပ်မှာစိုးလို့ ပိတ်ခိုင်းတာလို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် အမှတ် ၁ စစ်ဒေသရဲ့ထုတ်ပြန်ချက်အရ ကန့်ဘလူနယ်၊ ကောလင်းနယ်ထဲက မြစ်ကြီးနား–မန္တလေးဗျူဟာလမ်းမပေါ်မှာရှိတဲ့ စစ်ကော်မရှင်အထိုင်ဂိတ်တွေကို အထက်ပါပူးပေါင်းတပ်တွေကတိုက်ခိုက်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ အထိကို နှစ်ဖက်တပ်တွေတိုက်ပွဲပြင်းထန်ခဲ့ကြတာဖြစ်ပါတယ်။…

    Read More »
  • 13 February
    သတင်း

    မြစ်ကြီးနားမှာ Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရ

    ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ လျှပ်စစ်မီးကြိုးခိုးယူခံရတဲ့ဖြစ်စဉ် ခပ်စိပ်စိပ်ဖြစ်လာနေပြီး Transformer စက်ကြီးက မီးကြိုးကြီးပါမကျန်ခိုးယူခံနေရတယ်လို့ မြစ်ကြီးနားဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။ လက်ရှိ KNG စုံးစမ်းရရှိထားချက်အရ ဖေဖော်ဝါရီလ ပထမတစ်ပတ်ကျော်အတွင်း လျှစ်စစ်မီးကြိုးခိုးခံရတဲ့ဖြစ်စဉ် ၃ ခုကြိမ်ထိဖြစ်ခဲ့ပြီး လယ်ကုန်း၊ ဇီးလွန်၊ ကွက်သစ်ဘက်မှာ အဆိုးဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပထမဖြစ်စဉ်မှာ ဖေဖော်ဝါရီ ပထမအပတ် လယ်ကုန်း၊ဇီးလွန်၊ကွက်သစ်ရပ်ကွက်ရှိ အိမ်ခြေအများစုကို မီးကြိုးသွယ်ပေးတဲ့ Transformer စက်ကြီးကနေ မီးကြိုးကြီးတွေအားလုံးကို ဖြုတ်ခိုးခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေပြာပါတယ်။…

    Read More »
Back to top button